[Zawgyi]

ကိုယ့္အထက္မွာ အကိုတစ္ေယာက္ေလာက္ရွိလားရွင့္။ ငယ္ငယ္တုန္းကဆို အကိုနဲ႔ ကိုယ္က ကစားေဖာ္ကစားဖက္ေလ။ အဲဒီလိုကစားရင္ ဒဏ္ရာေတြရလို႔ အမာရြတ္ေတြ က်န္ခဲ့တဲ့ သူေတြေတာင္ရွိေသးတယ္။ အကိုနဲ႔ အသက္အရမ္းကြာရင္ ကိုယ္ငယ္ငယ္က အကိုဆိုတာ ကိုယ့္ရဲ႕ အထိန္းေတာ္ေလးလိုပါပဲ။

အကိုဆိုတာ ညီမေတြ ညီေတြအတြက္ေတာ့ အေကာင္းဆံုး လမ္းျပေဖာ္တစ္ေယာက္လိုပါပဲ။ အကိုတစ္ေယာက္ရွိျခင္းရဲ႕ အားသာခ်က္ေတြကို မွ်ေ၀ေပးသြားပါမယ္။

အကိုဟာ လံုၿခံဳမႈ အျပည့္ေပးတယ္

သူငယ္ခ်င္းေတြက အႏိုင္က်င့္ရင္ အကိုက အၿမဲတမ္း ကိုယ့္ေရွ႕ကေန ကာကြယ္ေပးတယ္။ အကိုရွိတာေၾကာက့္ ဘယ္သူနဲ႔မွ အႏိုင္က်င့္တာမခံရဘူးေလ။

ေယာက်ၤားေလးေတြအေၾကာင္း ပိုၿပီးနားလည္သြားမယ္

အကိုရွိတာေၾကာင့္ ေယာက်ၤားေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို နားလည္ေပးႏိုင္သြားမယ္။ တျခားေယာက်ၤားေလး သူငယ္ခ်င္းေတြနဲ႔လည္း ပိုၿပီး အဆင္ေျပေျပ ေပါင္းသင္းႏိုင္တယ္။

ေယာက်ၤားေလးသူငယ္ခ်င္း ပိုမ်ားမ်ားရမယ္

အတန္းထဲက ေဘာ္ဒါေတြသာမက အကို႔ရဲ႕ သူငယ္ခ်င္းေတြနဲ႔လည္း ခင္မင္မႈရမယ္။ မိန္းကေလး သူငယ္ခ်င္းထက္ ေယာက်ၤားေလး သူငယ္ခ်င္းပိုၿပီး မ်ားတတ္တယ္။

မိဘေတြကို ဆူတဲ့အခါ ကာကြယ္ေပးမယ္

သင့္ကို အေမ အေဖေတြက ဆူတဲ့အခါ ေရွ႕ကေန ကာေျပာေပမယ့္ သူရွိေတာ့ သင္ပိုၿပီး သက္ေသာင့္သက္သာရွိတယ္။ ၿပီးရင္ အကိုက သင့္ကို အားေပးစကားလည္းေျပာတယ္ဆိုရင္ အားရွိတာေပါ့။

ရင္ဖြင့္တိုင္ပင္လို႔ရတယ္

အကိုက ကိုယ့္ထက္အႀကီးဆိုေတာ့ ကိုယ့္မွာ ျပႆနာ အခက္အခဲေတြ တစံုတရာရွိတဲ့အခါ ရင္ဖြင့္တိုင္ပင္လို႔ရတယ္။ အကိုႀကီးရွိတာ အားအကိုးရဆံုးပါပဲ။

ေခတ္စားေနတဲ့ အေၾကာင္းအရာေတြ၊ ဘ၀ကို ဘယ္လိုျဖတ္ေက်ာ္ရမယ္ဆိုတာေတြ ေျပာျပမယ္

အကိုက ကိုယ္ထက္ႀကီးတာဆိုေတာ့ အခု လူငယ္ေတြၾကားမွာ ဘာေတြေခတ္စားေနတယ္။ ဘယ္သတင္းကေတာ့ နာမည္ႀကီးေနတယ္ဆိုတာ အကိုကေျပာျပေလ့ရွိတယ္ေလ။ဘ၀မွာ ဘယ္လိုအခက္ခဲေတြ ႀကံဳရႏိုင္တယ္။ ဘယ္လိုျဖတ္ေက်ာ္ရမလဲဆိုတာကိုလည္း မွ်ေ၀ေပးတယ္ေလ။

၀ါသနာပါရာ အတူတူ လုပ္ၾကတယ္

အကိုနဲ႔ TV အတူတူ ၾကည့္တာ၊ ဂိမ္းအတူတူ ကစားတာ၊ ေဆာ့တာေတြ လုပ္လို႔ရတယ္ေလ။ အကိုက ကိုယ့္ထက္ ပိုၿပီး တတ္ေနေတာ့ ကိုယ့္အတြက္ အကိုဟာ သူရဲေကာင္းေလးလိုပါပဲ။

ရန္ျဖစ္လို႔ရတယ္

အကိုနဲ႔ ရန္ျဖစ္ဖူးမွာပါေနာ္။ ရန္ျဖစ္ၿပီးရင္လည္း အကိုက အရင္စၿပီး ေခ်ာ့တာပဲမဟုတ္လား။ အကိုရွိတာ အႏိုင္က်င့္လို႔လည္းရတယ္။ တစ္ခုခုဆို ပူဆာလို႔လည္းရတယ္ေလ။

အကိုရွိတာ သင့္ဘ၀ကို ပိုၿပီး ေပ်ာ္ရႊင္ေစတယ္။ အဓိပၸာယ္ျပည့္စံုေစတယ္ဆိုရင္ ကိုယ့္ရဲ႕ အကိုကို Mention ေခၚလိုက္ၿပီး ေက်းဇူးတင္တဲ့အေၾကာင္း ေျပာလိုက္ပါေနာ္။

[Unicode]

ကိုယ့်အထက်မှာ အကိုတစ်ယောက်လောက်ရှိလားရှင့်။ ငယ်ငယ်တုန်းကဆို အကိုနဲ့ ကိုယ်က ကစားဖော်ကစားဖက်လေ။ အဲဒီလိုကစားရင် ဒဏ်ရာတွေရလို့ အမာရွတ်တွေ ကျန်ခဲ့တဲ့ သူတွေတောင်ရှိသေးတယ်။ အကိုနဲ့ အသက်အရမ်းကွာရင် ကိုယ်ငယ်ငယ်က အကိုဆိုတာ ကိုယ့်ရဲ့ အထိန်းတော်လေးလိုပါပဲ။

အကိုဆိုတာ ညီမတွေ ညီတွေအတွက်တော့ အကောင်းဆုံး လမ်းပြဖော်တစ်ယောက်လိုပါပဲ။ အကိုတစ်ယောက်ရှိခြင်းရဲ့ အားသာချက်တွေကို မျှဝေပေးသွားပါမယ်။

အကိုဟာ လုံခြုံမှု အပြည့်ပေးတယ်

သူငယ်ချင်းတွေက အနိုင်ကျင့်ရင် အကိုက အမြဲတမ်း ကိုယ့်ရှေ့ကနေ ကာကွယ်ပေးတယ်။ အကိုရှိတာကြောက့် ဘယ်သူနဲ့မှ အနိုင်ကျင့်တာမခံရဘူးလေ။

ယောင်္ကျားလေးတွေအကြောင်း ပိုပြီးနားလည်သွားမယ်

အကိုရှိတာကြောင့် ယောင်္ကျားလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်သွားမယ်။ တခြားယောင်္ကျားလေး သူငယ်ချင်းတွေနဲ့လည်း ပိုပြီး အဆင်ပြေပြေ ပေါင်းသင်းနိုင်တယ်။

ယောင်္ကျားလေးသူငယ်ချင်း ပိုများများရမယ်

အတန်းထဲက ဘော်ဒါတွေသာမက အကို့ရဲ့ သူငယ်ချင်းတွေနဲ့လည်း ခင်မင်မှုရမယ်။ မိန်းကလေး သူငယ်ချင်းထက် ယောင်္ကျားလေး သူငယ်ချင်းပိုပြီး များတတ်တယ်။

မိဘတွေကို ဆူတဲ့အခါ ကာကွယ်ပေးမယ်

သင့်ကို အမေ အဖေတွေက ဆူတဲ့အခါ ရှေ့ကနေ ကာပြောပေမယ့် သူရှိတော့ သင်ပိုပြီး သက်သောင့်သက်သာရှိတယ်။ ပြီးရင် အကိုက သင့်ကို အားပေးစကားလည်းပြောတယ်ဆိုရင် အားရှိတာပေါ့။

ရင်ဖွင့်တိုင်ပင်လို့ရတယ်

အကိုက ကိုယ့်ထက်အကြီးဆိုတော့ ကိုယ့်မှာ ပြဿနာ အခက်အခဲတွေ တစုံတရာရှိတဲ့အခါ ရင်ဖွင့်တိုင်ပင်လို့ရတယ်။ အကိုကြီးရှိတာ အားအကိုးရဆုံးပါပဲ။

ခေတ်စားနေတဲ့ အကြောင်းအရာတွေ၊ ဘဝကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာတွေ ပြောပြမယ်

အကိုက ကိုယ်ထက်ကြီးတာဆိုတော့ အခု လူငယ်တွေကြားမှာ ဘာတွေခေတ်စားနေတယ်။ ဘယ်သတင်းကတော့ နာမည်ကြီးနေတယ်ဆိုတာ အကိုကပြောပြလေ့ရှိတယ်လေ။ဘဝမှာ ဘယ်လိုအခက်ခဲတွေ ကြုံရနိုင်တယ်။ ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာကိုလည်း မျှဝေပေးတယ်လေ။

ဝါသနာပါရာ အတူတူ လုပ်ကြတယ်

အကိုနဲ့ TV အတူတူ ကြည့်တာ၊ ဂိမ်းအတူတူ ကစားတာ၊ ဆော့တာတွေ လုပ်လို့ရတယ်လေ။ အကိုက ကိုယ့်ထက် ပိုပြီး တတ်နေတော့ ကိုယ့်အတွက် အကိုဟာ သူရဲကောင်းလေးလိုပါပဲ။

ရန်ဖြစ်လို့ရတယ်

အကိုနဲ့ ရန်ဖြစ်ဖူးမှာပါနော်။ ရန်ဖြစ်ပြီးရင်လည်း အကိုက အရင်စပြီး ချော့တာပဲမဟုတ်လား။ အကိုရှိတာ အနိုင်ကျင့်လို့လည်းရတယ်။ တစ်ခုခုဆို ပူဆာလို့လည်းရတယ်လေ။

အကိုရှိတာ သင့်ဘဝကို ပိုပြီး ပျော်ရွှင်စေတယ်။ အဓိပ္ပာယ်ပြည့်စုံစေတယ်ဆိုရင် ကိုယ့်ရဲ့ အကိုကို Mention ခေါ်လိုက်ပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောလိုက်ပါနော်။