အားလုံးပဲမင်္ဂလာပါနော်။ အမျိုးသမီးတွေအများအားဖြင့် ကိုယ်ဝန်ဆောင် မီးဖွားပြီးချိန်မှာ ဝမ်းဗိုက်ခေါက် ထူထူကြီးကို ချဖို့ခက်လှပါတယ်။ ဒါ့ကြောင့် ဝမ်းဗိုက်နားတစ်ဝိုက်က အဆီတွေကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း သင့်ကျန်းမာရေးကိုလည်း မထိခိုက်စေသင့်ပါဘူး။

ဝမ်းဗိုက်ချပ်ချင်တဲ့ ဘယ်သူမဆို ပြုလုပ်ပေးလို့ရတဲ့ ပေါ့ပေါ့ပါးပါး ဗိုက်ချပ်လေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်နော်။

ဒီလေ့ကျင့်ခန်းက ရိုးရိုးမွေးထားတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ ဗိုက်ခွဲထားတဲ့သူတွေကတော့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

၁။ ခြေထောက်မတင်မယ်

ခန္ဓာကိုယ်ကို လှဲနေလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ဖြည်းဖြည်းလေးမတင်ပါ။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ခန့်လုပ်ပါ။

၂။ စက်ဘီးနင်းသလိုလုပ်မယ်

ကျောလဲှနေလိုက်ပြီး သင့်ခြေထောက်နှစ်ဖက်ကို စက်ဘီးနင်းသလို ရွှေ့ပေးနေရမှာဖြစ်ပါတယ်။ ၅ ကြိမ်ကနေစလုပ်ပါ။ ပြီးရင် တိုးတိုးပြီးလုပ်သွားပါ။

၃။ အိပ်ထမတင်

အရင်ဆုံး ခြေထောက်နှစ်ဖက်ကို အပေါ်ထောင်ထားလိုက်ပြီး ခန္ဓာကိုယ်ကို ကြွပေးလိုက်၊ ချပေးလိုက် လုပ်ရမှာပါ။ အစပိုင်းမှာတော့ ခက်ခဲပါလိမ့်မယ်။ ၁၀ ကြိမ်ကစလုပ်ပါ။ နောက်မှ တိုးတိုးပြီး လုပ်သွားပါ။

၄။ ဒူးနှစ်ဖက်ကို ထောင်ထားပြီး အိပ်ထမတင်လုပ်မယ်

ဒူးနှစ်ဖက်ကို ထောင်ထားလိုက်ပြီး အခုပုံမှာပြထားသလို အိပ်ထမတင်လုပ်ပေးရမှာဖြစ်ပါတယ်။

၁၀ ကြိမ်ကနေ ၁၅ ကြိမ်ခန့်လုပ်ပါ။ ပြီးရင် တိုးတိုးပြီးလုပ်သွားပါ။

၅။ Bicycle Crunch

ဒူးနှစ်ဖက်လုံးကို စက်ဘီးနင်းသလို ရွေ့လျားပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြွပေးပြီး ညာ လက်တစ်ဒေါင်ကို ဘယ်ဖက် ဒူးတစ်ဖက်နဲ့ ထိအောင် ၊ ဘယ်ဖက်လက်တစ်ဒေါင်ကို ညာဖက် ဒူးနဲ့ ထိအောင် ရွေ့လျားပေးရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဖြည်းဖြည်းချင်လုပ်ပါ။ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်အထိလုပ်ပါ။

၆။ ဘောလုံးနဲ့ အိပ်ထမတင်လုပ်မယ်

ဘောလုံးကို ကျောအောက်မှာထားထားပြီး အိပ်ထမတင်လုပ်ပေးရမှာဖြစ်ပါတယ်။ ၅ ကြိမ်ကို ၃ကြော့လုပ်ပေးနိုင်ပါတယ်။

၇။ Warrior Stance

အခုပုံမှာပြထားသလိုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒူးတစ်ဖက်ထောက်၊ ကျန်တဲ့တစ်ဖက်ကို ကားပေးပြီး ခါးကို တစ်ဖက်ကိုင်းပေးရမှာဖြစ်ပါတယ်။ တစ်ဖက်ကို ၅ ကြိမ်လုပ်ပါ။

၈။ လေယာဉ်ပျံလိုလုပ်မယ်

အခုပုံမှာပြထားသလို ဒူးတစ်ဖက်ထောက်ထားပြီး ကျန်တဲ့တစ်ဖက်ကို မြောက်ထားပါ။ ပြီးရင် လက်တစ်ဖက်ထောက်ပြီး တစ်ဖက်ကို အပေါ်မြောက်ပေးပါ။ ၃ စက္ကန့်လောက်အထိနေပါ။

တစ်ဖက်ကို ၅ကြိမ်လုပ်ပေးပါ။

Source: www.brightside.me

By: MyStyle Myanmar