ကမ္ဘာကျော်အဆိုတော် Adam Levine က သူနဲ့ ဇနီးဖြစ်သူ Behati Prinsloo နဲ့ ဒုတိယရင်သွေးရနေပြီဖြစ်ပြီး မိန်းကလေးဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

Ellen DeGeneres ရဲ့ Talkshow မှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ မိန်းကလေးပါ။ ကျွန်တော်တို့ နောက်ထပ် မိန်းကလေးတစ်ယောက်ရနေပါပြီလို ပြောပါတယ်။

Adam နဲ့ Bahati တို့ဟာ Dusty Rose Levine လို့ အမည်ရတဲ့ ပထမသမီးလေးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်က မွေးဖွားခဲ့တာပါ။

အခုတော့ အသက်မကွာတဲ့ သိပ်ပြီး ဒုတိယရင်သွေးလေးရနေပြီဆိုတော့ ကလေးနှစ်ယောက်နဲ့ သူတို့ လုံးလည် ချာလည်ပတ်ရိုက်နေမှာတော့ သေချာပါတယ်။

“ကျွန်တော် ကလေးအများကြီးလိုချင်ပါတယ်။ ကလေးတွေအများကြီးနဲ့ ကမောက်ကမဖြစ်တာကို သဘောကျပါတယ်။” လို့ပြောပြီး သူ့ရဲ့ ဇနီးဖြစ်သူ Victoria’s Secret Model ဖြစ်သူ Bahati ကလည်း အလားတူပါပဲလို့ Adam ကပြောပါတယ်။

“Bahati က တစ်ဦးတည်းသော ကလေးဆိုတော့ ကလေးအယောက် ၁၀၀ လောက်တောင် သူကလိုချင်တာ။ ကျွန်တော်လည်း အဲလောက်လုပ်နိုင်ပါ့မလားမသိဘူးလေ။ ကလေးတွေအများကြီးဆိုတော့” လို့ နောက်ရွှတ်ရွှတ်နဲ့ Adam ကပြောလိုက်ပါသေးတယ်။

ပရိသတ်တွေအားပေးမှုကို ရရှိထားတဲ့ သူတို့စုံတွဲလေးက မိသားစုဦးရေများများနဲ့ တကယ့် Big Family ကို တည်ထောင်ချင်သူတွေပါ။ သူတို့လိုချင်တဲ့ Big Family ကိုပိုင်ဆိုင်ပါစေလို့ MyStyle က ဆန္ဒပြုလိုက်ပါတယ်နော်။