ဒီကနေ့ခေတ်မှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူအလုပ်တွေလုပ် မိသားစုဝမ်းရေးအတွက် ရှာဖွေနေကြပါပြီ။ အိမ်တွင်းပုန်းအိမ်ထောင်ရှင်မဆိုတာထက် စီးပွားရေးဖက်မှာလည်းဦးစီးဦးဆောင်လုပ်ကိုင်နိုင်သူတွေ အများကြီးပါပဲ။

ဒါကြောင့် အလုပ်တွေ ပိုပြီးရှုပ်လာကြလို့အလှအပအတွက် အချိန်သိပ်မပေးနိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် အလုပ်ရှုပ်တဲ့ အမျိုးသမီးတွေအတွက် အလှအပပိုင်းနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ရိုးရိုးရှင်းရှင်းပဲလိမ်းပါ

အလှပြင်ပစ္စည်းတွေအများကြီးထွက်ပေါ်နေလိုပ ဒါတွေအားလုံးကို လိုက်သုံးကြည့်နေစရာမလိုပါဘူး။ တကယ်လို့ အဲဒီလိုပစ္စည်းတွေနဲ့ အလှပြင်ချင်တယ်ဆိုရင်လည်း အားလပ်ရက်မှာပဲ ပြင်လိုက်ရအောင်။ အလုပ်သွားမယ့်ရက်တွေမှာတော့ မိတ်ကပ်ပါးပါးနဲ့ ပါးနီ၊ နှုတ်ခမ်းနီနဲ့ Eyeshadow လေးလိမ်းလိုက်ရင်ရပါပြီ။

မိတ်ကပ်ပစ္စည်းတွေကိုသေချာစီမံပါ

မိတ်ကပ်ပစ္စည်းတွေကို သေချာလေးစီမံထားပါ။ မိတ်ကပ်လိမ်းခါနီးမှ ဖောင်ဒေးရှင်းကဘယ်မှာလဲ၊ Mascara ကဘယ်နားထားမိသလဲဆိုတာမျိုးမဖြစ်အောင် သူ့နေရာနဲ့ သူ သေချာခွဲထားပါ။

အသားအရေ ထိန်းသိမ်းနည်း

အလုပ်ရှုပ်တဲ့ မိန်းကလေးတွေသိသင့်တဲ့ အလှပဆိုင်ရာ နည်းလမ်းများ

အလုပ်ရှုပ်တဲ့သူတွေကတော့ Skincare ကို အချိန်တွေအကြာကြီးပေးပြီး လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ရိုးရှင်းတဲ့ အသားအရေထိန်းသိမ်းနည်းကို ပြောပြပေးပါမယ်။ နေရောင်ကနေကာကွယ်ဖို့ နေလောင်ကာကွယ်တာပါတဲ့ Sun Cream ကို မိတ်ကပ်မလိမ်းခင်လိမ်းလိုက်ပါ။ အပြင်ကနေပြန်လာရင် မျက်နှာပေါ်က မိတ်ကပ်ကို သေချာဖျက်ပါ။ မိတ်ကပ်လိမ်းရက်သားနဲ့ လုံးဝမအိပ်ပါနဲ့။ မိတ်ကပ်ဖျက်ပြီး မျက်နှာသေချာသစ်ပြီးရင် Moisturizer လိမ်းပြီး အိပ်ယာဝင်လိုက်ပါ။ အချိန်နည်းနည်းရရင် မိတ်ကပ်ဖျက် မျက်နှာသစ်ပြီးတာနဲ့ မျက်နှာကပ်တဲ့ ပေါင်းတင်တဲ့အရွက်ကို ကပ်ပြီး သေချာရေပြန်ဆေးကာ Moisturizer လိမ်းပြီး အိပ်ယာဝင်လိုက်ပါ။

Dry Shampoo သုံးပါ

အလုပ်ကလည်းမအားဘူး၊ ဆံပင်လည်းအဆီပြန်နေပြီ။ ခေါင်းလျှော်ဖို့ အချိန်မရှိတော့ဘူးဆိုရင် သင့်ရဲ့ အဆီပြန်နေတဲ့ ဆံသားအတွက် Dry Shampoo ကအသင့်တော်ဆုံးပါပဲ။ Dry Shampoo ကို ဦးရေပြားနဲ့ ဆံပင် အမြစ်နားတွေမှာ ဖျန်းလိုက်ပြီး ခေါင်းဘီး(သို့ )လက်နဲ့ ဆံပင်ကို ဖြီးလိုက်ပါ။ ပြီးရင် Dryer မှုတ်လိုက်ပါ။