မင်္ဂလာပါနော်။ ကျွန်မတို့ အာရှက အမျိုးသမီးတို့ရဲ့ အသားအရေဟာ နူးညံ့ပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားကြပါတယ်။ အနောက်တိုင်းက အသားအရေထက် ပိုပြီး နုကြသလို အသားအရေက ရွှေရောင်ဝင်းတဲ့ဖက် သန်းပါတယ်။

အာရှအမျိုးသမီးတွေအတွက် အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ကာကွယ်ပါ

ပထမဆုံး အသားအရေ မပျက်စီးအောင် ကာကွယ်ရပါမယ်။ နေ့စဉ် အသားအရေကို ဂရုစိုက်ရပါမယ်။ အသားအရေကို Moisturizer လိမ်းပေးတာမျိုး၊ နေလောင်ဒဏ်ကာကွယ်ပေးတဲ့ခရင်မ် လိမ်းပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ပတ်တစ်ခါလောက် အသားအရေကို ကြေးချွတ်ပေးတာမျိုးလုပ်ပေးပါ။

၂ ဆသန့်ရှင်းပါ

အသားအရေကို ၂ ဆ သန့်ရှင်းရေးလုပ်ပါ။ မျက်နှာမသစ်ခင်မှာ အသားအရေပေါ်က အညစ်အကြေးတွေ၊ ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် တိုနာ (သို့) Cleanser နဲ့ အရင်ဆုံး မျက်နှာကို တစ်ချက်သုတ်ပေးလိုက်ပါ။ ပြီးသွားရင် မျက်နှာသစ်ဆပ်ပြာနဲ့သေချာသစ်ပေးလိုက်ပါ။

ရေဓာတ်ဖြည့်တင်းပါ

အသားရေ ရေဓာတ်ဖြည့်တင်းပေးမှ စိုပြေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပါတဲ့ သခွားသီး (သို့) Mask တို့နဲ့ မျက်နှာပေါင်းတင်ပေးတာမျိုး လုပ်ပေးပါ။

နေလောင်ဒဏ်ကာကွယ်ပေးမယ့် ခရင်မ်လိမ်းဖို့မမေ့ပါနဲ့

ရေချိုးပြီးတဲ့အခါတိုင်း အပြင်သွားတော့မယ့်အခါတိုင်း Body Lotion ကို SPF ပါတဲ့ Lotion လိမ်းပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းပေးပါ။ အပြင်သွားတော့မယ်ဆိုရင်လည်း Lotion ဘူးအသေးကို ဆောင်တာမျိုးလုပ်ပေးနိုင်ပါတယ်။ နွေရာသီမှာဆို ပိုပြီးဂရုစိုက်သင့်ပါတယ်။

နေ့စဉ် မျက်နှာကို Moisturizer လိမ်းပါ

မျက်နှာသစ်ပြီးတိုင်း Moisturizer လိမ်းပေးဖို့မမေ့ပါနဲ့။ ဒါ့အပြင် ပေါင်းတင်ပေးပြီးတိုင်းလည်း Moisturizer လိမ်းပေးထားရပါမယ်။

ရေနွေးသောက်ပါ

Green Tea ၊ လက်ဖက် အပြင် တခြား သဘာဝအပွင့် အရွက်တွေနဲ့ လုပ်ထားတဲ့ Tea တွေကို သောက်သုံးနိုင်ပါတယ်။

လက်ဖက်ထုပ်ကပ်ပေးပါ

အမျိုးသမီးတိုင်းသိချင်ကြမယ့် အာရှအသားအရေအတွက် အလှအပဆိုင်ရာ နည်းလမ်းကောင်းများ

လက်ဖက်ထုပ်ကို ရေနွေးနဲ့ (၅) မိနစ်လောက်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ခဏထည့်ထားပါ။ ပြီးရင်မျက်နှာတစ်ခုလုံးကို ကပ်ပေးထားလို့ရပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး အသားအရေကို စိုပြေလာစေမှာပါ။