အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ ပီကေမဝါးဖူးတဲ့သူတွေတော့ မရှိပါဘူးနော်။ ဘာ့ကြောင့်ပီကေဝါးတာလဲ။ ကိုယ်ကတော့ ပျင်းလို့ ဘာမှလုပ်စရာမရှိရင် ပီကေဝါးတယ်၊ ခံတွင်းနံ့ရှင်းချင်ရင်ပဲ ဖြစ်ဖြစ်ပီကေဝါးတယ်။ တစ်ခါတစ်လေ စိတ်တိုနေရင်လည်း စိတ်တိုစေတဲ့အကြောင်းအရာကို ပီကေနဲ့အတူဝါးစားလိုက်တာပဲ။ ဒါပေမဲ့ ပီကေအရမ်းဝါးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဆယ်ကျော်သက်လေးတွေ ပီကေအရမ်းဝါးရင် ပျို့အန်ခြင်းနဲ့ အမြင်အာရုံထိခိုက်ပြီး ခေါင်းကိုက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ ပီကေကို တော်သင့်ရုံပဲ ဝါးရမယ်နော်။ ပီကေဝါးတဲ့ အကျိုးကျေးဇူး တွေက ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ဝိတ်ကျတယ်

Photo Source: bigthink.com

နေ့ခင်းစာ စားပြီးတိုင်း ပီကေဝါးတဲ့သူတွေက အစားစားချင်စိတ်ကို ဟန့်တားပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချချင်တဲ့ ပျိုမေလေးတွေက နေ့လည်စာစားတိုင်း ပီကေဝါးမယ်ဆိုရင် ကယ်လိုရီများတဲ့အစာတွေကို စိတ်ထဲကတမ်းတမိမှာမဟုတ်တော့ပါဘူး။

၂။ မှတ်ဥာဏ်တိုးစေတယ်

Photo Source: www.pulseheadlines.com

ပီကေဝါးနေတဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းအား၊ အာရုံစိုက်နိုင်မှုစွမ်းအားတွေက တိုးမြှင့်နေပါတယ်။ ဒါ့ကြောင့် ကျူတိုရီရယ်ဖြေနေတဲ့အချိန်၊ စာဖြေတဲ့အချိန်မျိုးမှာ ပီကေဝါးရင် ကျက်ထားတဲ့စာတွေမှတ်မိအောင် ကူညီပေးပါလိမ့်မယ်။

၃။ စိတ်လှုပ်ရှားခြင်းနဲ့ ဖိအားတွေကို လျော့နည်းစေတယ်

စိတ်ပညာရှင်တွေ ပြောပြချက်အရ စိတ်ဖိစီးနေတဲ့အချိန် ပီကေဝါးခြင်းက စိတ်ငြိမ်သွားပြီး တက်ကြွမှုရှိအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် စိတ်လှုပ်ရှားရင် ဒူးလှုပ်တတ်တဲ့အကျင့်ဆိုးရှိတဲ့သူ၊ လက်သည်းကိုက်တတ်တဲ့သူတွေက ပီကေဝါးပေးသင့်ပါတယ်။

၎။ အစာချေခြင်းကို တိုးတက်စေတယ်

Photo Source: www.hellodoctor.co.z

ပီကေဝါးခြင်းက အစားအစာတွေကို တိုက်ရိုက်ချေဖျက်တာမျိုးမဟုတ်ဘဲနဲ့ ပီကေဝါးလိုက်လို့ ဖြစ်ပေါ်လာတဲ့ ပါးစပါထဲကတံတွေးက အစာချေစနစ်ကိုတစ်ဖက်တစ်လှမ်းကနေ ကူညီပေးတာပါ။ ဒါ့ကြောင့် အစာစားပြီး ပီကေဝါးမယ်ဆိုရင် အစာမကျေဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

၅။ သွားပိုးစားခြင်းကို ကာကွယ်ပေးတယ်။

Photo Source: www.3vdental.com

သွားပိုးစားခြင်းးကို ကာကွယ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းကတော့ နေ့စဉ်ပုံမှန်သွားတိုက်ပေးရမှာ။ ဒါပေမဲ့လည်း အစာစားပြီးတိုင်းသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သွားခဏခဏတိုက်ရင်လည်း သွားကျန်းမာရေးအတွက် မကောင်းပါဘူး။ အဲ့ဒါဆို သွားပိုးမစားအောင် ဘယ်လိုလုပ်ပေးသင့်လဲဆိုရင် သကြားမပါတဲ့ ပီကေကို အစာစားပြီးတိုင်း မိနစ်နှစ်ဆယ်ခန့်ဝါးပေးရမယ်လို့ အမေရိကန်သွားကျန်းမာရးအဖွဲ့အစည်းက အကြံပေးထားပါတယ်။