စဉ်းစားကြည့်လိုက်တော့ ကျွန်မတို့ ကျောင်းတက်တုန်းကနဲ့ အခုလက်ရှိ လွယ်အိတ်လွယ်ပုံ ကိုင်ပုံတွေ မတူညီကြပါဘူး။ ငယ်ငယ်တုန်းက ကျောင်းတက်ရင်တောင် လွယ်အိတ်ကို စတိုင်လ်အမျိုးမျိုးထုတ်လွယ်ကြတယ်မဟုတ်လား။ စာဖတ်သူတို့ကော လွယ်အိတ်ကို ဘယ်လိုပုံစံမျိုးလွယ်ကြပါသလဲ။

၁။ ကျောပိုးအိတ်ကို ကြိုက်တဲ့သူ (သို့) ကျောပိုးအိတ်လိုလုပ်ပြီးလွယ်တတ်တဲ့သူတွေ

သင်ဟာ အမြဲတမ်း စွန့်စားဖို့ အသင့်ရှိနေတဲ့သူပါ။ ဘယ်လို အခြေအနေမျိုး ကြုံလာကြုံလာ အသင့်ပြင်ဆင်ထားတဲ့သူတစ်ယောက်ပါ။ သင်ဟာကိုယ်ချင်းစာတရားရှိသူဖြစ်ပြီး တခြားသူတွေရဲ့ ခင်မင်မှု သဘောကျနှစ်ခြိုက်မှုကို ခံရတဲ့သူပါ။ ခေါင်းဆောင်တစ်ယောက်ရဲ့  အရည်အချင်းရှိသူဖြစ်ပြီး တခြားသူတွေကို သင့်နောက် လိုက်လာနိုင်အောင် သင့်ဖက်ပါနိုင်အောင် လုပ်နိုင်တဲ့သူလည်းဖြစ်ပါတယ်။

၂။ လက်နဲ့ ဆွဲတတ်တဲ့သူ

အိတ်ကို လက်နဲ့အမြဲစွဲတတ်တဲ့သူ ကိုင်တတ်တဲ့သူဆိုရင် သင်ဟာ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်မှာ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေရှိတယ်။ လူကဲခတ်တော်တဲ့သူဖြစ်ပါတယ်။ သင်ဟာ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

၃။ ပုခုံးပေါ်တင်ပြီး လွယ်တတ်သူ

ပုခုံးပေါ် လွယ်အိတ်တင်ပြီး ဘေးတိုက်လွယ်တတ်တဲ့သူတွေဟာ စာဖတ်တာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပါတယ်။ အကင်းပါးပြီးလိမ္မာပါးနပ်သူတစ်ဦးဖြစ်တယ်။

၎။ ပုခုံးအပေါ် ကျော်ပြီး ဘေးတစောင်းလွယ်တတ်တဲ့သူ

သင်ဟာ ချမ်းသာကြွယ်ဝမှုကို ခုန်မင်သူတစ်ဦးဖြစ်ပေမယ့် တချိန်တည်းမှာပဲ သင်ဟာ ရက်ရောတတ်တဲ့သူတစ်ဦးပါ။ ဒါပေမယ့် သတိထားပါ။ တချို့သူတွေက သင့်အားနည်းချက်ကို အသုံးချတတ်ကြပါတယ်။

၅။ ဂုတ်ပေါ်ချိတ်ပြီး လွယ်တတ်တယ်

သင်ဟာ စိတ်မြန်လက်မြန်ရှိပြီး စိတ်ကူးစိတ်သန်းကောင်းတွေရှိသူဖြစ်ပါတယ်။ တော်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။