မင်္ဂလာပါနော်။ ဒီတခါမှာတော့ နာမည်ကျော်တွေရဲ့ ဖက်ရှင်တွေကို ဖော်ပြနေရာမှာ Beauty Blogger နေခြည်ဦးရဲ့ ဖက်ရှင်ကို မျှဝေပေးသွားမှာပါနော်။ အမြဲတမ်းအထာကျတဲ့ သူတစ်ဦးဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသလို PR ကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

Chillie လေးတွေရဲ့ အသည်းကျော် Blogger တစ်ဦးဖြစ်သလို အချိန်တိုတိုနဲ့ အောင်မြင်မှုရလာတဲ့ Blogger တစ်ဦးဆိုလည်းမမှားပါဘူး။

နေခြည့်ကို အပြင်မှာပဲတွေ့တွေ့ ပွဲတွေမှာပဲတွေ့တွေ့ အမြဲတမ်း ဖက်ရှင်ကျကျဝတ်ဆင်တတ်ပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း အမိုက်စားပုံလေးတွေကို မြင်တွေ့ရလေ့ရှိပါတယ်။

သူ့အပေါ် ဘယ်လိုဝေဖန်တိုက်ခိုက်မှုတွေပဲရှိရှိ အမြဲတမ်း အပြုံးလေးနဲ့သာ အေးဆေး တုံ့ပြန်တတ်သူတစ်ဦးဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကိုပါ သိမ်းပိုက်ထားနိုင်သူလေးပါ။

အမြဲတမ်း အထာကျသူတစ်ဦးဖြစ်ပြီး မြန်မာဝတ်စုံဆိုလည်း မြန်မာဝတ်စုံမို့၊ ပေါ့ပေါ့ပါးပါးဖက်ရှင်ဆိုလည်း ပေါ့ပေါ့ပါးပါးဖက်ရှင်မို့ ၊ ခပ်မိုက်မိုက်ဖက်ရှင်ဆိုလည်း ခပ်မိုက်မိုက်ဖက်ရှင်မို့ဘာပဲဝတ်ဝတ် အမြဲတမ်း စတိုင်လ်ကျနေသူတစ်ဦးဖြစ်ပါတယ်။

နေခြည်ဦးရဲ့ ဖက်ရှင်ကို မျှဝေပေးလိုက်ပါတယ်နော်။

ပေါ့ပေါ့ပါးပါးတွေ့ရတဲ့ နေခြည်ဦး

မြန်မာဆန်ဆန်တွေ့ရတဲ့ နေခြည်ဦး

အမိုက်စားဖက်ရှင်နဲ့ တွေ့ရတဲ့ နေခြည်ဦး

နေခြည်ဦး ရဲ့ ပွဲတက်ဖက်ရှင်