မော်ရိုကိနိုင်ငံက ဥရောပ ကမ်းရိုးတန်းဒေသနဲ့ဆိုရင် မိုင်အနည်းငယ်လောက်ဘဲ ကွာဝေးပါတယ်။ ဒါပေမယ့် ဥရောပနဲ့ အရမ်းကွာခြားမှုရှိပါတယ်။ သူ့မှာ ရာစုနှစ်နဲ့ချီတဲ့ ယဉ်ကျေးမှု၊ အံ့သြဖွယ်ကောင်းတဲ့ ဗိသုကာလက်ရာတွေ နဲ့ တမူထူးခြားတဲ့ ရှုခင်းတွေကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့သက်တမ်းအရင့်ဆုံး တက္ကသိုလ်

မိုရိုကိုနိုင်ငံရှိ Al Quarauiyine က ကမ္ဘာ့ အသက်တမ်းအရင့်ဆုံး တက္ကသိုလ်ဖြစ်ပြီး အေဒီ ၈၅၉ တုန်းက ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ယောက်ရဲ့သမီးဖြစ်သူ ဖာတီမာ အယ်လ် ဖီဟာ (Fatima al-Fihri) က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဥရောပ ထုံးလမ်းဓလေ့နဲ့ ဆန့်ကျင်တဲ့ ရှေးဟောင်း အာရပ်တက္ကသိုလ်တွေက ဒီပလိုမာတို့ လက်မှတ်တို့ကို ထုတ်ပေးလေ့မရှိဘဲ ကြီးကြပ်သူတွေက တစ်ဦးချင်း ဖွံ့ဖြိုးမှုကိုသာ အလေးထားပြီး သင်ကြားပေးတာဖြစ်ပါတယ်။ Al Quarauiyine တက္ကသိုလ်ကို ၁၉၄၇ ခုနှစ်မှ တက္ကသိုလ်အဖြစ် ဥရောပနဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။


အာဖရိကရဲ့ နှင်း

ဆောင်းတွင်းမှာဆိုရင် Ski, Snowboard စတဲ့ ဆောင်းတွင်းအားကစားလုပ်လို့ရပါတယ်။ Atlas တောင်တန်းမှာ တည်ရှိပြီး နှင်းတွေက ဒီဇင်ဘာကနေ ဧပြီလ အစပိုင်းအထိ ရှိပါတယ်။

နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်တော်တော်များများက မိုရိုကိုနိုင်ငံမှာ ရိုက်ကြပါတယ်

အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Lawrence of Arabia ရုပ်ရှင်ကို မိုရိုကိုနိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်မှာ ရိုက်ကူးခဲ့ပြီး အသုံးစရိတ်ကြီးကြီးမားမား စိုက်ထုတ်ပြီး ရိုက်ကူးတဲ့ ရုပ်ရှင်တွေတော်တော်များများက မိုရိုကိုနိုင်ငံမှာ ရိုက်ကူးကြတာများပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ မိုရိုကိုနိုင်ငံမှာ ကမ္ဘာပေါ်မှာအကြီးဆုံး စတူဒီယိုကြီးများ ရှိတဲ့ နိုင်ငံတွေထဲမှာပါဝင်သွားပါတယ်။ မိုရိုကိုနိုင်ငံမှာရှိတဲ့ Atlas စတူဒီယိုဆိုရင် Gladiator, Alexander, 007: Spectre နဲ့ Game of Thrones တို့ ရိုက်ကူးခဲ့ပါတယ်။

မိုရိုကိုနိုင်ငံမှာ ပေါင်မုန့်ကို လွှတ်ပစ်လို့မရပါဘူး။

မိုရိုကိုပြည်သူတွေက ပေါင်မုန့်ကို အဓိက စားသုံးကြပြီး ပေါင်မုန့်အပေါ်မှာ လေးစားမှုလည်း ထားပါတယ်။ စားလို့မကုန်တဲ့ ပေါင်မုန့်တွေကို မလွှတ်ပစ်ဘဲ အိမ်မွေးတိရစ္ဆာန်တွေ နဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ကျွေးပါတယ်။ အဲ့လို ကျွေးစရာမရှိဘူးဆိုရင် ပေါင်မုန့်တွေကို သိမ်းထားပြီး တခြား အသုံးဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတို့ ဆပ်ပြာမှုန့်တို့နဲ့ လဲလှယ်လို့ရပါတယ်။

ရေဇလုံထဲ၊ ရေကန် စတာတွေထဲကို ရေနွေးပူပူထည့်လို့မရပါဘူး။

မိုရိုကိုနိုင်ငံမှာ Jinns ဆိုတဲ့ သက်ရှိသတ္တ၀ါလေးတွေကနေ တဖြည်းဖြည်း လူသားအဖြစ်ပြောင်းလဲလာတယ်လို့ ယူဆကြပါတယ်။ အဲ့ဒီ Jinns ဆိုတဲ့ သတ္တ၀ါလေးတွေက ရေနဲ့ဆက်စပ်တဲ့ ရေမြောင်း၊ရေဇလုံ၊ ရေကန် စတာတွေထဲမှာ နေထိုင်ကြတယ်လို့ ယူဆထားတာကြောင့် ရေနွေးပူပူချည်းဘဲ လောင်းမထည့်ဖို့ တားမြစ်ထားပါတယ်။ ရေနွေးပူပူကိုသွန်ပစ်ချင်ရင် ရေအေးနဲ့ စပ်ပြီး မှ သွန်လို့ရပါတယ်။

မိုရိုကိုနိုင်ငံက ဥရောပနဲ့ နီးနီးလေးပါ

မိုရိုကိုနိုင်ငံက သင်ထင်ထားတာထက် ဥရောပနဲ့ပိုနီးပြီး ကြားက ရေလက်တားက ၁၀ မိုင်လောက်ဘဲ ကျယ်ပါတယ်။ မိုရိုကိုကမ်းခြေကနေပြီး စပိန်ကမ်းရိုးတန်းမှာ ကားတွေ သွားလာနေတာကိုတောင် မြင်ရပါတယ်။

မိုရိုကိုနိုင်ငံမှာ အသားဟင်းကျွေးရင် မငြင်းသင့်ပါဘူး

မိုရိုကိုနိုင်ငံမှာ အသားအဟင်းနဲ့ လက်ဖက်ရည်က ခင်မင်မှု အတိုင်းအတာ ကိုပြသတာဖြစ်ပါတယ်။ ဒါကြောင့် အသားဟင်းကျွေးတာကို ငြင်းတာက ယဉ်ကျေးမှုမရှိတာကိုပြသပါတယ်။ အစားအစာ စားရင်လည်း ဘယ်ဘက်လက်နဲ့ မစားရပါဘူး။ ဘယ်ဘက်လက်က မသန့်ရှင်းဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့် ညာဘက်လက်ကိုဘဲ သုံးပြီး စားရပါတယ်။

ချစ်ခြင်းမေတ္တာကို အသည်းပုံနဲ့ ရည်ညွှန်း

တခြားနိုင်ငံတွေမှာလို ချစ်ခြင်းမေတ္တာကို နှလုံးပုံစံနဲ့ မဟုတ်ဘဲ အသည်းပုံစံနဲ့ ရည်ညွှန်းပါတယ်။

ကမ္ဘာ့ နေစွမ်းအင် အသုံးဆုံး နိုင်ငံ

မိုရိုကိုနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ မရှိတာကြောင့် ဆာဟာရ သဲကန္တာရမှာ နေစွမ်းအင်သုံး ဆိုလာပြားတွေနဲ့ လျှပ်စစ်ကို ထုတ်ယူကြပါတယ်။ နေစွမ်းအင်သုံး ဆိုလာ ပါဝါ စက်ရုံကြီးက ကမ္ဘာ့အကြီးဆုံးနဲ့ နည်းပညာ အမြင့်ဆုံးဖြစ်ပါတယ်။

အပြာရောင်သုတ်ထားတဲ့ မြို့

မိုရိုကိုနိုင်ငံမှာ လမ်းတွေနဲ့ အဆောက်အအုံတွေမှာ အပြာရောင်တွေသုတ်ထားတဲ့ မြို့တစ်မြို့ရှိပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ Chefchaouen မြို့က နာဇီလက်အောက်ကနေ ထွက်ပြေးလာတဲ့ ဂျုးလူမျိုးတွေ နေထိုင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ သူတို့ နေထိုင်တဲ့ အဆောက်အအုံ၊ လမ်းတွေမှာ အပြာရောင်တွေသုတ်ထားလေ့ရှိပါတယ်။ ဒီနေ့ခေတ် မိုရိုကိုတွေကလည်း အဲ့ဒီ ဓလေ့ကို ဆက်လက်ထိန်းသိမ်းထားပြီး လမ်းပလက်ဖောင်း၊ နံရံ၊ ခြံစည်းရိုး၊ အိမ်တွေမှာ အပြာရောင်တွေ သုတ်ကြပါတယ်။

ဒီလို အဆောက်အအုံ၊လမ်းတွေကိုလည်း နာမည်ကြီး ရုပ်ရှင်တွေမှာ ခဏခဏ တွေ့ဖူးကြမှာပါ။