[Zawgyi]

မိန္းကေလးတိုင္းကေတာ့ က်န္းမာလွပၿပီး ပိုးသားေလးလို ႏူးညံ့တဲ့ဆံေကသာေလးကို ပိုင္ဆိုင္ခ်င္ၾကတာပါပဲ။ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ ဆံေကသာကို ပိုင္ဆိုင္ဖို႔အတြက္ ဆံပင္ကို အထူးဂ႐ုစိုက္ၿပီးထိန္းသိမ္းေစာင့္ေရွာက္သင့္သလို အစားအေသာက္ဆင္ျခင္ဖို႔လည္း အဓိကက်ပါတယ္။ ဒါ့အျပင္ ဆံေကသာက်န္းမာေရးကို ထိခိုက္ေစတဲ့ အျပဳအမူမ်ားကိုလည္း ေရွာင္ၾကဥ္ဖုိ႔ လိုအပ္ပါေသးတယ္။

ဆံပင္ညွပ္ဖို႔ အၾကာႀကီး ေစာင့္ဆိုင္းျခင္း

ဆံပင္အဖ်ားႏွစ္ခြျဖစ္တာတို႔ ဆံပင္အဖ်ားဖြာေနတာတို႔ ပံုမက်ပန္းမက်ျဖစ္ေနၿပီဆိုရင္ ဆံပင္ကြ်မ္းက်င္ပညာရွင္နဲ႔ အျမန္ဆံုးေတြ႕ဆံုၿပီး ဆံပင္ျမန္ျမန္ညွပ္ၿပီး ပံုေျပာင္းဖို႔လိုအပ္ေနပါၿပီ။

ဆံပင္စိုေနတဲ့အခ်ိန္ ဘီးၿဖီးျခင္း

ဆံေကသာစိုစြတ္ေနတဲ့အခ်ိန္က ဆံပင္အားနည္းေနတဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ဘီးမၿဖီးခင္ ဆံပင္ပံုမသြင္းခင္မွာ အရင္ဆံုးေျခာက္ေအာင္ ျပဳလုပ္ပါ။ အပူဒဏ္ခံႏိုင္ဖို႔အတြက္ ထုတ္လုပ္ထားတဲ့ ဆံပင္အားျဖည့္ထုတ္ကုန္မ်ားကိုလည္း အသံုးျပဳေပးပါ။

မိမိဘာသာဆံပင္ဆိုးျခင္း

ဆံပင္ဆိုးခ်င္တယ္ဆိုရင္ေတာ့ မိမိဘာသာဆိုးတာထက္ ဆိုင္မွာသြားဆိုးတာကေတာ့ အေကာင္းဆံုးပါပဲ။

ေနေရာင္ျခည္ႏွင့္ ထိေတြ႕မႈမ်ားျခင္း

ေနေရာင္ျခည္ဒဏ္က အသားအေရကိုပ်က္စီးေစ႐ံုမက ဆံေကသာကိုလည္း ထိခိုက္ပ်က္စီးေစပါတယ္။ သင့္ဆံေကသာက အေရာင္မြဲေျခာက္ေျခာက္ျဖစ္ေနတာတို႔ ဆံပင္ႏွစ္ခြျဖစ္ျခင္း၊ ဆံေကသာေျခာက္ေသြ႕ရျခင္းရဲ႕ အဓိကတရားခံကေတာ့ ခရမ္းလြန္ေရာင္ျခည္ပါပဲ။ ဒါ့ေၾကာင့္ ေနပူထဲထြက္တိုင္း ထီးတို႔ ဦးထုပ္တုိ႔ ေဆာင္းဖို႔ မေမ့ပါနဲ႔။

ညစ္ပတ္ေသာ ဘီးၿဖီးျခင္း

ေခါင္းၿဖီးလိုက္တဲ့အခါ ေသဆံုးသြားတဲ့ အေရျပားအမႈန္အမႊားမ်ားက ေခါင္းဘီးေပၚမွာ စုပံုကပ္ၿငိသြားပါတယ္။ ေခါင္းဘီးကို ပံုမွန္မေဆးေၾကာတဲ့အခါ ဘက္တီးရီးယားပိုးမႊားေတြ ေပ်ာ္ေမြ႕ရာေနရာျဖစ္လာပါေတာ့တယ္။ ဒါ့ေၾကာင့္ ေခါင္းမၿဖီးခင္ ဘီးကသန္႔႐ွင္းရဲ႕လားဆိုတာ ေသခ်ာစစ္ေဆးပါ။

ဆံပင္မၾကာခဏၿဖီးျခင္း

ဆံပင္ကို ခဏခဏၿဖီးၿပီး ၿဖီးတဲ့အခါမွာလည္း အရင္းကေနဖီးေနတဲ့အခါ ဆံပင္အျမစ္ေတြကို အားနည္းေစၿပီး ဆံပင္အမ်ားႀကီး ကြ်တ္ေစပါတယ္။

ဆံပင္ကို တင္းတင္းၾကပ္ၾကပ္စည္းထားျခင္း

ဆံပင္ကို အၿမဲတမ္းမစည္းထားဘဲ ရံဖန္ရံခါ သဘာဝအတိုင္းပဲ ခ်ထားေပးပါ။ ဆံပင္တင္းတင္းၾကပ္ၾကပ္ စည္းေႏွာင္ထားျခင္းက ဆံပင္ေတြကို အျမစ္ကေန ဆြဲဆန္႔ထားတာေၾကာင့္ ဆံပင္ပ်က္စီးေစပါတယ္။

ဆံေကသာက ပ်က္စီးေနေပမယ့္လည္း ေခါင္းေလွ်ာ္ရည္ကို အသစ္ေျပာင္းမသံုးဘဲ စြဲစြဲၿမဲၿမဲသံုးျခင္း

ယေန႔ေခတ္ေစ်းကြက္ထဲမွာ ေခါင္းေလွ်ာ္ရည္အမ်ိဳးအစားမ်ိဳးစံုရရွိႏိုင္ပါၿပီ။ ဆံပင္ပ်က္စီးသြားတယ္ ေျပာင္းလဲသြားတယ္ဆိုရင္ ေခါင္းေလွ်ာ္ရည္ကိုလည္း ေျပာင္းသံုးလုိက္ပါ။

ဆံပင္မၾကာခဏေလွ်ာ္ျခင္း

ဆံပင္ကို ေန႔တိုင္းေလွ်ာ္တဲ့အခါ ဦးေရျပားေပၚက သဘာဝအဆီေတြ ခမ္းေျခာက္သြားပါလိမ့္မယ္။ အထူးသျဖင့္ ေရေႏြးပူနဲ႔ ေလွ်ာ္တဲ့အခါ ပိုဆိုးပါတယ္။

ဆံပင္ေပ်ာ့ေဆး၊ ေပါင္းေဆးမ်ား မသံုးဘဲ ေခါင္းေလွ်ာ္ရည္ တစ္မ်ိဳးတည္းသာအသံုးျပဳျခင္း

ဆံပင္အတြက္ ထုတ္ကုန္အမ်ိဳးမ်ိဳးက သီးသန္႔ရည္ရြယ္ခ်က္တစ္ခုစီနဲ႔ ထုတ္လုပ္ထားတာပါ။ ေခါင္းေလွ်ာ္ရည္က ဆံပင္ကို သန္႔႐ွင္းေနေအာင္ျပဳလုပ္ေပးၿပီး ဆံပင္ေပ်ာ့ေဆးကေတာ့ ဆံပင္ကို အစိုဓာတ္ျဖည့္ေပးပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေလွ်ာ္ရည္သံုးၿပီးတို္င္း Conditioner သံုးဖို႔လည္း မေမ့ပါနဲ႔။

Source: Brightside.me

[Unicode]

မိန်းကလေးတိုင်းကတော့ ကျန်းမာလှပပြီး ပိုးသားလေးလို နူးညံ့တဲ့ဆံကေသာလေးကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့အတွက် ဆံပင်ကို အထူးဂရုစိုက်ပြီးထိန်းသိမ်းစောင့်ရှောက်သင့်သလို အစားအသောက်ဆင်ခြင်ဖို့လည်း အဓိကကျပါတယ်။ ဒါ့အပြင် ဆံကေသာကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူများကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါသေးတယ်။

ဆံပင်ညှပ်ဖို့ အကြာကြီး စောင့်ဆိုင်းခြင်း

ဆံပင်အဖျားနှစ်ခွဖြစ်တာတို့ ဆံပင်အဖျားဖွာနေတာတို့ ပုံမကျပန်းမကျဖြစ်နေပြီဆိုရင် ဆံပင်ကျွမ်းကျင်ပညာရှင်နဲ့ အမြန်ဆုံးတွေ့ဆုံပြီး ဆံပင်မြန်မြန်ညှပ်ပြီး ပုံပြောင်းဖို့လိုအပ်နေပါပြီ။

ဆံပင်စိုနေတဲ့အချိန် ဘီးဖြီးခြင်း

ဆံကေသာစိုစွတ်နေတဲ့အချိန်က ဆံပင်အားနည်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘီးမဖြီးခင် ဆံပင်ပုံမသွင်းခင်မှာ အရင်ဆုံးခြောက်အောင် ပြုလုပ်ပါ။ အပူဒဏ်ခံနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ဆံပင်အားဖြည့်ထုတ်ကုန်များကိုလည်း အသုံးပြုပေးပါ။

မိမိဘာသာဆံပင်ဆိုးခြင်း

ဆံပင်ဆိုးချင်တယ်ဆိုရင်တော့ မိမိဘာသာဆိုးတာထက် ဆိုင်မှာသွားဆိုးတာကတော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း

နေရောင်ခြည်ဒဏ်က အသားအရေကိုပျက်စီးစေရုံမက ဆံကေသာကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ သင့်ဆံကေသာက အရောင်မွဲခြောက်ခြောက်ဖြစ်နေတာတို့ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံကေသာခြောက်သွေ့ရခြင်းရဲ့ အဓိကတရားခံကတော့ ခရမ်းလွန်ရောင်ခြည်ပါပဲ။ ဒါ့ကြောင့် နေပူထဲထွက်တိုင်း ထီးတို့ ဦးထုပ်တို့ ဆောင်းဖို့ မမေ့ပါနဲ့။

ညစ်ပတ်သော ဘီးဖြီးခြင်း

ခေါင်းဖြီးလိုက်တဲ့အခါ သေဆုံးသွားတဲ့ အရေပြားအမှုန်အမွှားများက ခေါင်းဘီးပေါ်မှာ စုပုံကပ်ငြိသွားပါတယ်။ ခေါင်းဘီးကို ပုံမှန်မဆေးကြောတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ ပျော်မွေ့ရာနေရာဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် ခေါင်းမဖြီးခင် ဘီးကသန့်ရှင်းရဲ့လားဆိုတာ သေချာစစ်ဆေးပါ။

ဆံပင်မကြာခဏဖြီးခြင်း

ဆံပင်ကို ခဏခဏဖြီးပြီး ဖြီးတဲ့အခါမှာလည်း အရင်းကနေဖီးနေတဲ့အခါ ဆံပင်အမြစ်တွေကို အားနည်းစေပြီး ဆံပင်အများကြီး ကျွတ်စေပါတယ်။

ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းထားခြင်း

ဆံပင်ကို အမြဲတမ်းမစည်းထားဘဲ ရံဖန်ရံခါ သဘာဝအတိုင်းပဲ ချထားပေးပါ။ ဆံပင်တင်းတင်းကြပ်ကြပ် စည်းနှောင်ထားခြင်းက ဆံပင်တွေကို အမြစ်ကနေ ဆွဲဆန့်ထားတာကြောင့် ဆံပင်ပျက်စီးစေပါတယ်။

ဆံကေသာက ပျက်စီးနေပေမယ့်လည်း ခေါင်းလျှော်ရည်ကို အသစ်ပြောင်းမသုံးဘဲ စွဲစွဲမြဲမြဲသုံးခြင်း

ယနေ့ခေတ်ဈေးကွက်ထဲမှာ ခေါင်းလျှော်ရည်အမျိုးအစားမျိုးစုံရရှိနိုင်ပါပြီ။ ဆံပင်ပျက်စီးသွားတယ် ပြောင်းလဲသွားတယ်ဆိုရင် ခေါင်းလျှော်ရည်ကိုလည်း ပြောင်းသုံးလိုက်ပါ။

ဆံပင်မကြာခဏလျှော်ခြင်း

ဆံပင်ကို နေ့တိုင်းလျှော်တဲ့အခါ ဦးရေပြားပေါ်က သဘာဝအဆီတွေ ခမ်းခြောက်သွားပါလိမ့်မယ်။ အထူးသဖြင့် ရေနွေးပူနဲ့ လျှော်တဲ့အခါ ပိုဆိုးပါတယ်။

ဆံပင်ပျော့ဆေး၊ ပေါင်းဆေးများ မသုံးဘဲ ခေါင်းလျှော်ရည် တစ်မျိုးတည်းသာအသုံးပြုခြင်း

ဆံပင်အတွက် ထုတ်ကုန်အမျိုးမျိုးက သီးသန့်ရည်ရွယ်ချက်တစ်ခုစီနဲ့ ထုတ်လုပ်ထားတာပါ။ ခေါင်းလျှော်ရည်က ဆံပင်ကို သန့်ရှင်းနေအောင်ပြုလုပ်ပေးပြီး ဆံပင်ပျော့ဆေးကတော့ ဆံပင်ကို အစိုဓာတ်ဖြည့်ပေးပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ရည်သုံးပြီးတိုင်း Conditioner သုံးဖို့လည်း မမေ့ပါနဲ့။

Source: Brightside.me