မိန်းကလေးတွေဆိုတာ အလှအပနဲ့ပတ်သက်လာရင် အရာအားလုံးကို ကောင်းကောင်းမွန်မွန်သိထားဖို့က အရေးကြီးပါတယ်။ ဒါမှလည်း အလှအပအတွက် ထိန်းသိမ်းစောင့်ရှောက်သင့်တာတွေကို စောင့်ရှောက်လို့ရမှာပေါ့။ ခေါင်းအစခြေအဆုံး အလှအပနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကတော့…

အပူလောင်တာ

တခါတလေမှာ မတော်တဆဖြစ်တတ်တဲ့ ဆီပူလောင်တာတွေ၊ ရေနွေးပူလောင်တာတွေ စတဲ့အပူလောင်တာမျိုးတွေဖြစ်တဲ့အခါမှာ ပျားရည်ကိုအပူလောင်တဲ့ နေရာမှာလိမ်းထားပေးမယ်ဆိုရင် အရည်ကြည်ဖုဖြစ်တာကို လျော့နည်းစေမှာပဲဖြစ်ပါတယ်။

ဖိနပ်အသစ်စီးတဲ့အခါ

ဖိနပ်အသစ်တွေကို စပြီးစီးတဲ့အခါမှာ ဖိနပ်ပေါက်တဲ့ဒဏ်ကို ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်ရအောင် ဖိနပ်အသစ်စပြီး စီးတယ်ဆိုတာနဲ့ ချွေးနံ့ပျောက်ဆေးကို ခြေထောက်တစ်ခုလုံးမှာ ပွတ်လိမ်းပေးထားလိုက်ရင် ဖိနပ်ပေါက်တာမျိုးတွေမဖြစ်လာတော့ပါဘူး။

မျက်ကွင်းတွေညိုနေတယ်ဆိုရင်

အိပ်ရေးတွေပျက်တာကြောင့် မျက်ကွင်းညိုတာမျိုးတွေဖြစ်နေမယ်ဆိုရင် ရေခဲသေတ္တာထဲထည့်ထားတဲ့ ဇွန်းကိုမျက်လုံးပေါ်မှာ ၅မိနစ်လောက်ကပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာတွေကို လျော့နည်းစေမှာပဲဖြစ်ပါတယ်။

ဝက်ခြံပြဿနာ

သင့်မျက်နှာပေါ်မှာ ဝက်ခြံတွေဖြစ်လာပြီဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ရှားစောင်းလက်ပတ်အရည်ကို မျက်နှာပေါ်မှာ ပွတ်လိမ်းပေးမယ်ဆိုရင် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပေးပြီးအသားအရေကိုလည်း ကြည်လင်လာစေမှာပဲဖြစ်ပါတယ်။

မျက်နှာလေးကိုပြောင်တင်းချင်တယ်ဆိုရင်

မျက်နှာအသားအရေလေးကို အရေးအကြောင်းမရှိပဲ ပြောင်ပြောင်တင်းတင်းလေး ဖြစ်နေချင်တယ်ဆိုရင်တော့ ရေခဲတုံးကိုမျက်နှာပေါ်မှာ သေချာပွတ်ပေးမယ်ဆိုရင် လိုချင်တဲ့ရလဒ်မျိုးကို အချိန်တိုအတွင်းမှာရရှိနိုင်ပါတယ်။

အလှအပဆိုရင် စိတ်ဝင်စားတဲ့ပျိုမေတွေအနေနဲ့ ဒီအချက်တွေကို သေချာသိထားပြီး လိုက်လုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာပဲဖြစ်ပါတယ်။

Photo Source: Pexels