MyStyle Myanmar ရဲ့ စာဖတ်သူတွေအားလုံးကို သတင်းကောင်းလေးတစ်ခု ထပ်ဆောင်းအသိပေးချင်ပါတယ်။ ယခုမကြာမီအချိန်အတွင်းမှာ ကျရောက်လာတော့မယ့် အတာသင်္ကြန်အချိန်အခါအတွက် Hedgren မှနေပြီး ကံစမ်းမဲအထူးအစီအစဉ်လေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Facebook: Hedgren Myanmar Lucky Draw

ဘယ်လိုတွေစီစဉ်ထားလဲ

Casabella ပရိဘောဂ အရောင်းပြခန်းဆိုင်တွေမှာ Hedgren အရည်အသွေးမြင့် အိတ်များကို ယခု ဧပြီလတွင် လာရောက်ဝယ်ယူရင်းနှင့် အံ့သြဖွယ်ကောင်းလွန်းသော ဆုလက်ဆောာင်များ၊ Cash Vouchers များ ရရှိနိုင်မည့် အထူးအခွင့်အရေးလေးပဲဖြစ်ပါတယ်။

ကံစမ်းမဲကာလလေးက

Hedgren ရဲ့ သင်္ကြန်ခါကံစမ်းမဲအစီအစဉ်လေးကို ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီး ရလဒ်တွေကိုတော့ မေလ ၂ ရက်နေ့မှာ ကြေငြာဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဆုလက်ဆောင် ၅၀ ကျော်ကို ကံစမ်းမဲဖောက်သွားမှာဖြစ်ပြီး အချိန်ကာလက တစ်လတောင်ပေးထားလို့ အပြေးလေးသွားရောက်ကံစမ်းလိုက်ကြရအောင်နော်။

အစီအစဉ်ရဲ့ အသေးစိတ်အကြောင်းအရာ

လွယ်လွယ်လေးပါပဲ။ Casabella အရောင်းပြခန်းဆိုင်တွေမှာ Hedgren အရည်အသွေးမြင့် အိတ်များကိုဝယ်ယူပြီး ကံစမ်းမဲအစီအစဉ်ကူပွန်များကို ရယူလိုက်ပါ။ လိုအပ်တာတွေကို ဖြည့်သွင်းရေးသားပြီးတာနဲ့ ကံစမ်းမဲဘောက်စ်လေးထဲကို ထည့်လိုက်ရုံပါပဲ။

  • ၁ သိန်းအောက် ၀ယ်ယူအားပေးသူများဆိုရင် ကူပွန် ၂ စောင်
  • ၁ သိန်းနှင့် ၂ သိန်းကြား ၀ယ်ယူအားပေးသူများအတွက် ကံစမ်းမဲကူပွန် ၄ စောင်
  • ၂ သိန်းနှင့် ၃ သိန်းကြား ၀ယ်ယူအားပေးသူများကို ကံစမ်းမဲကူပွန် ၆ စောင်

အသီးသီးကို ပေးအပ်သွားမှာဖြစ်သည့်အတွက် အားပေးရင်အားပေးသလောက် ဆုကိုဆွတ်ခူးနိုင်မယ့် အခွင့်အလမ်းကလည်း မြင့်မားနိုင်လို့ ကံစမ်းမဲအစီအစဉ်မှာ မမေ့မလျော့ ပါဝင်ဆင်နွှဲဖို့ အကြံဥာဏ်ကောင်းလေးပေးချင်ပါတယ်။

စည်းကမ်းချက်နှင့် အခြေအနေများ

  • ပစ္စည်းဝယ်တဲ့ အချိန်မှာ Hedgren ရဲ့ Facebook Page ကို Like & Share လုပ်ရပါမယ်။
  • ကံစမ်းမဲကူပွန်တွေကို ဖြည့်စွက်တဲ့အခါ ဆက်သွယ်နိုင်မယ့် အသေးစိတ်အချက်အလက်ကို ထည့်သွင်းရေးသားဖို့ လိုအပ်ပါတယ်။
  • ဆုလက်ဆောင်ပစ္စည်းတွေကို ငွေကြေးဖြင့် လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။
  • ကံစမ်းမဲနှိုက်ပြီးနောက် ရလာတဲ့ နောက်ဆုံးရလဒ်တွေကသာ အတည်ဖြစ်ပါတယ်။
  • ကံစမ်းမဲရလဒ်တွေကိုတော့ Hedgren ရဲ့ Facebook Page မှာ ကြေညာပေးသွားမှာပါ။
  • ကံထူးသူများကို မိုဘိုင်းလ်ဖုန်း သို့မဟုတ် အီးမေးလ်တို့မှတဆင့် အသိပေးသွားမှာဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်လို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ Hedgren ရဲ့ Facebook လင့်ခ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖတ်ရှုနိုင်ပါတယ်။