အားလုံးပဲ မင်္ဂလာပါ။ နူးညံ့ချောမွေ့ပြီး စိုပြေလှပတဲ့အသားအရေကို မိန်းကလေးတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ အဲ့ဒီလို လှချင်ပါတယ်ဆိုတဲ့ မိန်းကလေးတွေကျမှ ပြဿနာကိုယ်စီနဲ့ပါပဲ။

ဝက်ခြံပေါက်တဲ့သူကပေါက်၊ ဝက်ခြံမပေါက်ရင် အဆီပြန်မယ်၊ အဆီမပြန်ရင် အသားအရေခြောက်သွေ့မယ် စသဖြင့်ပေါ့နော်။ ဒီတစ်ခါမှာတော့ ဝက်ခြံနဲ့ အမဲစက်တွေ ဖြစ်ပေါ်တတ်တဲ့ ပျိုမေလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ သဘာဝအိမ်တွင်းပေါင်းတင်နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.medicalnewstoday.com

ဗီတာမင် အီးအဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ထောပတ်သီးတစ်လုံးတို့ လိုအပ်ပါတယ်။ ထောပတ်သီးအသားကို ကြိတ်ချေပြီး ဗီတာမင် အီးအဆီနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။

Photo Source: www.telegraph.co.uk

မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို အဆီမပါတဲ့ မျက်နှာသစ်ဆေးနဲ့ ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပြီး ချွေးပေါက်လေးတွေကို ဖွင့်ပေးလိုက်ပါ။

Photo Source: healthmag.gr

ပြီးရင် ခုနက ရောမွှေထားတဲ့ ထောပတ်သီးနဲ့ ဗီတာမင် အီးကို မျက်နှာမှာ သုတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့် အခြောက်ခံလိုက်ပါ။

ပြီးရင် ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ချွေးပေါက်တွေကို ပြန်ပိတ်ပေးဖို့အတွက် ရေအေးလေးနဲ့ နောက်တစ်ခေါက် မျက်နှာပြန်သစ်လိုက်ပါ။

Photo Source: kemsamguoyao.net

နောက်ဆုံးမှာတော့ မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာကို ညင်သာစွာ သုတ်ပေးရပါမယ်။ မျက်နှာသုတ်တဲ့အခါမှာလည်း အကြမ်းပတမ်း ပွတ်တိုက်တာမျိုးမဟုတ်ဘဲ အသာအယာလေး ပုတ်ခတ်ပေးရမယ်နော်။ ဒီမျက်နှာပေါင်းတင်နည်းလေးကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်က အမဲစက်နဲ့ ဝက်ခြံတွေကို ယူပစ်သလို ပျောက်ကင်းသွားပြီး ချောမွေ့တဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ပြီပေါ့။