(Zawgyi)

ငွက္ေပ်ာသီးစားၿပီး ငွက္ေပ်ာခြံကို လႊင့္မပစ္လိုက္ပါနဲ႕ေနာ္။ ငွက္ေပ်ာခြံက သင့္အလွအပအတြက္ မ်ားစြာအသံုးဝင္ပါတယ္။ ငွက္ေပ်ာခြံနဲ႔ပတ္သက္ၿပီး သင္မသိေသးတဲ့ အလွအပဆိုင္ရာ နည္းလမ္းေကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

သြားမ်ားျဖဴဝင္းေစဖို႔

ငွက္ေပ်ာခြံဟာ သြားေတြကို ျဖဴေဖြးေစတယ္ဆိုတာ သင္သိပါသလား။ ညစ္ညမ္းေနတဲ့ သြားေတြအတြက္ ငွက္ေပ်ာခြံကို သံုးဖို႔သတိရလိုက္ပါ။ ငွက္ေပ်ာခြံနဲ႔ သြားမ်က္ႏွာျပင္ကို ပြတ္ေပးလိုက္ပါ။ ၿပီးသြားရင္ေတာ့ သြားတိုက္ေပးလိုက္ပါ။ ေန႔တိုင္းလုပ္ေပးႏိုင္ပါတယ္။ တစ္ပတ္ေလာက္ဆိုရင္ သြားေတြ သိသိသာသာ ျဖဴဝင္းလာေစမွာပါေနာ္။

ဝက္ၿခံသက္သာေစျခင္း

ငွက္ေပ်ာခြံဟာ ရဲရဲနီေနတဲ့ ဝက္ၿခံေတြကို အေရာင္က်ေစပါတယ္။ ေရာင္ရမ္းမႈကိုသက္သာေစတဲ့ ဂုဏ္သတၱိပါဝင္ပါတယ္။

အရင္ဆံုး မ်က္ႏွာကို ေရေအးေအးနဲ႔ ေဆးခ်လိုက္ၿပီး တဘက္နဲ႔ သုတ္လုိက္ပါ။ ၿပီးရင္ငွက္ေပ်ာခြံနဲ႔ ဝက္ၿခံရွိတဲ့ေနရာကို ေသခ်ာေလးပြတ္ေပးလို္က္ပါ။ အဲဒီေနာက္ ခဏထားၿပီး မ်က္ႏွာကိုေရေအးေအးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ေန႔ကို ၃ ႀကိမ္ ၄ ႀကိမ္လုပ္ႏိုင္ပါတယ္။

ေနာက္တစ္နည္းကေတာ့ နႏြင္းမႈန္႕ကို  ငွက္ေပ်ာခြံေပၚတင္ေပးၿပီး ေစာေစာကလိုပဲ မ်က္ႏွာကို ပြတ္ေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

အေရးေၾကာင္းသက္သာေစဖို႔

ငွက္ေပ်ာခြံကို အေရးေၾကာင္း သက္သာေစဖို႔ သံုးႏိုင္ပါတယ္။ မ်က္လံုးနားက အေရးအေၾကာင္းေတြနဲ႔ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ သက္သာဖို႔ ငွက္ေပ်ာခြံနဲ႔ ပြတ္လိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ ထားကာ ေရေဆးခ်လိုက္ပါ။ ေန႔တိုင္းလုပ္ႏိုင္ပါတယ္။

မ်က္အိတ္ေဖာင္းတာကို က်ေစျခင္း

မ်က္အိတ္ေဖာင္းေနလို႔ စိတ္မညစ္ပါနဲ႔။ ငွက္ေပ်ာခြံကို မ်က္လံုးနားမွာ ကပ္ေပးလိုက္ၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရေဆးခ်လိုက္ပါ။

Featured Image Source: Daily Express

(Unicode)

ငှက်ပျောသီးစားပြီး ငှက်ပျောခွံကို လွှင့်မပစ်လိုက်ပါနဲ့နော်။ ငှက်ပျောခွံက သင့်အလှအပအတွက် များစွာအသုံးဝင်ပါတယ်။ ငှက်ပျောခွံနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ အလှအပဆိုင်ရာ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

သွားများဖြူဝင်းစေဖို့

ငှက်ပျောခွံဟာ သွားတွေကို ဖြူဖွေးစေတယ်ဆိုတာ သင်သိပါသလား။ ညစ်ညမ်းနေတဲ့ သွားတွေအတွက် ငှက်ပျောခွံကို သုံးဖို့သတိရလိုက်ပါ။ ငှက်ပျောခွံနဲ့ သွားမျက်နှာပြင်ကို ပွတ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ သွားတိုက်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။ တစ်ပတ်လောက်ဆိုရင် သွားတွေ သိသိသာသာ ဖြူဝင်းလာစေမှာပါနော်။

ဝက်ခြံသက်သာစေခြင်း

ငှက်ပျောခွံဟာ ရဲရဲနီနေတဲ့ ဝက်ခြံတွေကို အရောင်ကျစေပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။

အရင်ဆုံး မျက်နှာကို ရေအေးအေးနဲ့ ဆေးချလိုက်ပြီး တဘက်နဲ့ သုတ်လိုက်ပါ။ ပြီးရင်ငှက်ပျောခွံနဲ့ ဝက်ခြံရှိတဲ့နေရာကို သေချာလေးပွတ်ပေးလိုက်ပါ။ အဲဒီနောက် ခဏထားပြီး မျက်နှာကိုရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လုပ်နိုင်ပါတယ်။

နောက်တစ်နည်းကတော့ နနွင်းမှုန့်ကို  ငှက်ပျောခွံပေါ်တင်ပေးပြီး စောစောကလိုပဲ မျက်နှာကို ပွတ်ပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

အရေးကြောင်းသက်သာစေဖို့

ငှက်ပျောခွံကို အရေးကြောင်း သက်သာစေဖို့ သုံးနိုင်ပါတယ်။ မျက်လုံးနားက အရေးအကြောင်းတွေနဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာဖို့ ငှက်ပျောခွံနဲ့ ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားကာ ရေဆေးချလိုက်ပါ။ နေ့တိုင်းလုပ်နိုင်ပါတယ်။

မျက်အိတ်ဖောင်းတာကို ကျစေခြင်း

မျက်အိတ်ဖောင်းနေလို့ စိတ်မညစ်ပါနဲ့။ ငှက်ပျောခွံကို မျက်လုံးနားမှာ ကပ်ပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။

Featured Image Source: Daily Express