[Zawgyi]

မိန္းကေလးေတြအေနနဲ႔ အသားအေရထိန္းသိမ္းတဲ့ အဆင့္ေတြမွာ ေခ်းခၽြတ္တာကလည္း မပါမျဖစ္ပါပဲ။ Scrub လုပ္ေပးတာက ဆဲလ္ေသေတြ ကြာက်ေစျပီး အသားအေရကို ေခ်ာေမြ႕ေစပါတယ္။ စိတ္ဖိစီးမႈကိုလည္းေလွ်ာ့က်ေပးႏုိင္ပါတယ္။ Scrub ေတြကို ဆုိင္မွာ တကူးတက သြားစရာမလိုဘဲ အိမ္မွာလည္း ကိုယ္တုိင္ျပဳလုပ္ႏုိင္ပါတယ္။ ျပဳလုပ္ပံုေတြက လြယ္ကူလြန္းတာေၾကာင့္ ပ်ိဳေမတို႔ အတြက္ အသံုးဝင္မွာပါ။ ပ်ိဳေမတို႔အတြက္ အေကာင္းဆံုး DIY Scrub ျပဳလုပ္နည္းေတြကေတာ့-

၁။ ေကာ္ဖီ Body Scrub

ေကာ္ဖီမႈန္႔မွာပါတဲ့ ကဖင္းဓာတ္က အဆီ Cellulite ေတြကို ဖယ္ရွားေပးပါတယ္။ ဒီ Scrub မွာလိုအပ္တဲ့ပစၥည္းေတြကေတာ့ – ေကာ္ဖီမႈန္႔ ခြက္ဝက္၊ ေရေႏြး ၂ ဇြန္း၊ အုန္းဆီ တစ္ဇြန္းတို႔ျဖစ္ပါတယ္။ ပါဝင္ပစၥည္းေတြကို ေရာျပီးေနာက္ ခြက္တစ္ခြက္ထဲ သိမ္းထားပါ။ ဒါကို ပံုမွန္သံုးေပးႏိုင္ပါတယ္။

၂။ သၾကားညိဳ Body Scrub

ဒီနည္းလမ္းကေတာ့ ကိုယ့္အိမ္မွာရွိတဲ့ ပါဝင္ပစၥည္းေတြကိုပဲ အသံုးျပဳထားတာေၾကာင့္ပိုလြယ္ပါေသးတယ္။ စစသံုးခ်င္းကေတာ့ သၾကားေၾကာင့္ ေစးကပ္ကပ္ျဖစ္ေနမွာပါ။ ဒါေပမဲ့ ေရနဲ႔ေဆးခ်လုိက္တဲ့အခ်ိန္ အဆင္ေျပသြားမွာပါ။ ပါဝင္ပစၥည္းေတြကေတာ့ သၾကားညိဳခြက္ဝက္၊ သံလြင္ဆီ အနည္းငယ္ျဖစ္ပါတယ္။ သံလြင္ဆီကို ကိုယ္သံုးတဲ့ သၾကားပမာဏကိုၾကည့္ျပီး ခ်ိန္ထည့္ေပးပါ။ ဒီ Scrub ထဲကို Essential Oil လည္းထည့္ႏုိ္င္ပါေသးတယ္။

၃။ ပင္လယ္ဆား Body Scrub

ဆားက ပိုးသတ္ေပးတဲ့အာနိသင္ရွိပါတယ္။ ဒါ့အျပင္ အေရျပားရဲ႕ သဘာဝပစၥည္းေတြကိုလည္း ထိန္းသိမ္းေပးပါတယ္။ ဆားအမႈန္႔ေသးေသးေလးေတြက ပိုသင့္ေတာ္ပါတယ္။ ပါဝင္ပစၥည္းေတြကေတာ့ ပင္လယ္ဆားခြက္ဝက္နဲ႔ သံလြင္ဆီပါ။ Essential Oil ကိုလည္း ထည့္ႏုိင္ပါေသးတယ္။

၄။ ပ်ားရည္နဲ႔သၾကား Body Scrub

ပ်ားရည္က အေရျပားကို စိုေျပေစျပီး ဘတ္တီးရီးယားေတြကို ေသေစပါတယ္။ အေရျပားကို ျပန္ျပဳျပင္ေပးပါတယ္။ ပါဝင္ပစၥည္းေတြကေတာ့ သၾကားညိဳ ခြက္ဝက္၊ အုန္းဆီ အနည္းငယ္၊ ပ်ားရည္ႏွစ္ဇြန္းျဖစ္ပါတယ္။ အသံုးျပဳျပီးေနာက္ ေသခ်ာေဆးေၾကာေပးပါ။

Body Scrub အသံုးျပဳပံု

ေခ်းခၽြတ္တာကို ခဏခဏေတာ့မလုပ္သင့္ပါဘူး။ ဒီလိုလုပ္တာက အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ တစ္ပတ္မွာ ႏွစ္ၾကိမ္အမ်ားဆံုးျပဳလုပ္ေပးပါ။ Body Scrub ကိုေရခ်ိဳးတဲ့အခ်ိန္ အသံုးျပဳႏုိင္ပါတယ္။ Scrub တုိက္တာက ေသြးလည္ပတ္မႈအတြက္ ေကာင္းပါတယ္။

[Unicode]

မိန်းကလေးတွေအနေနဲ့ အသားအရေထိန်းသိမ်းတဲ့ အဆင့်တွေမှာ ချေးချွတ်တာကလည်း မပါမဖြစ်ပါပဲ။ Scrub လုပ်ပေးတာက ဆဲလ်သေတွေ ကွာကျစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ စိတ်ဖိစီးမှုကိုလည်းလျှော့ကျပေးနိုင်ပါတယ်။ Scrub တွေကို ဆိုင်မှာ တကူးတက သွားစရာမလိုဘဲ အိမ်မှာလည်း ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ပုံတွေက လွယ်ကူလွန်းတာကြောင့် ပျိုမေတို့ အတွက် အသုံးဝင်မှာပါ။ ပျိုမေတို့အတွက် အကောင်းဆုံး DIY Scrub ပြုလုပ်နည်းတွေကတော့-

၁။ ကော်ဖီ Body Scrub

ကော်ဖီမှုန့်မှာပါတဲ့ ကဖင်းဓာတ်က အဆီ Cellulite တွေကို ဖယ်ရှားပေးပါတယ်။ ဒီ Scrub မှာလိုအပ်တဲ့ပစ္စည်းတွေကတော့ – ကော်ဖီမှုန့် ခွက်ဝက်၊ ရေနွေး ၂ ဇွန်း၊ အုန်းဆီ တစ်ဇွန်းတို့ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် ခွက်တစ်ခွက်ထဲ သိမ်းထားပါ။ ဒါကို ပုံမှန်သုံးပေးနိုင်ပါတယ်။

၂။ သကြားညို Body Scrub

ဒီနည်းလမ်းကတော့ ကိုယ့်အိမ်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာကြောင့်ပိုလွယ်ပါသေးတယ်။ စစသုံးချင်းကတော့ သကြားကြောင့် စေးကပ်ကပ်ဖြစ်နေမှာပါ။ ဒါပေမဲ့ ရေနဲ့ဆေးချလိုက်တဲ့အချိန် အဆင်ပြေသွားမှာပါ။ ပါဝင်ပစ္စည်းတွေကတော့ သကြားညိုခွက်ဝက်၊ သံလွင်ဆီ အနည်းငယ်ဖြစ်ပါတယ်။ သံလွင်ဆီကို ကိုယ်သုံးတဲ့ သကြားပမာဏကိုကြည့်ပြီး ချိန်ထည့်ပေးပါ။ ဒီ Scrub ထဲကို Essential Oil လည်းထည့်နို်င်ပါသေးတယ်။

၃။ ပင်လယ်ဆား Body Scrub

ဆားက ပိုးသတ်ပေးတဲ့အာနိသင်ရှိပါတယ်။ ဒါ့အပြင် အရေပြားရဲ့ သဘာဝပစ္စည်းတွေကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဆားအမှုန့်သေးသေးလေးတွေက ပိုသင့်တော်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ပင်လယ်ဆားခွက်ဝက်နဲ့ သံလွင်ဆီပါ။ Essential Oil ကိုလည်း ထည့်နိုင်ပါသေးတယ်။

၄။ ပျားရည်နဲ့သကြား Body Scrub

ပျားရည်က အရေပြားကို စိုပြေစေပြီး ဘတ်တီးရီးယားတွေကို သေစေပါတယ်။ အရေပြားကို ပြန်ပြုပြင်ပေးပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သကြားညို ခွက်ဝက်၊ အုန်းဆီ အနည်းငယ်၊ ပျားရည်နှစ်ဇွန်းဖြစ်ပါတယ်။ အသုံးပြုပြီးနောက် သေချာဆေးကြောပေးပါ။

Body Scrub အသုံးပြုပုံ

ချေးချွတ်တာကို ခဏခဏတော့မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက အသားအရေကို ခြောက်သွေ့စေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်အများဆုံးပြုလုပ်ပေးပါ။ Body Scrub ကိုရေချိုးတဲ့အချိန် အသုံးပြုနိုင်ပါတယ်။ Scrub တိုက်တာက သွေးလည်ပတ်မှုအတွက် ကောင်းပါတယ်။

Source: Herbeauty.co

By MyStyle Myanmar