ငယ်ငယ်ကလေးဘဝကဖေဖေက ပုဆိုးကိုလိမ်ပြီး ဆင်ကြီးလုပ်ပေးတာစီးခဲ့ရတယ်။ အရွယ်လေးရလာတော့ တိရစ္ဆာန်ရုံက ဆင်ကလေးမိုမိုနဲ့ ရင်းနှီးခဲ့ရတယ်။ ?ဆင်ကလေးတွေရဲ့ဘဝကို ငယ်စဉ်ကတည်းကရင်းနှီးခဲ့ရလို့ ဆင်လေးတွေမြင်ရင်သနားတာ ချစ်တာနှစ်ခုကိုတပြိုင်နက်တည်းကြုံခဲ့ရဖူးတယ်။

အခုတော့ မီဒီယာတွေကနေ ကိုယ်မသိရှိသေး၊ မရောက်ဖူးသေးတဲ့ နေရာတွေအများကြီးပေါ်လာတဲ့အထဲမှာ သွားဖြစ်ခဲ့တဲ့ မှော်ယောကြီးဆင်စခန်းလေးကို လေ့လာခဲ့သလောက်လေး ရေးပြချင်ပါတယ်။

ဆင်စခန်းသွားမယ့်ခရီးစဉ်ကို စပြီဆိုတာနဲ့ ဆင်စခန်းရဲ့ စည်းကမ်းနဲ့  ဆင်တွေအတွက်သတ်မှတ်ထားတဲ့အချိန်တွေကို အရင်သိအောင်လုပ်ပါ။ ??မနက် ၄ နာရီလောက် ရန်ကုန်ကစထွက်မယ်ဆိုရင် ၅နာရီလောက်မှာ ရန်ကုန်-မန်းလေးအမြန်လမ်း ၃၉မိုင် သပြေရိပ်ကို ရောက်ပါတယ်။ ? ခဏနား မနက်စာစားပြီး ခရီးဆက်ထွက်လာခဲ့ရင် ရန်ကုန်-မန်းလေး အမြန်လမ်း ၁၀၅ မိုင် ၄ ဖာလုံ ရောက်တာနဲ့ ဘယ်ဘက်ခြမ်းမှာ မှော်ယောကြီးဆင်သမားကျေးရွာ လမ်းညွှန်ဆိုင်းဘုတ်ကိုတွေ့ ပါမယ်။➡➡  တွေ့ ပြီဆိုရင် ရှေ့ နည်းနည်းလောက်မှာ ဂငယ်ကွေ့ကွေ့ပြီး လမ်းညွှန်ဆိုင်းဘုတ်ရှိတဲ့ဖက်ကွေ့သွားရင် မြေသားလမ်းလေးတွေ့ ပါမယ်။

ဖုန်နည်းနည်းထူလို့  ကားတွေမှန်ပိတ်မောင်းရင် ပိုအဆင်ပြေပါမယ်။ မြေသားလမ်းအတိုင်း တည့်တည့်မောင်းရင် မှော်ယောကြီးဆင်သမားကျေးရွာကို ရောက်ပါမယ်။??

ဆင်စခန်းကိုရောက်တဲ့အချိန်မှာတော့ မနက်၈နာရီခန့် ပါ။ ?? (အမြန်လမ်းကို ကီလိုမီတာ ၈၀ နဲ့ ၁၀၀ ကြားပဲမောင်းခဲ့တာပါ…???) ဆင်စခန်းဝင်ကြေး ပြည်တွင်းတဦး ၁၀၀၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသားတဦး၂၀၀၀၀ ကျပ်ပါ။

ဆင်စခန်းရောက်တာနဲ့ ဆင်တွေရေချိုးချိန်မှီခဲ့ရင် ကိုယ်တွေလည်းဝိုင်းချိုးပေးလို့ ရပါတယ်။ (ဆင်ရေချိုးချိန် မနက် ၆ ခွဲမှ ၈ခွဲ ပါ) ?? ပြီးရင်တော့ ဆင်အလှပြတာကိုကြည့်ရပါမယ်။ ၈ခွဲမှ ၉နာရီအထိပါ။ ပြီးရင်ခဏနားပြီး ဆင်စီးမယ့်အစီအစဉ် စလို့ရပါပြီ။ (ဆင်စီးချိန် ၉ခွဲမှ ၁၁ခွဲပါ)။ ဆင်စီးခက တယောက်ကို ၅၀၀၀ ကျပ်ပါ။ ဆင်စီးတဲ့အခါနေအရမ်းပူပါတယ်။ ဆင်စီးသွားလည်းရသလို လမ်းလျှောက်သွားလည်းရပါတယ်။ ထီး သို့မဟုတ် ဦးထုပ်ယူသွားပါ။

သဘာဝဆန်တဲ့ကျောက်တုံးကျောက်ဆောင်တွေကြားကနေ လမ်းလျှောက်သွားတာ ပိုအဆင်ပြေပါတယ်။ နည်းနည်းတော့ပင်ပန်းပါတယ်။ သဘာဝအတိုင်းဖရိုဖရဲနဲ့ လှနေတဲ့မြင်ကွင်းတွေကို မြင်ချင်တယ်ဆိုရင်တော့ လမ်းလျှောက် (Trekking) သွားလိုက်ပါ။ ဆင်တွေလည်းသက်သာပါတယ်။ ဓာတ်ပုံအလန်းလေးတွေလည်း ရိုက်လို့ ရပါတယ်။ ဆင်စီးဖို့ အပြန်လာကြိုပေးပါလိမ့်မယ်။

ကျောက်တုံးတွေ ရေတသွင်သွင်စီးနေတဲ့ စမ်းချောင်းငယ်လေးတွေကို ဖြတ်လျှောက်ရတဲ့ ခံစားချက်ကဘာနဲ့မှမတူပါဘူး။ နာရီဝက်ခန့် လမ်းလျှောက်ပြီးတဲ့အခါ စီးဆင်းနေတဲ့ရေတို့ ပေါင်းဆုံရာ ရေအိုင်ငယ်ကိုရောက်ပါပြီ။ ?? ပင်ပန်းနွမ်းလျနေတဲ့စိတ်အလျင်ဟာ ရေအိုင်ငယ်ကရေနဲ့ သင့်ခြေထောက်ထိတွေ့လိုက်ချိန်မှာ မောပန်းသမျှတွေပြေသွားပါလိမ့်မယ်။ အရမ်းကို အေးပြီးလန်းဆန်းသွားစေပါတယ် ( ဒီလိုနေရာမျိုးတွေ ငါတို့နိုင်ငံမှာဘယ်လောက်တောင်ရှိနေမလဲဆိုတဲ့ အတွေးကိုထင်ဟပ်လာစေပါလိမ့်မယ်)။ ရေအိုင်ရဲ့အလယ်က လေးပေကနေငါးပေထိနက်ပါတယ်။

ရေဆင်းချိုးလို့ ရသလို ရေအိုင်ထဲခြေထောက်စိမ်ထားရင် ငါးသေးသေးလေးတွေ ခြေထောက်ကိုလာတွတ်လို့ ခံစားရတဲ့ဖီလင်ကလည်း တမျိုးအသည်းယားစရာကောင်းနေပြန်ပါတယ်။ (Fish Massage) တောင်သွားစရာမလိုတော့ ပါဘူး။ ?????? အနားယူအပန်းဖြေလို့ ဝရင်တော့ဆင်တွေနဲ့ လာကြိုပါလိမ့်မယ်။ ညနေပိုင်းဆင်စီးလို့ ရတဲ့အချိန်ကတော့ ၃ ခွဲမှ ၅နာရီအတွင်း သတ်မှတ်ထားပါတယ်တဲ့…??

ကျောက်တုံးကျောက်ဆောင်တွေကြားမှာ ဆင်စီးရတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ နာရီဝက်ခန့် ပဲစီးရတယ်ဆိုပေမယ့် ဆင်လေးတွေရဲ့သဘာဝနဲ့ ဆင်တွေအကြောင်းကို လမ်းတလျှောက်မှာ ဆင်ဦးစီးတွေကိုမေးလို့ ရပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးပါတယ်။ ဆင်စီးရတာကို နှစ်သက်တယ်ဆိုပေမယ့် ဆင်တွေက ကိုယ်တွေကိုထမ်းပြီး ကျောက်ဆောင်ကျောက်တုံးတွေကြားက သယ်သွားရတာကိုကြည့်ပြီး စိတ်မကောင်းတာနဲ့ သနားတာကလည်းရောနေပြန်ပါတယ် (သေချာမှာချင်တာကတော့ အရက်ပုလင်းတွေ ဖွက်ယူသွားပြီး သောက်ကြမယ်ဆိုရင်တော့ လမ်းတလျှောက်မှာ မလွှင့်ပစ်ခဲ့ပါနဲ့။ ဆင်တွေကို ပုလင်းကွဲတွေရှမှာစိုးလို့ ပါ. ??.. စည်းကမ်းရှိပေးစေချင်ပါတယ်)။

နောက်တချက်က ဆင်လေးတွေက ကိုယ့်ရဲ့လိုရာခရီးကိုပို့ဆောင်ပေးသလို ကိုယ်တွေကလည်း သူတို့ကိုစာနာရင် အပြန်အနားယူရတဲ့တဲနားမှာ ဆင်စာရောင်းပါတယ်။ တခြင်းကို ၂၀၀၀ ကျပ်ပါ။ ဈေးလဲမများတဲ့အတွက် ကိုယ့်ကိုတင်ပြီးသယ်လာတဲ့ဆင်လေးတွေကို အစာကျွေးပေးစေချင်ပါတယ်။ အစာကျွေးနေတဲ့အချိန်မှာ ဆင်လေးတွေက အရမ်းချစ်စရာကောင်းတယ်ဆိုတာကို သင်မြင်တွေ့ ရပါလိမ့်မယ်။

အစာကျွေးပြီးရင်တော့ ခဏအနားယူပါ။ အနားယူတဲ့နေရာမှာဆင်လေးတွေရဲ့ ကိုယ်ရေးအကျဉ်းလေးတွေရေးပြီး ချိတ်ဆွဲပေးထားပါတယ်။  လေ့လာရေးမှတ်လို့ ရပါတယ်။ မြန်မာ့သနပ်ခါးကိုလိမ်းချင်သပဆိုရင်တော့ ကျောက်ပျဉ်အကြီးကြီးနဲ့ သနပ်ခါးတုံးချပေးထားလို့ စိတ်ကြိုက်လိမ်းလို့ ရပါတယ်။  နိုင်ငံခြားသားတွေကတော့ လိမ်းကြပါတယ်။ အနားယူလို့ဝပြီဆိုရင် ညနေ ၄ခွဲလောက်ပြန်ထွက်ပါ။ ရန်ကုန်ကို ၈နာရီပြန်ရောက်ပါတယ်။

သေချာတာတခုကတော့ ကိုယ့်နိုင်ငံမှာရှိတဲ့နေရာဒေသတွေကို သွားပါ၊ လေ့လာပါ၊ မျှဝေပါ။ သဘာဝဆန်ဆန်လှတဲ့နေရာတွေကို ကြည့်ချင်ရင်တော့ သွားဖြစ်အောင်သွားပါ။ ညအိပ်ခရီးထက် နေ့ ချင်းပြန်ခရီးက ပိုအဆင်ပြေပါတယ်။ ညအိပ်မယ်ဆိုရင် အဆင်ပြေပေမယ့် နောက်တခေါက်သွားဖို့တော့ ငြင်းဆန်မိပါလိမ့်မယ်။

ဖြစ်နိုင်ရင် နေ့ ချင်းပြန်သွားပါ။ သူငယ်ချင်းတွေနဲ့ သွားပါ။ ??ဓာတ်ကောင်းကောင်းဖမ်းခဲ့ပါ??။ အမှိုက်တွေမပစ်ချပါနဲ့ ??။ ဆင်လေးတွေအစာကျွေးခဲ့ပါ။ အသက်အကြီးဆုံးဆင်နှစ်ကောင်ကတော့ ဘေးမဲ့လွှတ်ပေးထားပါတယ်တဲ့။ တင်မေသန်း ၅၄ နှစ်၊ ၁၉၆၃ မှာမွေးပြီး၊ ရွှေနွယ်ဝင်း ၆၇ နှစ် ၁၉၅၀ မှာမွေးတာပါ။ သူတို့ နှစ်ကောင်ကိုတော့ ဘေးမဲ့လွှတ်ပေးထားပြီး စုစုပေါင်း ဆင် ၂၂ ကောင်ရှိပါတယ်။

ဖွင့်တာသိပ်မကြာသေးတဲ့အတွက် လူသိပ်မသိသေးပါဘူး။ ကိုယ်သွားခဲ့တဲ့အချိန်မှာ တွေ့ ခဲ့ကြုံခဲ့တာတွေကို ပြန်လည်မျှဝေပေးတာဖြစ်လို့ လိုတာရှိရင် ဖြည့်စွက်ပေးစေချင်ပါတယ်။ ဆင်စခန်း ဦးစီးနာမည်က ကိုတရုတ်ကြီးပါ။ ဆင်စခန်းရဲ့ သိလိုတာမှန်သမျှကို ဖုန်းဆက်မေးလို့လည်းရပါတယ်။ 09794146854 ကိုဆက်သွယ်လို့ရပါတယ် ???

ပြိုင်ပွဲပုံစံ

စာဖတ်သူတို့ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အမှတ်တရတစ်ခုကို မိမိကြိုက်နှစ်သက်တဲ့ ပုံစံမျိုးနဲ့ Review အကောင်းဆုံးရေးပြီး ဓာတ်ပုံများနဲ့အတူတကွ MyStyle Myanmar ရဲ့  FB Messenger ကို ပေးပို့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့ဖူးနေကြ ပြိုင်ပွဲတွေနဲ့မတူဘဲ တမျိုးဆန်းသစ်တဲ့ပုံစံလေးနဲ့မို့လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်နော်။

ပြိုင်ပွဲစတင်မယ့်အချိန်

Review ရေးပြိုင်ပွဲအစီအစဉ်ကိုတော့ မတ်လ၊ ၂၄ ရက်နေ့ကစတင်လျက်ရှိပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံးထားကာ Review လေးတွေကို ပေးပို့သွားရမှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ဧပြီလ၊ ၈ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်လို့ အချိန်ရှိတုန်းလေး အပြေးရေးထားလိုက်ရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်

ပေးပို့လာတဲ့ Review တွေထဲကမှ Like အများဆုံး ရရှိမယ့် Review ပိုင်ရှင်တစ်ဦးကိုသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ Hedgren မှ စပွန်ဆာပေးထားသည့် 1 Year Warranty နဲ့  ၂၉၅၀၀၀ ကျပ်တန်ဖိုးရှိ ခဲရောင်ခရီးဆောင်အိတ်ကို ချီးမြှင့်ပေးသွားမှာဖြစ်သည့်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်မခံဘဲ အပြေးလေး ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

Hedgren bags are available at Casabella Show Rooms in Yangon, Mandalay and Naypyidaw

Yangon: 22 Pyay Road, 9 Mile. Phone: 664 363, 660 769
Naypyidaw: Ocean Super Center Ground Floor (Oatarathri) Phone: 06741 7621-25
Mandalay: Corner of 32nd 77th Street, Chanayetharzan T/S Phone: 02 69366

https://www.facebook.com/hedgren.myanmar