ငှက်ပျောသီးတစ်လုံးဟာ ပျိုမေတို့ရဲ့အလှအပရေးရာအတွက် အရမ်းကိုအထောက်အကူပြုစေတဲ့ အသီးတစ်မျိုးပါ။ ဈေးပေါပေါနဲ့ လွယ်လွယ်တကူဝယ်လို့ရနေတဲ့ ငှက်ပျောသီးကို ပျိုမေတို့ရဲ့ အလှအပရေးရာတွေမှာ ဘယ်လိုပြန်လည်အသုံးချလို့ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပျိုမေတိုရဲ့မျက်နှာကို တင်းရင်းပြီးနူးညံ့ချောမွတ်လာစေဖို့ ငှက်ပျောသီးတစ်လုံးကို အသုံးချလိုက်ပါ။ လုပ်ရမယ့်ပုံစံကတော့ ငှက်ပျောသီးတစ်လုံးကို ပန်းကန်ထဲထည့်ပြီး ကျေညက်နေအောင်ချေပါ။ ပြီးရင်တော့ Brush နဲ့ယူပြီး မျက်နှာမှာသုတ်လိမ်းကာ ပေါင်းတင်ပေးရပါမယ်။

Source: www.homeremedyshop.com

ပိုက်ဆံအကုန်ခံပြီး Scrub လုပ်နေမယ့်အစား ငှက်ပျောသီးကိုပဲ အသုံးချလိုက်ပါ။ လုပ်ရမယ့်ပုံစံကတော့ ငှက်ပျောသီးတစ်လုံးကို ကျေညှက်နေအောင်အရင်ချေပြီး သကြား ခွက်ရဲ့လေးပုံပုံသုံးပုံစာထည့်ကာ ရောမွှေပေးပါ။ ပြီးရင်တော့ လက်၊ ခြေထောက်နဲ့ မျက်နှာတွေမှာပွတ်လိမ်းပြီး Scrub ပြုလုပ်နိုင်ပါတယ်။

Source: www.brit.co

ဆိုင်မှာသွားပြီးဆံပင်ပေါင်းတင်မယ့်အစား ငှက်ပျောသီးနဲ့ပဲပေါင်းတင်လိုက်ပါ။ ငှက်ပျောသီးတစ်လုံးကို ကျေညက်သွားအောင်ကျိတ်ချေပြီး သံလွင်ဆီ စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောနယ်ပေးပါ။ ပြီးရင်တော့ ဆံပင်မှာနှံ့နေအောင်သုတ်လိမ်းပြီး ဆံထုံးထုံးကာ မိနစ် (၃၀) လောက် ပေါင်းထားလိုက်ပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

Source: www.furilia.com

ငိုထားရင်ပဲဖြစ်ဖြစ်၊ အအိပ်လွန်သွားရင်ပဲဖြစ်ဖြစ် မျက်အိတ်ဖောင်းအစ်နေတာမျိုး၊ ရောင်ရမ်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးအခွံကိုညှပ်ပြီး မျက်အိတ်ဖောင်းနေတဲ့နေရာမှာ ကပ်ထားပေးလိုက်ပါ။

Source: www.myilifestyle.com

ဝါနေတဲ့သွားတွေဖြူဖွေးလာစေဖို့အတွက်လည်း ငှက်ပျောသီးကိုပဲ အသုံးပြုပေးပါ။ ငှက်ပျောသီးအခွံကို သွားမှာကြာကြာလေးပွတ်တိုက်ပေးပါ။ နေ့တိုင်းလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ တစ်လလောက်ကြာတာနဲ့ သွားတွေအရင်ကထက်ဖြူလာတာကို တွေ့ရမှာပါ။

Source: www.wikihow.com