[Zawgyi]

တစ္ေန႔တစ္ျခား ပိုလွလာဖို႔ ပိုႏုပ်ိဳလာဖို႔က ကၽြန္မတို႔ မိန္းကေလးေတြရဲ႕ ျဖစ္ခ်င္တဲ့ ဆႏၵေတြပဲမဟုတ္ပါလား။ မ်က္ႏွာအသားအေရလွဖို႔ ေပါင္းတင္ၾကတယ္၊ အသားအေရထိန္းသိမ္းမႈျပဳလုပ္ၾကတယ္။ မ်က္ေတာင္ရွည္ဖို႔ မ်က္ေတာင္ေကာ့ေဆးဆုိးၾကတယ္။ ဆံပင္ေပ်ာ့ေပ်ာင္းဖို႔ ဖေယာင္းသြင္းၾကတယ္။ အမ်ိဳးမ်ိဳးပါပဲ။

မိန္းကေလးတစ္ေယာက္အတြက္ ေခါင္းအစေျခအဆံုး ျပည့္စံုလွပဖို႔ ကုန္က်မယ့္ ေငြေၾကးကလည္း မ်ားလြန္းလွပါတယ္။ ခုေျပာျပမယ့္ အေၾကာင္းအရာေတြကေတာ့ ပ်ိဳေမတို႔အတြက္ Budget ေခၽြတာရာေရာက္ၿပီး ထိေရာက္တဲ့နည္းလမ္းေတြျဖစ္ပါတယ္။ သဘာဝနည္းလမ္းေတြမို႔ ပ်ိဳေမတို႔ အႏၱရာယ္ျဖစ္မွာကိုလည္း မစိုးရိမ္ရပါဘူး။ ဒီနည္းလမ္းေတြကေတာ့-

၁။ မ်က္ေတာင္ထူထဲရွည္လ်ားဖို႔

Source: Fab How

သင္က ရွည္လ်ားေကာ့စင္းတဲ့ မ်က္ေတာင္ေတြကို ပိုင္ဆိုင္ခ်င္ရင္ေတာ့ ရွားေစာင္းလတ္ပတ္၊ ဗီတာမင္အီးနဲ႔ ၾကက္ဆူဆီကို ခြက္တစ္ခြက္ထဲေရာေပးပါ။ ဒါကို ညအိပ္ရာဝင္ခါနီးတိုင္း မ်က္ေတာင္မွာ လိမ္းေပးပါ။ မနက္မိုးလင္းတာနဲ႔ေဆးခ်ပါ။ တကယ္လို႔ မနက္မွာထပ္လိမ္းခ်င္ရင္လည္း လိမး္ႏုိင္ပါတယ္။ ရလဒ္က သင့္အတြက္ အံ့မခန္းျဖစ္ေစမွာပါ။

၂။ မ်က္ကြင္းညိဳတာအတြက္

Source: vietgiaitri.com

မ်က္ကြင္းညိဳတဲ့ကိစၥမွာ ပထမဆံုးေျပာင္းလဲရမွာကေတာ့သင့္ရဲ႕ အိပ္ခ်ိန္ပါ။ အိပ္ခ်ိန္ကို မွန္မွန္ထားဖို႔ လိုပါတယ္။ ဒါၿပီးရင္ေတာ့ ေကာ္ဖီမႈန္႔ နဲ႔ အုန္းဆီကို ေရာေပးပါ။ ဒီအေရာကို ညိဳေနတဲ့မ်က္ကြင္းေပၚလိမ္းေပးပါ။ ဒါကို တစ္ပတ္အနည္းဆံုးျပဳလုပ္ရမွာျဖစ္ၿပီး ေန႔စဥ္ျပဳလုပ္ရပါမယ္။

၃။ အေၾကာပ်က္ရာအတြက္

Source: YouTube

သင့္မွာ အေၾကာပ်က္ရာေတြရွိတာနဲ႔ပဲ တစ္သက္လံုး မေပ်ာက္ေတာ့ဘူးလို႔ မထင္ပါနဲ႔ေနာ္။ ေျမမႈန္႔၊ ေရနဲ႔ က်ိတ္ထားတဲ့ ဂ်င္းမႈန္႔ကို ေရာေပးပါ။ ဒီအေရာကို အေၾကာပ်က္ရာေပၚလိမ္းေပးပါ။

၄။ က်ိဳးပဲ့လြယ္တဲ့ လက္သည္းေတြအတြက္

Source: ThHearty Soul

အမ်ိဳးသမီးအမ်ားစုရဲ႕ လက္သည္းေတြက က်ဳးိလြယ္ပဲ့လြယ္ပါတယ္။ ဒါဟာ ကယ္ဆီယမ္ခ်ိဳ႕တဲ့လို႔ပါ။ ဒီအတြက္ ကယ္ဆီယမ္ပါဝင္မႈမ်ားတဲ့ အစားအေသာက္ေတြကို စားရပါမယ္။ ထိန္းသိမ္းနည္းကေတာ့ Lavender အဆီ၊ ပ်ားရည္နဲ႔ အုန္းဆီအေရာထဲ လက္သည္းႏွစ္ေပးပါ။ ၁၅ မိနစ္ၾကာႏွစ္ေပးပါ။

၅။ ေနေလာင္တာအတြက္

Source: Health | HowStuffWorks

ေနေလာင္တာအတြက္ ကုသနည္းကေတာ့ ေရေႏြးေႏြးထဲမွာ မုန္႔ဖုတ္ေဆာ္ဒါအနည္းငယ္ထည့္ျပီး ေရခ်ိဳးေပးပါ။ သင့္အသားအေရကို ျပန္လည္စိုေျပေစပါတယ္။

၆။ မ်က္ႏွာ Glow ျဖစ္ဖုိ႔

Source: Link Feel

ဒီအတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့ Charcoal အမႈန္႔၊ Gelatin မႈန္႔နဲ႔၊ ေရပါ။ ဒီသံုးမ်ိဳးကို က်ိဳေပးပါ။ ၿပီးတာနဲ႔ အေအးခံပါ။ ဒီအေရာကို မ်က္ႏွာမွာ Mask ပံုစံကပ္ေပးပါ။ ေျခာက္တဲ့အခါ ေရေဆးခ်ပါ။ Glow ျဖစ္မွာ အေသအခ်ာပါပဲ။

၇။ သင့္သြားေတြ ပုလဲလံုးလို ျဖဴေဖြးဖို႔

Source: SheKnows

စေတာ္ဘယ္ရီသီးကို ႏွစ္ျခမ္းခြဲပါ။ ဒီေပၚမွာ မုန္႔ဖုတ္ေဆာ္ဒါကို ျဖဴးေပးပါ။ ၿပီးရင္ စေတာ္ဘယ္ရီျခမ္းနဲ႔ သင့္သြားကိုပြတ္ေပးပါ။ ဝါေနတဲ့သြားေတြ ျဖဴစင္သြားပါလိမ့္မယ္။

၈။ မ်က္ႏွာလန္းဆန္းဖို႔

Source: Beauty By Earth

အိပ္ရာဝင္ခါနီးတိုင္း ရွားေစာင္းလတ္ပတ္လိမ္းေပးပါ။ သင့္အသားအေရကို ႏူးညံ့ေစမွာပါ။

၉။ ရင္သားတင္းရင္းေစဖို႔

Source: Quora

ရင္သားႀကီးဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ သင္ထင္ပါသလား။ မဟုတ္ပါဘူး။ ပ်ိဳေမတို႔အတြက္ အၿမဲအသံုးဝင္တဲ့ Vaseline က ကူညီေပးမွာပါ။ ညအိပ္ရာဝင္ခါနီးတုိင္း Vaseline ကို သင့္ရင္သားေပၚပင့္တင္ၿပီး လိမ္းေပးပါ။ ႏုိ႔သီးေခါင္းကိုေတာ့ လံုးဝမထိပါေစနဲ႔။ သင့္ရင္သားတင္းရင္းလာမွာပါ။

အလွအပနည္းလမ္းေတြျပဳလုပ္တာက ေကာင္းပါတယ္။ ဒါေပမဲ့ သင္က နဂိုတည္းက လွတယ္ဆိုတာလည္း မေမ့ပါနဲ႔ေနာ္။ အားလုံးမွာ အလွကိုယ္စီရွိပါတယ္။ သင့္ကိုယ္သင္သာ ဒီနည္းလမ္းေတြနဲ႔ ဂရုစိုက္ေပးပါ။ ေန႔တုိင္း Slay ၿပီးအၿမဲလွပေနမွာပါ။

By MyStyle Myanmar

[Unicode]

တစ်နေ့တစ်ခြား ပိုလှလာဖို့ ပိုနုပျိုလာဖို့က ကျွန်မတို့ မိန်းကလေးတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေပဲမဟုတ်ပါလား။ မျက်နှာအသားအရေလှဖို့ ပေါင်းတင်ကြတယ်၊ အသားအရေထိန်းသိမ်းမှုပြုလုပ်ကြတယ်။ မျက်တောင်ရှည်ဖို့ မျက်တောင်ကော့ဆေးဆိုးကြတယ်။ ဆံပင်ပျော့ပျောင်းဖို့ ဖယောင်းသွင်းကြတယ်။ အမျိုးမျိုးပါပဲ။

မိန်းကလေးတစ်ယောက်အတွက် ခေါင်းအစခြေအဆုံး ပြည့်စုံလှပဖို့ ကုန်ကျမယ့် ငွေကြေးကလည်း များလွန်းလှပါတယ်။ ခုပြောပြမယ့် အကြောင်းအရာတွေကတော့ ပျိုမေတို့အတွက် Budget ချွေတာရာရောက်ပြီး ထိရောက်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေမို့ ပျိုမေတို့ အန္တရာယ်ဖြစ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ ဒီနည်းလမ်းတွေကတော့-

၁။ မျက်တောင်ထူထဲရှည်လျားဖို့

Source: Fab How

သင်က ရှည်လျားကော့စင်းတဲ့ မျက်တောင်တွေကို ပိုင်ဆိုင်ချင်ရင်တော့ ရှားစောင်းလတ်ပတ်၊ ဗီတာမင်အီးနဲ့ ကြက်ဆူဆီကို ခွက်တစ်ခွက်ထဲရောပေးပါ။ ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း မျက်တောင်မှာ လိမ်းပေးပါ။ မနက်မိုးလင်းတာနဲ့ဆေးချပါ။ တကယ်လို့ မနက်မှာထပ်လိမ်းချင်ရင်လည်း လိမ်းနိုင်ပါတယ်။ ရလဒ်က သင့်အတွက် အံ့မခန်းဖြစ်စေမှာပါ။

၂။ မျက်ကွင်းညိုတာအတွက်

Source: vietgiaitri.com

မျက်ကွင်းညိုတဲ့ကိစ္စမှာ ပထမဆုံးပြောင်းလဲရမှာကတော့သင့်ရဲ့ အိပ်ချိန်ပါ။ အိပ်ချိန်ကို မှန်မှန်ထားဖို့ လိုပါတယ်။ ဒါပြီးရင်တော့ ကော်ဖီမှုန့် နဲ့ အုန်းဆီကို ရောပေးပါ။ ဒီအရောကို ညိုနေတဲ့မျက်ကွင်းပေါ်လိမ်းပေးပါ။ ဒါကို တစ်ပတ်အနည်းဆုံးပြုလုပ်ရမှာဖြစ်ပြီး နေ့စဉ်ပြုလုပ်ရပါမယ်။

၃။ အကြောပျက်ရာအတွက်

Source: YouTube

သင့်မှာ အကြောပျက်ရာတွေရှိတာနဲ့ပဲ တစ်သက်လုံး မပျောက်တော့ဘူးလို့ မထင်ပါနဲ့နော်။ မြေမှုန့်၊ ရေနဲ့ ကျိတ်ထားတဲ့ ဂျင်းမှုန့်ကို ရောပေးပါ။ ဒီအရောကို အကြောပျက်ရာပေါ်လိမ်းပေးပါ။

၄။ ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေအတွက်

Source: ThHearty Soul

အမျိုးသမီးအများစုရဲ့ လက်သည်းတွေက ကျုးိလွယ်ပဲ့လွယ်ပါတယ်။ ဒါဟာ ကယ်ဆီယမ်ချို့တဲ့လို့ပါ။ ဒီအတွက် ကယ်ဆီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားရပါမယ်။ ထိန်းသိမ်းနည်းကတော့ Lavender အဆီ၊ ပျားရည်နဲ့ အုန်းဆီအရောထဲ လက်သည်းနှစ်ပေးပါ။ ၁၅ မိနစ်ကြာနှစ်ပေးပါ။

၅။ နေလောင်တာအတွက်

Source: Health | HowStuffWorks

နေလောင်တာအတွက် ကုသနည်းကတော့ ရေနွေးနွေးထဲမှာ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီး ရေချိုးပေးပါ။ သင့်အသားအရေကို ပြန်လည်စိုပြေစေပါတယ်။

၆။ မျက်နှာ Glow ဖြစ်ဖို့

Source: Link Feel

ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ Charcoal အမှုန့်၊ Gelatin မှုန့်နဲ့၊ ရေပါ။ ဒီသုံးမျိုးကို ကျိုပေးပါ။ ပြီးတာနဲ့ အအေးခံပါ။ ဒီအရောကို မျက်နှာမှာ Mask ပုံစံကပ်ပေးပါ။ ခြောက်တဲ့အခါ ရေဆေးချပါ။ Glow ဖြစ်မှာ အသေအချာပါပဲ။

၇။ သင့်သွားတွေ ပုလဲလုံးလို ဖြူဖွေးဖို့

Source: SheKnows

စတော်ဘယ်ရီသီးကို နှစ်ခြမ်းခွဲပါ။ ဒီပေါ်မှာ မုန့်ဖုတ်ဆော်ဒါကို ဖြူးပေးပါ။ ပြီးရင် စတော်ဘယ်ရီခြမ်းနဲ့ သင့်သွားကိုပွတ်ပေးပါ။ ဝါနေတဲ့သွားတွေ ဖြူစင်သွားပါလိမ့်မယ်။

၈။ မျက်နှာလန်းဆန်းဖို့

Source: Beauty By Earth

အိပ်ရာဝင်ခါနီးတိုင်း ရှားစောင်းလတ်ပတ်လိမ်းပေးပါ။ သင့်အသားအရေကို နူးညံ့စေမှာပါ။

၉။ ရင်သားတင်းရင်းစေဖို့

Source: Quora

ရင်သားကြီးဖို့ မဖြစ်နိုင်တော့ဘူးလို့ သင်ထင်ပါသလား။ မဟုတ်ပါဘူး။ ပျိုမေတို့အတွက် အမြဲအသုံးဝင်တဲ့ Vaseline က ကူညီပေးမှာပါ။ ညအိပ်ရာဝင်ခါနီးတိုင်း Vaseline ကို သင့်ရင်သားပေါ်ပင့်တင်ပြီး လိမ်းပေးပါ။ နို့သီးခေါင်းကိုတော့ လုံးဝမထိပါစေနဲ့။ သင့်ရင်သားတင်းရင်းလာမှာပါ။

အလှအပနည်းလမ်းတွေပြုလုပ်တာက ကောင်းပါတယ်။ ဒါပေမဲ့ သင်က နဂိုတည်းက လှတယ်ဆိုတာလည်း မမေ့ပါနဲ့နော်။ အားလုံးမှာ အလှကိုယ်စီရှိပါတယ်။ သင့်ကိုယ်သင်သာ ဒီနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးပါ။ နေ့တိုင်း Slay ပြီးအမြဲလှပနေမှာပါ။

By MyStyle Myanmar