လေ့ကျင့်ခန်းလုပ်တော့မယ်လို့ စိတ်ကူးနေလား။ ဒါဆိုရင်တော့ သင့်ကြွက်သားတွေကို သန်မာစေပြီး ဝမ်းဗိုက်နဲ့ ခါးက အဆီတွေကျစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်တယ်နော်။

၁။ အိပ်ထမတင်လေ့ကျင့်ခန်းလုပ်ပေးရမှာပါ။ အရင်ဆုံးအခုပုံမှာပြထားတဲ့အတိုင်း ဒူးကွေးချထားပြီး လှဲနေပါ။ ပြီးရင် ထပေးပြီး ၁ စက္ကန့် ၂ စက္ကန့်လောက်နေကာ ပြန်လှဲပေးပါ။ တစ်ခါလုပ် ၁၀ ကြိမ်ကနေ ၁၂ ကြိမ်လောက် ဆက်တိုက်လုပ်ပေးပါ။ ပြီးရင် ခဏနားပြီး အဲဒီအတိုင်း ထပ်လုပ်ပါ။ ၂ ကြိမ်လောက်လုပ်ပေးပါ။

Source: Women’s Health

၂။ အရင်ဆုံး လေးဖက်ထောက်လိုက်ပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကို တန်းတန်းဆန့်လိုက်ပြီး ညာဖက်လက်ကို မြောက်ပြီး ရှေ့တန်းတန်းဆန့်ထားပေးပါ။ ။ အခုအတိုင်း စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ခြေထောက်ကိုပြန်ချပါ။ နောက်တစ်ဖက်ကိုလည်း အဲဒီအတိုင်းလုပ်ပါ။ တစ်ဖက်ကို ၈ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

၃။ ခန္ဓာကိုယ်ကို ဘေးစောင်းပြီး လက်တစ်ဖက်ထောင့်ထားပါ။ ပြီးရင် ပေါင်ကိုမတင်လိုက်ပြီး လက်ကိုလည်း အပေါ်တင်လိုက်ပါ။ အဲဒီအတိုင်းစက္ကန့်အနည်းငယ်နေပြီး ပြန်ချထားပါ။ တစ်ဖက်ကို ၅ ကြိမ်လောက်လုပ်ပေးပါ။

၄။ အရင်ဆုံး ကျောလှဲပြီး နေပါ။ ပြီးရင် လက်ကို အပေါ်မြောက်ပေးလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို တစ်ချိန်တည်းမြောက်ပေးပါ။ ပြီးရင်အဲဒီအတိုင်း နေနိုင်သလောက်နေပါ။ အသက်ကို မှန်မှန်ရှုပေးပါ။ အောင့်ထားစရာမလိုပါဘူး။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ ၈ ကြိမ်ကနေ ၁၀ ကြိမ်လုပ်ပေးပါ။