[Zawgyi]

အားလံုးပဲ မဂၤလာပါ။ တစ္ေနကုန္အလုပ္ေတြပင္ပန္းလာၿပီး ညဆိုလည္း ဟိုကိစၥ ဒီကိစၥေၾကာင့္ အိပ္ရာဝင္ေနာက္က်ပါတယ္ဆိုကာမွ မနက္ကို ေစာေစာျပန္ထရမယ့္ အေျခအေနဟာ တစ္ကယ္စိတ္ညစ္စရာေကာင္းပါတယ္။ အထူးသျဖင့္ ရာသီအကူးအေျပာင္းအခ်ိန္ေတြမွာေပါ့ေနာ္။

ဒါေပမယ့္လည္း တစ္ေနကုန္ အိပ္ရာထဲမွာပဲ ေခြေနေသးလို႕ မျဖစ္တာေၾကာင့္ အလူးအလဲကုန္းရုန္းထရပါေသးတယ္။ ဒီလိုအခ်ိန္မွာ ျပာျပာသလဲလဲနဲ႕ ကိုယ့္ခႏၶာကိုယ္အတြက္ ေလ့က်င့္ခန္းေတြမလုပ္မိဘူးဆိုရင္ေတာ့ အလုပ္ဒဏ္ပိၿပီး ဝလာႏိုင္ပါတယ္ေနာ္။

ဒါေၾကာင့္ အခုတစ္ခါမွာ MyStyle Myanmar ရဲ႕ စာဖတ္ပရိတ္သတ္ ပ်ိဳေမေလးမ်ားအတြက္ မနက္ခင္းတိုင္းမွာ ျပဳလုပ္ေပးရမယ့္ ေလ့က်င့္ခန္းေလးေတြကို မိတ္ဆက္ေပးခ်င္ပါတယ္။

1. Stomach Vacuum

မနက္မိုးလင္း အိပ္ရာႏိုးလို႕ ဘာအစာ၊ ဘာေရမွ အစာအိမ္ထဲမဝင္ေသးခ်ိန္မွာ ျပဳလုပ္ေပးရင္ အေကာင္းဆံုးပါပဲ။ ျပဳလုပ္ေပးရမွာကေတာ့ ဝမ္းဗိုက္ၾကြက္သားမွာအားစိုက္ၿပီး ေလကိုတဝႀကီး ရွဴသြင္းလိုက္ၿပီးေတာ့ ၁၀ စကၠန္႕ေအာင့္ထားပါ။ ၿပီးရင္ေလေတြရွဴထုတ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ထပ္ရွဴေပးပါ။ အနည္းဆံုး ၃ ႀကိမ္လုပ္ေပးရမွာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႕အမွ် ရလဒ္ေကာင္းေတြ ေတြ႕ျမင္ရမွာပါ။

2. Morning Stretches

ေလ့က်င့္ခန္းေတြ မလုပ္ခင္ အေၾကာအခ်င္ေတြ ေျပေလ်ာ့သြားေအာင္ ေသြးပူေလ့က်င့္ခန္းလုပ္ေပးဖို႕ လိုအပ္ပါတယ္။ ေနာက္ေက်ာ၊ လက္ေမာင္၊ ေျခေထာက္ေတြကို အေၾကာဆန္႕ႏိုင္ဖုိ႕ အခ်ိန္ယူပါ။

3. Jumping Jacks

တစ္ကိုယ္လံုးေသြးပူသြားေစဖို႕အတြက္ အေကာင္းဆံုးေလ့က်င့္ခန္းကေတာ့ Jumping Jack ေလ့က်င့္ခန္းပါပဲ။ ဒီေလ့က်င့္ခန္းကို တစ္ခါလွ်င္ ၁၀၀ ေလာက္ေတာ့ လုပ္ေစခ်င္ေပမယ့္လည္း အခုမွစလုပ္မယ့္သူမ်ားအေနနဲ႕ ၁၀ ႀကိမ္ကေန စလုပ္ႏိုင္ပါတယ္။

4. Walk Out Plank

ရိုးရိုး Plank ေထာက္ျခင္းထက္ ခါးကိုအေပၚေျမွာက္ၿပီး Plank ေထာက္ျခင္းက ခါးရိုးအတြက္ အထူးေကာင္းေစကာ ဟန္ခ်က္လည္းထိန္းႏိုင္မွာျဖစ္တာေၾကာင့္ အနည္းဆံုး ၁ မိနစ္ သို႕မဟုတ္ ၁၀ ေၾကာ့လုပ္ေပးႏိုင္ပါတယ္။

5. Superman

မနက္မိုးလင္းခ်ိန္မွာ ေနာက္ေက်ာဖက္ရွိ ၾကြက္သားေတြကို အေၾကာေလ်ာ့ႏိုင္ဖို႕အတြက္ အေကာင္းဆံုးေလ့က်င့္ခန္းပါပဲ။ အထူးသျဖင့္ ရံုးမွာတစ္ေနကုန္ထိုင္ၿပီး အလုပ္လုပ္ရတဲ့သူမ်ားအတြက္ အလြန္အသံုးဝင္ပါတယ္။

6. Mountain Climbers

ဒီေလ့က်င့္ခန္းကလည္း ခႏၶာကိုယ္တစ္ခုလံုးကို လႈပ္ရွားေစတဲ့ ေလ့က်င့္ခန္းျဖစ္တာေၾကာင့္ မနက္ခင္း အိပ္ခ်င္မူးတူးျဖစ္ေနခ်ိန္မွာ စကၠန္႕သံုးဆယ္ေလာက္ ျပဳလုပ္ေပးလိုက္ပါ။

7. Squats

ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ေျခေထာက္ေတြနဲ႕ တင္ပါးေတြကိုလည္း ေမ့ထားခဲ့လို႕မရပါဘူး။ အျခားေကာင္မေလးေတြလို အကိတ္ေလးျဖစ္ဖို႕အတြက္ Squat ေလ့က်င့္ခန္းကို အနည္းဆံုး ၁၀ ႀကိမ္ ျပဳလုပ္ေပးသင့္ပါတယ္။

8. Pushups

အကယ္လို႕ ကိုယ္က ေသေသခ်ာခ်ာ ဒိုက္မထိုးႏိုင္ေသးလို႕ စိတ္မပူပါနဲ႕။ မနက္ခင္းမွာ အနည္းဆံုး ၁၀ ႀကိမ္ေလာက္နဲ႕ အစျပဳေပးၿပီး မွန္မွန္ျပဳလုပ္သြားေပးမယ္ဆိုရင္ လက္ေမာင္းအားေတြလည္း သန္လာမွာျဖစ္ပါတယ္။

9. Lunges

ေျခေထာက္တစ္ဖက္လွ်င္ ၁၀ ႀကိမ္ျပဳလုပ္ေပးမယ္ဆိုပါက ခႏၶာကိုယ္ေအာက္ပိုင္းကို က်စ္က်စ္လစ္လစ္နဲ႕ လွပလာေစမွာျဖစ္ပါတယ္။ သြားတိုက္ေနခ်ိန္ျဖစ္ျဖစ္၊ ဟင္းခ်က္ေနခ်ိန္ျဖစ္ျဖစ္ အလြယ္တကူ ျပဳလုပ္ေပးႏိုင္ပါတယ္။

10. Arm Circles

လက္ႏွစ္ဖက္ကို ေဘးသို႕ကားလိုက္ၿပီး ဦးတည္ရာတစ္ခုထဲကိုပဲ ၁၀ ႀကိမ္လွည့္ေပးပါ။ ၿပီးရင္ေတာ့ ေနာက္ထပ္ဆန္႕က်င္ဘက္ ဦးတည္ရာကို ၁၀ ႀကိမ္ထပ္လွည့္ေပးပါ။

Source: herbeauty.co

[Unicode]

အားလုံးပဲ မင်္ဂလာပါ။ တစ်နေကုန်အလုပ်တွေပင်ပန်းလာပြီး ညဆိုလည်း ဟိုကိစ္စ ဒီကိစ္စကြောင့် အိပ်ရာဝင်နောက်ကျပါတယ်ဆိုကာမှ မနက်ကို စောစောပြန်ထရမယ့် အခြေအနေဟာ တစ်ကယ်စိတ်ညစ်စရာကောင်းပါတယ်။ အထူးသဖြင့် ရာသီအကူးအပြောင်းအချိန်တွေမှာပေါ့နော်။

ဒါပေမယ့်လည်း တစ်နေကုန် အိပ်ရာထဲမှာပဲ ခွေနေသေးလို့ မဖြစ်တာကြောင့် အလူးအလဲကုန်းရုန်းထရပါသေးတယ်။ ဒီလိုအချိန်မှာ ပြာပြာသလဲလဲနဲ့ ကိုယ့်ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေမလုပ်မိဘူးဆိုရင်တော့ အလုပ်ဒဏ်ပိပြီး ဝလာနိုင်ပါတယ်နော်။

ဒါကြောင့် အခုတစ်ခါမှာ MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ် ပျိုမေလေးများအတွက် မနက်ခင်းတိုင်းမှာ ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။

1. Stomach Vacuum

မနက်မိုးလင်း အိပ်ရာနိုးလို့ ဘာအစာ၊ ဘာရေမှ အစာအိမ်ထဲမဝင်သေးချိန်မှာ ပြုလုပ်ပေးရင် အကောင်းဆုံးပါပဲ။ ပြုလုပ်ပေးရမှာကတော့ ဝမ်းဗိုက်ကြွက်သားမှာအားစိုက်ပြီး လေကိုတဝကြီး ရှူသွင်းလိုက်ပြီးတော့ ၁၀ စက္ကန့်အောင့်ထားပါ။ ပြီးရင်လေတွေရှူထုတ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ရှူပေးပါ။ အနည်းဆုံး ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ရလဒ်ကောင်းတွေ တွေ့မြင်ရမှာပါ။

2. Morning Stretches

လေ့ကျင့်ခန်းတွေ မလုပ်ခင် အကြောအချင်တွေ ပြေလျော့သွားအောင် သွေးပူလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ နောက်ကျော၊ လက်မောင်၊ ခြေထောက်တွေကို အကြောဆန့်နိုင်ဖို့ အချိန်ယူပါ။

3. Jumping Jacks

တစ်ကိုယ်လုံးသွေးပူသွားစေဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းကတော့ Jumping Jack လေ့ကျင့်ခန်းပါပဲ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလျှင် ၁၀၀ လောက်တော့ လုပ်စေချင်ပေမယ့်လည်း အခုမှစလုပ်မယ့်သူများအနေနဲ့ ၁၀ ကြိမ်ကနေ စလုပ်နိုင်ပါတယ်။

4. Walk Out Plank

ရိုးရိုး Plank ထောက်ခြင်းထက် ခါးကိုအပေါ်မြှောက်ပြီး Plank ထောက်ခြင်းက ခါးရိုးအတွက် အထူးကောင်းစေကာ ဟန်ချက်လည်းထိန်းနိုင်မှာဖြစ်တာကြောင့် အနည်းဆုံး ၁ မိနစ် သို့မဟုတ် ၁၀ ကြော့လုပ်ပေးနိုင်ပါတယ်။

5. Superman

မနက်မိုးလင်းချိန်မှာ နောက်ကျောဖက်ရှိ ကြွက်သားတွေကို အကြောလျော့နိုင်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။ အထူးသဖြင့် ရုံးမှာတစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူများအတွက် အလွန်အသုံးဝင်ပါတယ်။

6. Mountain Climbers

ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် မနက်ခင်း အိပ်ချင်မူးတူးဖြစ်နေချိန်မှာ စက္ကန့်သုံးဆယ်လောက် ပြုလုပ်ပေးလိုက်ပါ။

7. Squats

လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခြေထောက်တွေနဲ့ တင်ပါးတွေကိုလည်း မေ့ထားခဲ့လို့မရပါဘူး။ အခြားကောင်မလေးတွေလို အကိတ်လေးဖြစ်ဖို့အတွက် Squat လေ့ကျင့်ခန်းကို အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။

8. Pushups

အကယ်လို့ ကိုယ်က သေသေချာချာ ဒိုက်မထိုးနိုင်သေးလို့ စိတ်မပူပါနဲ့။ မနက်ခင်းမှာ အနည်းဆုံး ၁၀ ကြိမ်လောက်နဲ့ အစပြုပေးပြီး မှန်မှန်ပြုလုပ်သွားပေးမယ်ဆိုရင် လက်မောင်းအားတွေလည်း သန်လာမှာဖြစ်ပါတယ်။

9. Lunges

ခြေထောက်တစ်ဖက်လျှင် ၁၀ ကြိမ်ပြုလုပ်ပေးမယ်ဆိုပါက ခန္ဓာကိုယ်အောက်ပိုင်းကို ကျစ်ကျစ်လစ်လစ်နဲ့ လှပလာစေမှာဖြစ်ပါတယ်။ သွားတိုက်နေချိန်ဖြစ်ဖြစ်၊ ဟင်းချက်နေချိန်ဖြစ်ဖြစ် အလွယ်တကူ ပြုလုပ်ပေးနိုင်ပါတယ်။

10. Arm Circles

လက်နှစ်ဖက်ကို ဘေးသို့ကားလိုက်ပြီး ဦးတည်ရာတစ်ခုထဲကိုပဲ ၁၀ ကြိမ်လှည့်ပေးပါ။ ပြီးရင်တော့ နောက်ထပ်ဆန့်ကျင်ဘက် ဦးတည်ရာကို ၁၀ ကြိမ်ထပ်လှည့်ပေးပါ။

Source: herbeauty.co