သင်တို့နှစ်ယောက် ချစ်သူဖြစ်တာ မကြာသေးဘူး တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေဖြစ်နေပြီလား။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုတွေလျော့ပြီး တစ်ယောက်နဲ့တစ်ယောက် စပြီးစိတ်ကုန်လာကြပြီလား။ ဘာလို့လဲ။

သင်သူ့အပေါ် စိတ်ဝင်စားမှုရှိတယ်ဆိုတာကို ပြသလေ့မရှိဘူး

သင်တို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုရှိတယ်ဆိုတာကို ပြသလေ့မရှိဘူး။ သူစာပို့လာရင် ပြန်ဖို့သတိမရဘူး။ သူဖုန်းခ်ါထားရင် ပြန်ခေါ်ဖို့ မစဉ်းစားဘူး။ သူစကားပြောရင်လည်း နားထောင်လေ့မရှိဘဲ ဖုန်းပဲပွတ်နေတာမျိုး မလုပ်သင့်ပါဘူး။

ကျေးဇူးတင်ကြောင်း ဖော်ပြလေ့မရှိဘူး

သူ့အပေါ် ကိုယ်ဘယ်လောက်ထိစိတ်ဝင်စားမှုရှိတယ်ဆိုတာကို ပြသဖို့သလို သူ့ကို ကျေးဇူးတင်တတ်ဖို့လည်းလိုပါတယ်နော်။ သင့်ကို လက်ဆောင်ပေးတဲ့အခါ၊ အစားအစာဝယ်ကျွေးတဲ့အခါ၊ သင့်အတွက် စားစရာတွေချက်ပြုတ်ပေးတဲ့အခါ ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။

ကလေးတစ်ယောက်လိုပြုမူခြင်း

ကလေးတစ်ယောက်လိုပြုမူတာဟာ ချစ်သူနှစ်ဦးလမ်းခွဲရခြင်းရဲ့ ပြဿနာရပ်တစ်ခုထဲမှာပါဝင်ပါတယ်။ သင့်ချစ်သူအပေါ် ကလေးဆန်ဆန် ဆိုးတာမျိုးမဟုတ်ဘဲ သူ့အပေါ် လေးလေးစားစား ဆက်ဆံတာမျိုးလုပ်သင့်ပါတယ်။ ကိုယ့်အမှားကိုကိုယ် တာဝန်ယူတဲ့စိတ်မျိုးလည်းရှိသင့်ပါတယ်။

အတူတူ ရှိနေတဲ့အချိန်မှာတောင် အာရုံမစိုက်ခြင်း

ချစ်သူနှစ်ဦးအတူတူ ရှိနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ဖုန်းကိုပဲအာရုံစိုက်နေတာမျိုး မလုပ်သင့်ပါဘူး။

တခြားသူကို မထိတရိလုပ်ခြင်း

နှစ်ယောက်အတူတူ ဆိုင်ထိုင်နေတဲ့အချိန် (သို့) အတူတူ သွားလာတဲ့အချိန်မှာ စားပွဲထိုးကိုပဲဖြစ်ဖြစ် တခြားတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် မထိတရိစနောက်တာမျိုးလုပ်တာဟာ သင့်ကို သင့်ချစ်သူ စိတ်ကုန်သွားစေတဲ့အကြောင်းရင်းတစ်ခုပါပဲ။

အရင်ရည်းစားဟောင်းအကြောင်း ပြန်ပြောခြင်း

သင့်ချစ်သူ သင့်ကို စိတ်ကုန်သွားစေနိုင်တဲ့ အပြုအမူများ

သင့်အရင်ရည်းစားဟောင်းအကြောင်းပဲဖြစ်ဖြစ်၊ သူ့ရည်းစားဟောင်းအကြောင်းပဲဖြစ်ဖြစ် ပြန်ပြောတာဟာ တစ်ယောက်စိတ်ကိုတစ်ယောက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ရည်းစားဟောင်းအကြောင်းကို ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ် ပြန်မပြောသင့်ပါဘူး။

တကိုယ်ခေါင်းဆန်ခြင်း

တကိုယ်ခေါင်းဆန်ခြင်း အတ္တကြီးခြင်းဟာ သင်တို့နှစ်ယောက် အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။

မကြာခဏ နောက်ကျခြင်း

ချစ်သူနဲ့ ချိန်းထားတဲ့နေရာကိုလာဖို့ အချိန်စောပြီးမလာရင်တောင် နောက်ကျလာတာမျိုးမဖြစ်သင့်ပါဘူး။ ခဏခဏ နောက်ကျတာဟာ သူ့ကိုမလေးစားရာလည်းကျပါတယ်။

ယုံကြည်မှုမရှိခြင်း

သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိပါ။ သင့်ကိုယ်သင် ယုံကြည်မှုမရှိတာရော တခြားသူတွေကို ယုံကြည်မှုမရှိတာရောက သင်တို့နှစ်ယောက် ဆက်ဆံရေးကို ပျက်ပျယ်စေနိုင်ပြီး သင့်ချစ်သူက သင့်ကို စိတ်ကုန်သွားစေနိုင်ပါတယ်။

တကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း

တကိုယ်ရည်သန့်ရှင်းမှုမရှိဘူးဆိုတာဟာ ရေပုံမှန်မချိုးတာ ၊ သွားမတိုက်တာထက် အများကြီးပိုပါတယ်။ အဲဒီလို တကိုယ်ရေ သန့်ရှင်းမှုမရှိတာဟာ သင့်ကိုယ် သင်လေးစားမှုမရှိရာကျသလိုပဲ သင့်ဘေးကလူတွေကိုလည်း မလေးစားရာကျပါတယ်။

နောက်ထပ် သင့်ချစ်သူကို စိတ်ကုန်သွားစေတဲ့အပြုအမူတွေကတော့ မကြာခဏ စောတကတက်ခြင်း၊ အလွန်အမင်းဝေဖန်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လိမ်ခြင်း၊ ညာခြင်း၊ ချစ်သူနဲ့ ပြောဆိုဆက်သွယ်မှု အားနည်းခြင်း တို့ပဲဖြစ်ပါတယ်။