မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို ပံ့ပိုးပေးတဲ့အဓိကအရာက ဖက်ရှင်ပါ။ ဖက်ရှင်ကျနေတဲ့ မိန်းကလေးတစ်ယောက်ကို အားလုံးအားကျကြပါတယ်။ သင်ကော ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက်မဖြစ်ချင်ဘူးလား။

အပြင်ထွက်ခါနီးတိုင်း အဝတ်တွေရှိရက်နဲ့ ဘာဝတ်ရမှန်းမသိဖြစ်နေပြီလား။ စတိုင်ကျဖို့အတွက် အခြေခံကျတဲ့ အဝတ်အစားတွေလိုအပ်ပါတယ်။ ဆိုလိုတာက တစ်ထည်တည်းနဲ့ ပုံစံမျိုးစုံဝတ်လို့ရတာမျိုးပါ။

ဒီလိုအဝတ်အစားတွေက ဘယ်လိုပုံစံတွေလဲ။ သင့်ရဲ့ အဝတ်ဗီဒိုထဲမှာ ရှိသင့်တဲ့ အဝတ်အစား ၈ မျိုးကတော့-

၁။ Sweatshirt

ဒီအင်္ကျီက သင့်အဝတ်ဗီဒိုထဲမှာ တစ်ထည်တော့ရှိထားသင့်ပါတယ်။ အရောင်ကတော့ အဝတ်အစားတိုင်းနဲ့လိုက်ဖက်တဲ့ အဖြူနဲ့အမည်းပေါ့။ Sweatshirt ကို ထဘီ၊ ဘောင်းဘီ၊ စကပ်အကုန်လုံးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သင့်ဗီဒိုထဲမှာ Sweatshirt မရှိသေးရင်တော့ ဝယ်ထားလိုက်ပါတော့။ Sweatshirt ဝတ်ဆင်ပုံတွေကတော့

၂။ အနက်ရောင်စကပ်အကား (အတို သို့မဟုတ် အရှည်)

အတိုဝတ်ရတာ သဘောကျတဲ့ မိန်းကလေးတိုင်းမှာ စကပ်အမည်းလေးရှိထားသင့်ပါတယ်။ အမည်းရောင်က အဝတ်အစားတိုင်းနဲ့ လိုက်ဖက်တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အတိုအပြတ်မဝတ်ရဲတဲ့ မိန်းကလေးတွေကတော့ ဒူးဖုံးစကပ်ကားဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင်စကပ်အတိုကိုတော့ ထသွားထလာဝတ်ဆင်နိုင်တဲ့အပြင် ပွဲတက်တဲ့အချိန်လည်း ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင်ရွေးချယ်တဲ့နေရာမှာလည်း Monochromatic အရောင်မျိုးရွေးရပါမယ်။ အနက်ရောင်စကပ်အကားဝတ်ဆင်ပုံတွေကတော့-

၃။ အနက်ရောင်ကုတ်အင်္ကျီ

မိန်းကလေးတစ်ယောက်ရဲ့ ဖက်ရှင်ကို ပိုပေါ်လွင်သွားဖို့ အပေါ်ထပ်တွေက ပံ့ပိုးပေးပါတယ်။ အနက်ရောင်ကုတ်အင်္ကျီက သင့်အဝတ်ဗီဒိုမှာ မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစားတစ်မျိုးပါ။ အစည်းအဝေးတက်တဲ့အချိန်၊ လူကြီးလူကောင်းတွေနဲ့ တွေ့ရမယ့်အချိန်မျိုးမှာ အနက်ရောင်ကုတ်အင်္ကျီက သင့်ကို ကူညီပေးမှာပါ။ အနက်ရောင်ကုတ်အင်္ကျီဝတ်ဆင်ပုံတွေကတော့-

၎။ အဖြူရောင်ရှပ်အင်္ကျီ

အဖြူရောင်က ဘယ်ဟာနဲ့တွဲဝတ်ဝတ်လိုက်ဖက်ပါတယ်။ သင့်အလှကို ပိုလင်းသွားတာလည်း အဖြူရောင်ပါ။ အဖြူရောင်ရှပ်အင်္ကျီကလည်း မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစားတစ်မျိုးပါ။ အဖြူရောင်ရှပ်အင်္ကျီနဲ့ ထဘီ၊ စကပ်၊ ဘောင်းဘီ အထည်မရွေး ဝတ်ဆင်နိုင်ပါတယ်။ အဖြူရောင်ရှပ်အင်္ကျီနဲ့ ဝတ်ဆင်ပုံတွေကတော့-

၅။ အနက်ရောင်ဂါဝန်

မိန်းကလေးဆန်ဆန်ဝတ်ချင်တဲ့ ကောင်မလေးတိုင်းမှာ မရှိမဖြစ်ရှိသင့်တဲ့ အင်္ကျီကတော့ အနက်ရောင်ဂါဝန်ပါ။ ပွဲတွေသွားချင်လို့ပဲဖြစ်ဖြစ်၊ ပုံမှန်ထသွားထလာ ဝတ်ချင်လို့ပဲဖြစ်ဖြစ် အနက်ရောင်ဂါဝန်ကို ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင်ဂါဝန်အပေါ်မှာ အနက်ရောင်ဂျက်ကတ်၊ ဂျင်းအနွေးထည်ထပ်ဝတ်ပြီး ပုံစံအမျိုးမျိုး ပြောင်းဝတ်နိုင်ပါတယ်။ အနက်ရောင်ဂါဝန်ဝတ်ဆင်ပုံတွေကတော့-

၆။ အပြာရောင်ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီတစ်ထည်ကိုတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ထားကြမှာပါ။ အပြာရောင်ဂျင်းဘောင်းဘီကို အဝတ်အစားတိုင်းနဲ့ တွဲဖက်ဝတ်နိုင်ပါတယ်။ အပြာရောင်ကိုမှ အနုကိုသဘောကျလား။ အရောင်ရင့်ကို သဘောကျလား သင်ရွေးချယ်ရပါမယ်။ တင်ပါးကြီးတယ်ထင်ရအောင် ဘောင်းဘီနောက်မှာ အိတ်ကပ်ပါတဲ့ ဂျင်းဘောင်းဘီမျိုးရွေးချယ်ရပါမယ်။ အပြာရောင်ဂျင်းဝတ်ဆင်ပုံတွေကတော့-

၇။ အဖြူ သို့မဟုတ် အနက်ရောင်ဂျင်းဘောင်းဘီ

အပြာရောင်ဂျင်းအပြင် အနက်ရောင်သို့မဟုတ် အဖြူရောင်ဂျင်းဘောင်းဘီကလည်း သင့်ဖက်ရှင်ကို ပိုဆန်းသစ်စေမှာပါ။ အဖြူရောင်ကတော့ အစွန်းအထင်းမခံတာကြောင့် အဖြူထက် အနက်ရောင်ကတော့ ပိုအဆင်ပြေမှာပါ။ ရာသီဥတုပူတဲ့အချိန်တွေမှာတော့ အနက်ရောင်ဘောင်းဘီက သင့်အတွက်အဆင်မပြေနိုင်ပါဘူး။ အနက်ရောင်က လူကို ပိန်စေပြီး၊ အဖြူရောင်ကတော့ သင့်ကို လူကောင်ကြီးစေပါတယ်။ ဒါကြောင့် သင့်ရွေးချယ်မှုပေါ်မူတည်ပါတယ်။ ဝတ်ဆင်ပုံတွေကတော့-

မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစား ၈ မျိုးအပြင် အပိုဆောင်းအနေနဲ့ ရှိသင့်တဲ့ အဝတ်အစားတစ်မျိုးကို လက်ဆောင်အနေနဲ့ ပြောပြချင်ပါတယ်။ ဒါကတော့ Jogger လို့ခေါ်တဲ့ ဘောင်းဘီအပွတွေပါ။ အခုနောက်ပိုင်း မိန်းကလေးတော်တော်များများဝတ်လာကြပါတယ်။ သင့်အနေနဲ့ အပွဝတ်ရတာ မကြိုက်ရင်တော့ Jogger pants က အဆင်မပြေပါဘူး။ အားကစားလုပ်တဲ့အချိန် Jogger pants နဲ့ဆိုအဆင်ပြေပါတယ်။

၈။ အနက်ရောင်ဂျက်ကတ်အင်္ကျီ

နောက်ဆုံးတစ်မျိုးကို ရောက်လာပါပြီ။ အနက်ရောင်ကုတ်အင်္ကျီအပြင် မိန်းကလေးတွေအတွက် လိုအပ်တဲ့ အဝတ်အစားတစ်မျိုးက အနက်ရောင်ဂျက်ကတ်အင်္ကျီပါ။ ဒီအင်္ကျီက သင့်ကို စမတ်ကျစေပြီး သားနားစေပါတယ်။ ဂျက်ကတ်အင်္ကျီဝတ်ဆင်ပုံတွေကတော့-

နောက်ဆုံးအချက်အနေနဲ့ အကြံပေးလိုတာကတော့ အဝတ်အစားအပြင် Accessories လေးတွေပါ ဝတ်ဆင်ပေးပါ။ နားကပ်၊ ခါးပတ်၊ ဆွဲကြိုးစတဲ့ Accessories တွေကို ကိုယ်သဘောကျသလို တွဲဝတ်ပေးတာက ဖက်ရှင်ပိုကျစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar