[Zawgyi]

ေရခ်ိဳးတာနဲ႔ပတ္သတ္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္အၾကိဳက္တူေလ့မရွိၾကပါဘူး။ တခ်ိဳ႔က အိပ္ယာထျပီး ေရခ်ိဳးလိုက္မွ တစ္ေန႔လံုးလန္းဆန္းသြားသလိုခံစားရျပီး တခ်ိဳ႕က်ေတာ့ တစ္ေန႔တာသြားလာလႈပ္ရွားလို႔အျပီး ညေနေစာင္းမွေအးေအးေဆးေဆး ေရခ်ိဳးျပီးသန္႔ရွင္းေနတာကိုၾကိဳက္ၾကတယ္။

တကယ္ဆို က်န္းမာေရးအတြက္ဘယ္ဟာပိုေကာင္းတယ္ထင္သလဲ။ ပညာရွင္ေတြကေတာ့ မနက္ခင္း ေရပန္းနဲ႔ေရခ်ိဳးေပးတာက က်န္းမာေရးအက်ိဳးေက်းဇူးေတြပိုရႏုိင္တယ္လို႔ အၾကံေပးထားပါတယ္။ အဲ့ဒီ့အက်ိဳးေက်းဇူးေတြကေတာ့…

၁။ေသြးလည္ပတ္မႈအားေကာင္းလာေစတယ္။

ေသြးလည္ပတ္အားေကာင္းတာက ခႏၶာကိုယ္က်န္းမာေရးအတြက္ အင္မတန္အေရးပါပါတယ္။ ေသြးလည္ပတ္အားမေကာင္းျခင္းေၾကာင့္ ေသြးတိုးေရာဂါ၊ ေသြးေၾကာေဖာင္းေရာင္ျခင္းေတြျဖစ္လာႏုိင္ပါတယ္။ ေရပန္းနဲ႔ေရခ်ိဳးေပးတဲ့အခါမွာလည္း ေရပန္းထဲကက်လာတဲ့ေရစီးအားက ခႏၶာကိုယ္ေသြးေၾကာေတြကို ေနရာအႏွံ႔လည္ပတ္ေစတာေၾကာင့္ ေသြးလည္ပတ္မႈအားေကာင္းေစပါတယ္။

၂။ စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစတယ္။

မနက္ခင္း ေရပန္းနဲ႔ေရခ်ိဳးေပးျခင္းက စိုးရိမ္မႈ၊ ပူပန္ေၾကာင့္ၾကမႈေတြကိုေျပေလ်ာ႔ေစပါတယ္။ ေရစိမ္းနဲ႔ေရခ်ိဳးေပးတာက ပိုထိေရာက္ပါတယ္။ မနက္ခင္းေရခ်ိဳးေပးျခင္းျဖင့္ ခႏၶာကိုယ္က လိုအပ္တဲ့ေအာက္ဆီဂ်င္ကို ျပည့္ဝေအာင္ရရွိေစတာမို႔ စိတ္ဖိစီးမႈေတြကိုသက္သာသြားေစပါတယ္။

၃။ေရာဂါခုခံအားကိုျမွင့္တင္ေပးတယ္။

မနက္ခင္းေရခ်ိဳးေပးျခင္းက ခႏၶာကိုယ္မွာ ေသြးျဖဴဆဲလ္အသစ္ေတြျဖစ္ေပၚလာေစျခင္းျဖင့္ ေရာဂါခုခံအားကိုျမွင့္တင္ေပးပါတယ္။ ေသြးျဖဴဆဲလ္ေတြက ဖ်ားနာမႈ၊ နာမက်န္းမႈေတြကို တုိက္ထုတ္ေပးပါတယ္။ က်န္းမာေရးနာရီအရဆိုရင္ မနက္ေစာေစာေရခ်ိဳးမွ ဒီအက်ိဳးေက်းဇူးကိုရမွာပါ။

၄။အသားအေရကိုစိုေျပေစတယ္။

မနက္ေစာေစာေရခ်ိိဳးေပးျခင္းျဖင့္ အေရျပားသဘာဝအဆီပါဝင္မႈနဲ႔ ဝက္ျခံထြက္ျခင္းမ်ိဳးကို ထိန္းညွိေပးတာေၾကာင့္ အသားအေရအတြက္အရမး္ေကာင္းမြန္ပါတယ္။

၅။ေခ်ာင္းဆိုးျခင္းကို သက္သာေပ်ာက္ကင္းေစတယ္။

သင္ေခ်ာင္းဆိုးေနရင္ မနက္ေစာေစာ ေရေႏြးနဲ႔ေရထခ်ိဳးေပးလိုက္ပါ။ ညအိပ္တုန္းကေခ်ာင္းဆိုးျပီး ပိတ္ေနတဲ့အခၽြဲေတြေၾကာင့္ မနက္ပိုင္းမွာ လည္ေခ်ာင္းနာတာမ်ိဳးျဖစ္တတ္ပါတယ္။ ေရေႏြးနဲ႔ေရခ်ိဳးေပးလိုက္တဲ့အခါ ေရေႏြးေငြ႔ေတြေၾကာင့္အခၽြဲေတြေပ်ာ္ေစျပီး ေခ်ာင္းဆိုးတာကိုလည္း သက္သာေပ်ာက္ကင္းသြားေစပါတယ္။

၆။သေႏၶေအာင္ျခင္းကိုျဖစ္ေစတယ္။

မနက္ခင္းေရခ်ိဳးေပးျခင္းက အမ်ိဳးသားေတြရဲ႕မ်ိဳးပြားႏႈန္းကိုျမင့္ေစပါတယ္။ ကေလးယူဖို႔စိတ္ကူးထားတဲ့ ဇနီးေမာင္နွံေတြအတြက္ အမ်ိဳးသားျဖစ္သူ မနက္ခင္း ေရေအးနဲ႔ေရခ်ိဳးေပးျခင္းက သေႏၶေအာင္ႏုိင္ေခ်ပိုမ်ားေစပါတယ္။ မနက္ေစာေစာ တစ္ပတ္ဆက္တိုက္ ေရစိမ္းနဲ႔ ေရခ်ိဳးလိုက္တဲ့အခါ အမ်ိဳးသားရဲ႕သုတ္ပိုးထုတ္ႏႈန္းျမင့္လာတာေၾကာင့္ပါပဲ။

၇။အဆိပ္အေတာက္ေတြကို ေဆးပစ္တယ္။

အိပ္ေနတဲ့အခါ ခႏၶာကိုယ္တြင္းကအဆိပ္အေတာက္ေတြက ေခၽြးမွတစ္ဆင့္အျပင္ထြက္လာပါတယ္။ မနက္ေစာေစာေရခ်ိဳးလိုက္တဲ့အခါေတာ့ အဆိပ္အေတာက္ေတြကို ေဆးျပီးသားျဖစ္သြားတာေပါ့။

၈။အဆီျပန္တဲ့ဆံသားေတြကို ေျဖရွင္းေပးတယ္။

မနက္ေစာေစာ ေရပန္းနဲ႔ ေခါင္းေလွ်ာ္ေပးျခင္းက ဆံသားနဲ႔ဦးေရျပား အဆီျပန္လြန္းျခင္းကို သက္သာသြားေစပါတယ္။

၉။ၾကြက္သားေတြကိုေျပေလ်ာ႔ေစတယ္။

မနက္ေစာေစာ ေရပန္းနဲ႔ေရခ်ိဳးေပးျခင္းက ၾကြက္သားနာျခင္း၊ ကိုက္ခဲျခင္းကို သက္သာေစျပီး ခႏၶာကိုယ္တစ္ခုလံုးကို သက္ေတာင့္သက္သာရွိေစျပီး တစ္ေန႔တာလံုးအတြက္လန္းဆန္းေစပါတယ္။

[Unicode]

ရေချိုးတာနဲ့ပတ်သတ်ပြီး တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူလေ့မရှိကြပါဘူး။ တချို့က အိပ်ယာထပြီး ရေချိုးလိုက်မှ တစ်နေ့လုံးလန်းဆန်းသွားသလိုခံစားရပြီး တချို့ကျတော့ တစ်နေ့တာသွားလာလှုပ်ရှားလို့အပြီး ညနေစောင်းမှအေးအေးဆေးဆေး ရေချိုးပြီးသန့်ရှင်းနေတာကိုကြိုက်ကြတယ်။

တကယ်ဆို ကျန်းမာရေးအတွက်ဘယ်ဟာပိုကောင်းတယ်ထင်သလဲ။ ပညာရှင်တွေကတော့ မနက်ခင်း ရေပန်းနဲ့ရေချိုးပေးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေပိုရနိုင်တယ်လို့ အကြံပေးထားပါတယ်။ အဲ့ဒီ့အကျိုးကျေးဇူးတွေကတော့…

၁။သွေးလည်ပတ်မှုအားကောင်းလာစေတယ်။

သွေးလည်ပတ်အားကောင်းတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အင်မတန်အရေးပါပါတယ်။ သွေးလည်ပတ်အားမကောင်းခြင်းကြောင့် သွေးတိုးရောဂါ၊ သွေးကြောဖောင်းရောင်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ရေပန်းနဲ့ရေချိုးပေးတဲ့အခါမှာလည်း ရေပန်းထဲကကျလာတဲ့ရေစီးအားက ခန္ဓာကိုယ်သွေးကြောတွေကို နေရာအနှံ့လည်ပတ်စေတာကြောင့် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

၂။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။

မနက်ခင်း ရေပန်းနဲ့ရေချိုးပေးခြင်းက စိုးရိမ်မှု၊ ပူပန်ကြောင့်ကြမှုတွေကိုပြေလျော့စေပါတယ်။ ရေစိမ်းနဲ့ရေချိုးပေးတာက ပိုထိရောက်ပါတယ်။ မနက်ခင်းရေချိုးပေးခြင်းဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့အောက်ဆီဂျင်ကို ပြည့်ဝအောင်ရရှိစေတာမို့ စိတ်ဖိစီးမှုတွေကိုသက်သာသွားစေပါတယ်။

၃။ရောဂါခုခံအားကိုမြှင့်တင်ပေးတယ်။

မနက်ခင်းရေချိုးပေးခြင်းက ခန္ဓာကိုယ်မှာ သွေးဖြူဆဲလ်အသစ်တွေဖြစ်ပေါ်လာစေခြင်းဖြင့် ရောဂါခုခံအားကိုမြှင့်တင်ပေးပါတယ်။ သွေးဖြူဆဲလ်တွေက ဖျားနာမှု၊ နာမကျန်းမှုတွေကို တိုက်ထုတ်ပေးပါတယ်။ ကျန်းမာရေးနာရီအရဆိုရင် မနက်စောစောရေချိုးမှ ဒီအကျိုးကျေးဇူးကိုရမှာပါ။

၄။အသားအရေကိုစိုပြေစေတယ်။

မနက်စောစောရေချိုးပေးခြင်းဖြင့် အရေပြားသဘာဝအဆီပါဝင်မှုနဲ့ ဝက်ခြံထွက်ခြင်းမျိုးကို ထိန်းညှိပေးတာကြောင့် အသားအရေအတွက်အရမ်းကောင်းမွန်ပါတယ်။

၅။ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်။

သင်ချောင်းဆိုးနေရင် မနက်စောစော ရေနွေးနဲ့ရေထချိုးပေးလိုက်ပါ။ ညအိပ်တုန်းကချောင်းဆိုးပြီး ပိတ်နေတဲ့အချွဲတွေကြောင့် မနက်ပိုင်းမှာ လည်ချောင်းနာတာမျိုးဖြစ်တတ်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလိုက်တဲ့အခါ ရေနွေးငွေ့တွေကြောင့်အချွဲတွေပျော်စေပြီး ချောင်းဆိုးတာကိုလည်း သက်သာပျောက်ကင်းသွားစေပါတယ်။

၆။သန္ဓေအောင်ခြင်းကိုဖြစ်စေတယ်။

မနက်ခင်းရေချိုးပေးခြင်းက အမျိုးသားတွေရဲ့မျိုးပွားနှုန်းကိုမြင့်စေပါတယ်။ ကလေးယူဖို့စိတ်ကူးထားတဲ့ ဇနီးမောင်နှံတွေအတွက် အမျိုးသားဖြစ်သူ မနက်ခင်း ရေအေးနဲ့ရေချိုးပေးခြင်းက သန္ဓေအောင်နိုင်ချေပိုများစေပါတယ်။ မနက်စောစော တစ်ပတ်ဆက်တိုက် ရေစိမ်းနဲ့ ရေချိုးလိုက်တဲ့အခါ အမျိုးသားရဲ့သုတ်ပိုးထုတ်နှုန်းမြင့်လာတာကြောင့်ပါပဲ။

၇။အဆိပ်အတောက်တွေကို ဆေးပစ်တယ်။

အိပ်နေတဲ့အခါ ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေက ချွေးမှတစ်ဆင့်အပြင်ထွက်လာပါတယ်။ မနက်စောစောရေချိုးလိုက်တဲ့အခါတော့ အဆိပ်အတောက်တွေကို ဆေးပြီးသားဖြစ်သွားတာပေါ့။

၈။အဆီပြန်တဲ့ဆံသားတွေကို ဖြေရှင်းပေးတယ်။

မနက်စောစော ရေပန်းနဲ့ ခေါင်းလျှော်ပေးခြင်းက ဆံသားနဲ့ဦးရေပြား အဆီပြန်လွန်းခြင်းကို သက်သာသွားစေပါတယ်။

၉။ကြွက်သားတွေကိုပြေလျော့စေတယ်။

မနက်စောစော ရေပန်းနဲ့ရေချိုးပေးခြင်းက ကြွက်သားနာခြင်း၊ ကိုက်ခဲခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာရှိစေပြီး တစ်နေ့တာလုံးအတွက်လန်းဆန်းစေပါတယ်။