[Zawgyi]

ရဲေလးဆိုထားတဲ့ “ အသည္းကြဲတယ္ဆုိုတာ ” သီခ်င္းကိုနားေထာင္ဖူးၾကတယ္မဟုတ္လား။ ကိုယ္ခ်စ္ရတဲ့သူကိုဆံုးရွံဳးလိုက္ရတဲ့အခါ ရင္ဘတ္တစ္ခုလံုးစုတ္ျပတ္သြားသလိုပဲ ခံစားၾကရတာပဲေလ။ တကယ္လို႔ထားခဲ့ခံရၿပီဆိုရင္ ဒီလိုခံစားခ်က္မ်ိဳးကို ျမန္ျမန္ေပ်ာက္ေအာင္လုပ္ဖို႔က အေရးႀကီးတာေပါ့။ တစ္ပတ္ေလးပဲအခ်ိန္ေပး႐ုံနဲ႔ ေၾကကြဲစရာေကာင္းတဲ့ခံစားခ်က္ေတြကို ေပ်ာက္ကင္းေစမယ့္နည္းလမ္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁ ရက္ေျမာက္ေန႔

ငိုပစ္လိုက္ပါ။ ကိုယ္ခ်စ္ရတဲ့သူကထားခဲ့တာဆိုေတာ့လည္း ငိုကိုငိုသင့္ပါတယ္။ ခံစားလိုက္ရတဲ့ အရာေတြအကုန္လုံးကို ေျပေလ်ာ့သြားေအာင္ အားရွိသေလာက္ငိုခ်လိုက္ပါ။ တတ္ႏိုင္ရင္ သူငယ္ခ်င္းေတြဆီမွာရင္ဖြင့္ရင္းနဲ႔ ငိုခ်ပစ္လိုက္ပါ။ အဆင္မေျပရင္ အခန္းထဲမွာတစ္ေယာက္ထဲေနၿပီး ခံစားရသမွ်ကို ငိုခ်ပစ္လိုက္ပါ။

၂ ရက္ေျမာက္ေန႔

ဒီလိုေန႔မ်ိဳးမွာေတာ့ ေပါက္ကြဲပစ္ဖို႔အခ်ိန္တန္ပါၿပီ။ ကိုယ္ဒီေလာက္ေကာင္းေပးေနပါရက္နဲ႔ ကိုယ့္ကိုဘာေၾကာင့္ထားခဲ့ရတာလဲ။ ကိုယ္ကေတာ့ခံစားေနရၿပီး သူကေတာ့ကိုယ့္ကိုထားခဲ့ရလို႔ ေပ်ာ္ေနၿပီလားဆိုတာေတြကို စဥ္းစားၿပီး ဝမ္းနည္းမေနေတာ့ပဲ စိတ္အလိုက်တိုင္း ေပါက္ကြဲလိုက္ပါ။ သူေပးထားတဲ့လက္ေဆာင္ေတြကို လႊတ္ပစ္လိုက္ၿပီး၊ သူနဲ႔ေျပာထားတဲ့ မက္ေဆ့ေတြနဲ႔၊ ႐ိုက္ထားတဲ့ဓာတ္ပုံေတြ အားလုံးကို ဖ်က္ပစ္လိုက္ပါ။ ငိုရမယ့္ေန႔ေတြကၿပီးသြားၿပီဆိုေတာ့ ေပါက္ကြဲဖို႔အခ်ိနတန္ၿပီေနာ္။

၃ ရက္ေျမာက္ေန႔

ျပန္ၿပီးေတာ့အားေမြးဖို႔အခ်ိန္ကို ေရာက္လာပါၿပီ။ ရည္းစားကထားခဲ့လို႔ ဘဝပ်က္သလိုမ်ိဳးလုပ္မေနပဲ ကိုယ့္ကိုယ္ကိုျပန္လည္တည္ေဆာက္ႏိုင္ေအာင္ ႀကိဳးစားဖို႔လိုလာၿပီေနာ္။ ကိုယ္ဝါသနာပါတဲ့အရာေတြကို လုပ္ၾကည့္ရင္းနဲ႔ သူ႔ဆီေရာက္ႏိုင္မယ့္စိတ္ေတြကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားပါ။

၄ ရက္ေျမာက္ေန႔

ကိုယ့္ကိုယ္ကို လွေအာင္ျပင္ဖို႔အခ်ိန္ေရာက္ပါၿပီ။ ရည္းစားကပစ္သြားလို႔ အလွေတာင္မျပင္ႏိုင္ေတာ့တဲ့ အျဖစ္မ်ိဳးကိုအေရာက္မခံပါနဲ႔။ အလွျပင္ဆိုင္ေတြသြားၿပီး ဆံပင္ပုံစံခ်ိန္းလိုက္တာမ်ိဳး၊ Spa ေတြသြားၿပီး အသားအေရေတြလွပေအာင္လုပ္လိုက္တာမ်ိဳးက သင့္အတြက္ပိုအက်ိဳးရွိၿပီး ခံစားခ်က္ေတြကိုျပန္ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေပါ့။

၅ ရက္ေျမာက္ေန႔

အႀကိဳက္ဆုံးအရာေတြကိုလုပ္ဖို႔ အခ်ိန္ေရာက္ၿပီေနာ္။ အျပင္ထြက္ၿပီး အစားေတြလိုက္စားတာမ်ိဳးက သင့္ရဲ႕အႀကိဳက္ဆုံးအရာေတြျဖစ္ေနမယ္ဆိုရင္ ဒီလိုမ်ိဳးေတြကိုလုပ္ေပးသင့္ၿပီေနာ္။ သူငယ္ခ်င္းေတြနဲ႔ မုန႔္ေလွ်ာက္စားတာတို႔၊ ညဘက္ေတြမွာ Bar ေတြသြားတာမ်ိဳးေတြေပါ့။

၆ ရက္ေျမာက္ေန႔

ဒီလိုရက္မ်ိဳးကိုေရာက္လာၿပီဆိုရင္ေတာ့ စိတ္ကစားဖို႔အခ်ိန္ေကာင္းကို ေရာက္လာၿပီလို႔ဆိုလို႔ရပါတယ္။ ကိုယ့္ကိုခ်ဥ္းကပ္လာတဲ့ ေယာက္်ားေလးေတြနဲ႔ ျပန္စကားေျပာရင္းနဲ႔ ကိုယ့္အေပၚမေကာင္းတဲ့သူကိုေတာင္ ေမ့ႏိုင္သြားမွာပဲျဖစ္ပါတယ္။

၇ ရက္ေျမာက္ေန႔

စိတ္သစ္လူသစ္နဲ႔ ဘဝသစ္တစ္ခုကို စတင္ဖို႔အခ်ိန္ေရာက္လာပါၿပီ။ ခံစားရတာကလည္း တစ္ပတ္ေတာင္ရွိသြားၿပီဆိုေတာ့ ဒီလူနဲ႔လုံးဝမသိခဲ့ဘူးလို႔ မွတ္ယူၿပီး စိတ္သစ္လူသစ္နဲ႔ ဘဝႀကီးကိုဆက္လက္ေလွ်ာက္လွမ္းဖို႔လိုပါၿပီ။

Photo Source: Pinterest

[Unicode]

ရဲလေးဆိုထားတဲ့ “ အသည်းကွဲတယ်ဆိုတာ ” သီချင်းကိုနားထောင်ဖူးကြတယ်မဟုတ်လား။ ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့အခါ ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သွားသလိုပဲ ခံစားကြရတာပဲလေ။ တကယ်လို့ထားခဲ့ခံရပြီဆိုရင် ဒီလိုခံစားချက်မျိုးကို မြန်မြန်ပျောက်အောင်လုပ်ဖို့က အရေးကြီးတာပေါ့။ တစ်ပတ်လေးပဲအချိန်ပေးရုံနဲ့ ကြေကွဲစရာကောင်းတဲ့ခံစားချက်တွေကို ပျောက်ကင်းစေမယ့်နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁ ရက်မြောက်နေ့

ငိုပစ်လိုက်ပါ။ ကိုယ်ချစ်ရတဲ့သူကထားခဲ့တာဆိုတော့လည်း ငိုကိုငိုသင့်ပါတယ်။ ခံစားလိုက်ရတဲ့ အရာတွေအကုန်လုံးကို ပြေလျော့သွားအောင် အားရှိသလောက်ငိုချလိုက်ပါ။ တတ်နိုင်ရင် သူငယ်ချင်းတွေဆီမှာရင်ဖွင့်ရင်းနဲ့ ငိုချပစ်လိုက်ပါ။ အဆင်မပြေရင် အခန်းထဲမှာတစ်ယောက်ထဲနေပြီး ခံစားရသမျှကို ငိုချပစ်လိုက်ပါ။

၂ ရက်မြောက်နေ့

ဒီလိုနေ့မျိုးမှာတော့ ပေါက်ကွဲပစ်ဖို့အချိန်တန်ပါပြီ။ ကိုယ်ဒီလောက်ကောင်းပေးနေပါရက်နဲ့ ကိုယ့်ကိုဘာကြောင့်ထားခဲ့ရတာလဲ။ ကိုယ်ကတော့ခံစားနေရပြီး သူကတော့ကိုယ့်ကိုထားခဲ့ရလို့ ပျော်နေပြီလားဆိုတာတွေကို စဉ်းစားပြီး ဝမ်းနည်းမနေတော့ပဲ စိတ်အလိုကျတိုင်း ပေါက်ကွဲလိုက်ပါ။ သူပေးထားတဲ့လက်ဆောင်တွေကို လွှတ်ပစ်လိုက်ပြီး၊ သူနဲ့ပြောထားတဲ့ မက်ဆေ့တွေနဲ့၊ ရိုက်ထားတဲ့ဓာတ်ပုံတွေ အားလုံးကို ဖျက်ပစ်လိုက်ပါ။ ငိုရမယ့်နေ့တွေကပြီးသွားပြီဆိုတော့ ပေါက်ကွဲဖို့အချိနတန်ပြီနော်။

၃ ရက်မြောက်နေ့

ပြန်ပြီးတော့အားမွေးဖို့အချိန်ကို ရောက်လာပါပြီ။ ရည်းစားကထားခဲ့လို့ ဘဝပျက်သလိုမျိုးလုပ်မနေပဲ ကိုယ့်ကိုယ်ကိုပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားဖို့လိုလာပြီနော်။ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ကြည့်ရင်းနဲ့ သူ့ဆီရောက်နိုင်မယ့်စိတ်တွေကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

၄ ရက်မြောက်နေ့

ကိုယ့်ကိုယ်ကို လှအောင်ပြင်ဖို့အချိန်ရောက်ပါပြီ။ ရည်းစားကပစ်သွားလို့ အလှတောင်မပြင်နိုင်တော့တဲ့ အဖြစ်မျိုးကိုအရောက်မခံပါနဲ့။ အလှပြင်ဆိုင်တွေသွားပြီး ဆံပင်ပုံစံချိန်းလိုက်တာမျိုး၊ Spa တွေသွားပြီး အသားအရေတွေလှပအောင်လုပ်လိုက်တာမျိုးက သင့်အတွက်ပိုအကျိုးရှိပြီး ခံစားချက်တွေကိုပြန်ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းလေးပေါ့။

၅ ရက်မြောက်နေ့

အကြိုက်ဆုံးအရာတွေကိုလုပ်ဖို့ အချိန်ရောက်ပြီနော်။ အပြင်ထွက်ပြီး အစားတွေလိုက်စားတာမျိုးက သင့်ရဲ့အကြိုက်ဆုံးအရာတွေဖြစ်နေမယ်ဆိုရင် ဒီလိုမျိုးတွေကိုလုပ်ပေးသင့်ပြီနော်။ သူငယ်ချင်းတွေနဲ့ မုန့်လျှောက်စားတာတို့၊ ညဘက်တွေမှာ Bar တွေသွားတာမျိုးတွေပေါ့။

၆ ရက်မြောက်နေ့

ဒီလိုရက်မျိုးကိုရောက်လာပြီဆိုရင်တော့ စိတ်ကစားဖို့အချိန်ကောင်းကို ရောက်လာပြီလို့ဆိုလို့ရပါတယ်။ ကိုယ့်ကိုချဉ်းကပ်လာတဲ့ ယောက်ျားလေးတွေနဲ့ ပြန်စကားပြောရင်းနဲ့ ကိုယ့်အပေါ်မကောင်းတဲ့သူကိုတောင် မေ့နိုင်သွားမှာပဲဖြစ်ပါတယ်။

၇ ရက်မြောက်နေ့

စိတ်သစ်လူသစ်နဲ့ ဘဝသစ်တစ်ခုကို စတင်ဖို့အချိန်ရောက်လာပါပြီ။ ခံစားရတာကလည်း တစ်ပတ်တောင်ရှိသွားပြီဆိုတော့ ဒီလူနဲ့လုံးဝမသိခဲ့ဘူးလို့ မှတ်ယူပြီး စိတ်သစ်လူသစ်နဲ့ ဘဝကြီးကိုဆက်လက်လျှောက်လှမ်းဖို့လိုပါပြီ။

Photo Source: Pinterest