[Zawgyi]

မ်က္လံုးေမွးတဲ့သူေတြအေနနဲ႔ အလွျပင္တဲ့အခါမွာ မ်က္လံုးကို ေသခ်ာေလးျခယ္သေပးမယ္ဆိုရင္ မ်က္လံုးေလးဝိုင္းႀကီး ပံုမွန္ထက္ပိုႀကီးသြားသလိုျဖစ္ေအာင္ လုပ္လို႔ရပါတယ္။ အဓိကကေတာ့ မ်က္လံုးကို ျခယ္သတဲ့အခ်ိန္မွာ ဘယ္လိုလုပ္ရမယ္ဆိုတာ သိဖို႔ပဲလိုပါတယ္။ ဒါေၾကာင့္ မ်က္လံုးေမွးေမွးေလးေတြကို မ်က္လံုးႀကီးသလိုျဖစ္သြားေအာင္ လုပ္ေပးႏိုင္မယ့္အရာက ဘာေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္။

မ်က္ခံုးကို ေသခ်ာပံုသြင္းပါ။

မ်က္ခံုးေမြးကို ေသခ်ာပံုသြင္းေပးမွ မ်က္လံုးေလးပိုေပၚမွာပါ။ မ်က္ခံုးေမြးပံုမသြင္းထားရင္ တစ္ခုခုလိုေနသလိုျဖစ္ၿပီး မလွဘူးေနာ္။

Source: www.haarentfernung.net

မ်က္ေတာင္ကို ေသခ်ာေကာ့ေပးဖို႔ မေမ့ပါနဲ႔။

မ်က္ေတာင္ကို ဒီတိုင္း Mascara နဲ႔ တန္းမေကာ့ပဲ မ်က္ေတာင္ေကာ့တံေလးနဲ႔ အရင္ေကာ့လိုက္ပါ။ ၿပီးမွ Mascara နဲ႔ ထပ္ေကာ့ပါ။ ဒါမွ မ်က္ေတာင္ကပိုေကာ့ၿပီး မ်က္လံုးက်ယ္သြားသလို ျဖစ္ေစမွာေနာ္။

Source: www.womensok.com

မ်က္ကြင္းညိဳတာေတြကို ဖံုးေပးပါ။

မ်က္ကြင္းညိဳေနရင္ လံုးဝမလွပါဘူး။ မ်က္လံုးေမွးတဲ့သူဆိုရင္ ကုိယ့္မ်က္လံုးေလးပိုေပၚၿပီး ႀကီးသေယာင္ျဖစ္ဖို႔ မ်က္ကြင္းညိဳတာအတြက္ Concealer ဖံုးေပးပါ။

Source: www.huffingtonpost.com.au

Eyeshadow အေရာင္လင္းတာေလးေတြ ျခယ္ပါ။

Eyeshadow မျခယ္ပဲမေနပါနဲ႔။ Eyeshadow အေရာင္လင္းတာေလးေတြကို ျခယ္ေပးမွ မ်က္လံုးေလးပိုေပၚၿပီး ေမွးမွန္း မသိသာေစမွာပါ။

Source: www.stylo.grid.id

Shimmer or Glitter သံုးေပးပါ။

Shimmer တို႔ Glitter တို႔က အလက္လက္ေလးေတြျဖစ္လို႔ မ်က္လံုးေထာင့္မွာပဲျဖစ္ျဖစ္၊ မ်က္ခံြမွာပဲျဖစ္ျဖစ္  ျခယ္ေပးလိုက္ရင္ မ်က္လံုးေလးလင္းၿပီး ပိုေပၚလြင္ေစသလို အရမ္းလည္းလွပါတယ္။

Source: Source: www.m.en.stylenanda.com

Eyeliner ဆိုးေပးပါ။

မ်က္လံုးက်ယ္ခ်င္ရင္၊ မ်က္လံုးေလးပိုေပၚၿပီး ႀကီးေနသလိုေလးျဖစ္ခ်င္ရင္ Eyeliner ကို မျဖစ္မေနဆိုးေပးပါ။ အရမ္းႀကီးမဆိုးပဲ Eyeliner ကို မ်က္ေတာင္နားကပ္ၿပီး တစ္ေၾကာင္းထဲ ပါးပါးေလးဆဲြေပးပါ။

Source: today.line.me

အျဖဴေရာင္ Pencil Liner သံုးေပးပါ။

မ်က္ခမ္းစပ္နားမွာ အျဖဴေရာင္ Pencil Liner ေလးျခယ္ေပးရင္ မ်က္လံုးကို ပံုမွန္ထက္ ပိုႀကီးၿပီး ဝိုင္းသြားေစပါတယ္။

Source: www.womensok.com

Eyeliner ကို မ်က္လံုးေအာက္ပါျခယ္ေပးပါ။

မ်က္လံုးဝိုင္းဝိုင္းေလးနဲ႔ ပိုႀကီးသြားခ်င္တယ္၊ မ်က္ဝန္းနက္နက္ေလးျဖစ္ခ်င္တယ္ဆိုရင္ေတာ့ Eyeliner ကို မ်က္လံုးေအာက္မွာပါ ဆဲြေပးလိုက္လို႔ရပါတယ္။ အရမ္းအမ်ားႀကီးျခယ္တာမ်ိဳးထက္ ပါးပါးေလးပဲျခယ္ေပးဖို႔ေတာ့လိုပါမယ္။

Source: www.youtube.com

မ်က္အိတ္ေဖာင္းေနတာမ်ိဳးမျဖစ္ပါေစနဲ႔။

မ်က္အိတ္ေဖာင္းေနရင္ မ်က္လံုးက ပံုမွန္ထက္ေတာင္ ပိုေမွးသြားေစပါတယ္။ ဒါေၾကာင့္ မ်က္အိတ္ေဖာင္းတာမ်ိဳးမျဖစ္ေအာင္ ဂရုစိုက္ေပးပါ။

Source: www.womensok.com

[Unicode]

မျက်လုံးမှေးတဲ့သူတွေအနေနဲ့ အလှပြင်တဲ့အခါမှာ မျက်လုံးကို သေချာလေးခြယ်သပေးမယ်ဆိုရင် မျက်လုံးလေးဝိုင်းကြီး ပုံမှန်ထက်ပိုကြီးသွားသလိုဖြစ်အောင် လုပ်လို့ရပါတယ်။ အဓိကကတော့ မျက်လုံးကို ခြယ်သတဲ့အချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိဖို့ပဲလိုပါတယ်။ ဒါကြောင့် မျက်လုံးမှေးမှေးလေးတွေကို မျက်လုံးကြီးသလိုဖြစ်သွားအောင် လုပ်ပေးနိုင်မယ့်အရာက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

မျက်ခုံးကို သေချာပုံသွင်းပါ။

မျက်ခုံးမွေးကို သေချာပုံသွင်းပေးမှ မျက်လုံးလေးပိုပေါ်မှာပါ။ မျက်ခုံးမွေးပုံမသွင်းထားရင် တစ်ခုခုလိုနေသလိုဖြစ်ပြီး မလှဘူးနော်။

Source: www.haarentfernung.net

မျက်တောင်ကို သေချာကော့ပေးဖို့ မမေ့ပါနဲ့။

မျက်တောင်ကို ဒီတိုင်း Mascara နဲ့ တန်းမကော့ပဲ မျက်တောင်ကော့တံလေးနဲ့ အရင်ကော့လိုက်ပါ။ ပြီးမှ Mascara နဲ့ ထပ်ကော့ပါ။ ဒါမှ မျက်တောင်ကပိုကော့ပြီး မျက်လုံးကျယ်သွားသလို ဖြစ်စေမှာနော်။

Source: www.womensok.com

မျက်ကွင်းညိုတာတွေကို ဖုံးပေးပါ။

မျက်ကွင်းညိုနေရင် လုံးဝမလှပါဘူး။ မျက်လုံးမှေးတဲ့သူဆိုရင် ကိုယ့်မျက်လုံးလေးပိုပေါ်ပြီး ကြီးသယောင်ဖြစ်ဖို့ မျက်ကွင်းညိုတာအတွက် Concealer ဖုံးပေးပါ။

Source: www.huffingtonpost.com.au

Eyeshadow အရောင်လင်းတာလေးတွေ ခြယ်ပါ။

Eyeshadow မခြယ်ပဲမနေပါနဲ့။ Eyeshadow အရောင်လင်းတာလေးတွေကို ခြယ်ပေးမှ မျက်လုံးလေးပိုပေါ်ပြီး မှေးမှန်း မသိသာစေမှာပါ။

Source: www.stylo.grid.id

Shimmer or Glitter သုံးပေးပါ။

Shimmer တို့ Glitter တို့က အလက်လက်လေးတွေဖြစ်လို့ မျက်လုံးထောင့်မှာပဲဖြစ်ဖြစ်၊ မျက်ခွံမှာပဲဖြစ်ဖြစ်  ခြယ်ပေးလိုက်ရင် မျက်လုံးလေးလင်းပြီး ပိုပေါ်လွင်စေသလို အရမ်းလည်းလှပါတယ်။

Source: Source: www.m.en.stylenanda.com

Eyeliner ဆိုးပေးပါ။

မျက်လုံးကျယ်ချင်ရင်၊ မျက်လုံးလေးပိုပေါ်ပြီး ကြီးနေသလိုလေးဖြစ်ချင်ရင် Eyeliner ကို မဖြစ်မနေဆိုးပေးပါ။ အရမ်းကြီးမဆိုးပဲ Eyeliner ကို မျက်တောင်နားကပ်ပြီး တစ်ကြောင်းထဲ ပါးပါးလေးဆွဲပေးပါ။

Source: today.line.me

အဖြူရောင် Pencil Liner သုံးပေးပါ။

မျက်ခမ်းစပ်နားမှာ အဖြူရောင် Pencil Liner လေးခြယ်ပေးရင် မျက်လုံးကို ပုံမှန်ထက် ပိုကြီးပြီး ဝိုင်းသွားစေပါတယ်။

Source: www.womensok.com

Eyeliner ကို မျက်လုံးအောက်ပါခြယ်ပေးပါ။

မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုကြီးသွားချင်တယ်၊ မျက်ဝန်းနက်နက်လေးဖြစ်ချင်တယ်ဆိုရင်တော့ Eyeliner ကို မျက်လုံးအောက်မှာပါ ဆွဲပေးလိုက်လို့ရပါတယ်။ အရမ်းအများကြီးခြယ်တာမျိုးထက် ပါးပါးလေးပဲခြယ်ပေးဖို့တော့လိုပါမယ်။

Source: www.youtube.com

မျက်အိတ်ဖောင်းနေတာမျိုးမဖြစ်ပါစေနဲ့။

မျက်အိတ်ဖောင်းနေရင် မျက်လုံးက ပုံမှန်ထက်တောင် ပိုမှေးသွားစေပါတယ်။ ဒါကြောင့် မျက်အိတ်ဖောင်းတာမျိုးမဖြစ်အောင် ဂရုစိုက်ပေးပါ။

Source: www.womensok.com