IU ဆိုရင်တော့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေပါချစ်ကြတဲ့ ကိုရီးယား သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ပါ။ ခန္ဓာကိုယ်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ IU က အဝတ်အစားတွေဝတ်ရင်လည်း Sexy ကျသွားတာမျိုးမရှိပဲ ချစ်စရာကောင်းနေတာကိုပဲ တွေ့ရပါတယ်။

ဒါကြောင့် အခုခေတ်ကောင်မလေးတွေအကုန်လုံး လိုက်ဝတ်လို့ရမယ့် IU ရဲ့ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဖက်ရှင်တွေကိုပဲ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

တီရှပ်အပွလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်ပြီး Sneakers လေးစီးထားတဲ့ IU ရဲ့ ဖက်ရှင်လေးကိုတော့ လူငယ်ကောင်မလေးတွေ လိုက်ဝတ်ရင် ချစ်စရာကောင်းနေစေမှာပါ။

IU ဝတ်ထားတဲ့ ဒီဂါဝန်လေးဆိုရင် အခုနောက်ပိုင်း အွန်လိုင်းရှော့ပင်းတွေမှာ ဒီဇိုင်းဆင်တာလေးတွေ ရှိပါတယ်။ ဒီလိုဂါဝန်လေးတွေက မိန်းကလေးဆန်ပြီး  ချစ်စရာကောင်းစေလို့ ဒေါက်ဖိနပ်လေးတွေနဲ့ တွဲဝတ်ပေးရင် ပိုကောင်းပါတယ်။

ခြေမျက်စိအထက်ရောက်တဲ့ ဂျင်းဘောင်းဘီလေးတွေက အခုနောက်ပိုင်းမှာ ပြန်ပြီးခေတ်စားလာပါတယ်။ ဒီလိုဘောင်းဘီလေးတွေကို အခုနောက်ပိုင်း ရေပန်းစားနေတဲ့ Floral အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျနေမှာပါ။

အခုနောက်ပိုင်း အွန်လိုင်းရှော့ပင်းတွေမှာ ရောင်းနေတဲ့ ဂျင်းစကပ်အတွန့်လေးတွေကိုဝတ်ရင် IU လို ရှပ်င်္ကျီအပါးလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဂျင်းစကပ်အတိုလေးတွေက ပြန်လည်ခေတ်စားနေတာဖြစ်လို့ မိုးတွင်းနဲ့ ဆောင်းတွင်းမှာဝတ်မယ်ဆိုရင် အပေါ်ထပ်အင်္ကျီလေးတွေနဲ့ IU လိုတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ခေတ်စားနေတဲ့ ဂျင်းစကပ်အတိုလေးတွေကို ရိုးရိုးလေးနဲ့ ပေါ့ပါးမှုရှိအောင် IU ဝတ်ထားသလို Tee လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

ဂျင်းစကပ်အတိုလေးတွေကိုဝတ်တဲ့အခါမှာ ဆွယ်တာလေးတွေ၊ ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

ဘောင်းဘီတိုလေးတွကိုဝတ်တဲ့အခါမှာလည်း အမြင်ရိုင်းတာမျိုးမဖြစ်ချင်ဘူး၊ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းချင်တယ်ဆိုရင်တော့ IU ဝတ်ထားသလို မိန်းကလေးဝတ်ရှပ်အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

Photo Source: www.pinterest.com