မိသားစုတစ်သိုက် ကလေးတွေနဲ့ ပျော်ပျော်ပါးပါး နိုင်ငံရပ်ခြား ခရီးသွားကြမယ်ဆို ရွေးချယ်သင့်ဆုံး နိုင်ငံက စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီအကောင်းဆုံးလို့ သတ်မှတ်ခြင်းခံထားရပြီး ကလေးတွေအတွက် လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ အပြင် ပျော်ရွှင်စွာဆော့ကစားရင်း လေ့လာသင်ယူနိုင်မယ့် နေရာပဲဖြစ်ပါတယ်။

ကဲ..ဒါဆိုရင်တော့ စင်ကာပူမှာရှိတဲ့ ဒီနေရာတွေကို မိသားစုဝင်တွေကို အလည်အပတ် ခေါ်သွားလိုက်တော့နော်…

KidZania

ကလေးတွေအတွက် အရေးကြီးဆုံးက သူတို့လေးတွေ လွတ်လွတ်လပ်လပ်ပုံဖော်ဆော့ကစားနိုင်တဲ့ အိပ်မက်မြို့တော်လေးဖြစ်ပါတယ်။ ဒီ Playground လေးက လည်ပတ်ဆော့ကစားစရာတွေနဲ့ ပြည့်နှက်နေပြီး မနက်ကနေ ညနေထိ နေလို့ရတာကြောင့် ဝင်ကြေးနဲ့ ကြည့်ရင်တော့ တော်တော်တန်ပါတယ်။

KisZania က ကလေးတွေအတွက် ဆော့ကစားရင်းပျော်ရွှင်စေမယ့်အပြင် ဗဟုသုတတွေပါ ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုပါ။ ကလေးတွေကို တကယ့် လက်တွေ့ဘဝထဲ ရောက်သွားသလို အတွေ့အကြုံတွေကို ပေး စွမ်းမှာဖြစ်ပြီး ကိုယိတိုင် ဝင်ငွေဘယ်လိုရှာရမလဲဆိုတဲ့ ကစားနည်းတွေ၊ ပြသနာတွေကို ကိုယ်တိုင်ဖြေရှင်းရမယ့် Role-play game တွေ ပါဝင်ပါတယ်။ ဒီမြို့ထဲစဝင်တာနဲ့ ကိုယ်ပိုင် Bank acc လေးတွေဖွင့်ထားပေးမယ်။ ကိုယ်လုပ်ချင်တဲ့အိမ်မက်အလုပ်ကို လုပ်မယ်။ ငွေရှာမယ်။ မုန့်စားမယ်။ ရှောပင်ထွက်မယ်စတဲ့ activities တွေကို တကယ့် ကိုယ်ပိုင်ကမ္ဘာလေးထဲ ရောက်သွား သလို ဆော့ကစားရမှာပါ။

သင့် ရင်သွေးရဲ့ အိပ်မက်ကရော ဆရာဝန်လား။ မီးသတ်သမားလား။ လေယာဉ်မယ်လား။ စားဖိုမှုးလား။ စသဖြင့် သင့်ရင်သွေးတွေရဲ့ အိပ်မက်တွေအတိုင်း ပညာရေးနဲ့ ဆက်စပ်ပြီး Role-play ဆော့လို့ ရတဲ့ Activities လေးတွေလည်းရှိနေပါသေးတယ်။

KidZania ကိုလာပြီဆော့ကစားတဲ့ ကလေးငယ်တွေက ကိုယ့်အိပ်မက်တွေအတိုင်း အကောင်အထည်ဖော်ခွင့်ရမှဖြစ်လို့ ရာက်လာမှာဖြစ်လို့ မိဘတိုင်း လိုက်ပို့သင့်တဲ့နေရာလေးဖြစ်ပါတယ်။ ဒီ KidZania အိမ်မက်မြို့တော်လေးမှာ ကလေးတွေစမ်းသပ်ကစားနိုင်တဲ့ အလုပ်အကိုင်ကစားပွဲေတ ၅၁ ခုတောင် ရှိပါတယ်။

Forest Adventure

ကလေးတွေကော လူကြီးတွေကောပါ မိသားစုစုံလင်လင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားနည်းတွေကိုရှာနေရင်တော့ Forest Adventure ကိုပဲရွေးရမှာပါ။ စင်ကာပူနိုင်ငံရဲ့ မြို့လည်ခေါင်မှာ တည်ရှိပြီး စွန့်စွန့်စားစား ပါဝင်ဆော့ကစားလို့ ရမဲ့ ကြိုးတံတားကို Balance ညီအောင်ထိန်းပြီး ဖြတ်ရတာမျိုးတွေ၊ ရေချောင်းပေါ်ကို ကြိုးနဲ့ ဖြတ်တာမျိုးတွေ၊ ကြိုးနဲ့ သစ်ပင်ပေါ်စွန့်စွန့်စားစားတက်တာမျိုးတွေ၊ Ziplines နဲ့ ဆော့ကစားနည်းတွေ စသဖြင့် ဆော့နိုင်တဲ့ activites ပေါင်း ၂၀ ကျော်ရှိပါတယ်။ ကလေးငယ်တွေအတွက်ဆို Junior Course ဆိုပြီး သပ်သပ်ရှိပါတယ်။

Wildlife Reserves Singapore

သဘာဝသစ်တောအုပ်သဖန် Wildlife အပင်များနဲ့ အကောင်များကို ထိန်းသိမ်းထားတဲ့ ကမ္ဘာတစ်ခုပါ။ Wildlife Reserves Singapore မှာဆိုရင် Night Safari၊ Singapore Zoo နဲ့ River Safari တို့ကို လည်ပတ်နိုင်ပါတယ်။ Night Safari ကတော့ ညပိုင်းမှာ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ့် ရှိုးပွဲတွေ၊ ချစ်စရာတိရိစ္ဆာန်လေးတွေနဲ့ ရှိုးပွဲလေးတွေကို ရှုစားနိုင်ပါတယ်။ တိရိစ္ဆာန်တွေကိုလည်း Cage နဲ့ ထားတာမဟုတ်ဘဲ ခြံစည်းရိုးလေးပဲ ကာထားတာကို အသည်းယားဖွယ်တွေ့ရမှာပါ။

Downtown East

ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လှုပ်ရှားမှုတွေပြုလုပ်ရတာ ကြိုက်နှစ်သက်တဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ Downtown East ကိုလည်း သွားသင့်ပါတယ်။ ရေဆော့ကစားစရာနေရာ တွေ ရှိုးပွဲတွေ၊ စကိတ်စီးလို့ ရတဲ့ နေရာတွေ၊ တိုက်ကားစီးလို့ ရတဲ့ နေရာတွေ စသဖြင့် စုံစုံလင်လင်ရှိပါတယ်။ မိသားစုတွေအတွက် ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းမှာပါ။

Passion Wave

Marina Bay Passion Wave ကလည်း ပိတ်ရက်တွေမှာ အုပ်စုလိုက် လည်ပတ်လေ့ရှိတဲ့ နေရာလေးပါ။ ကိုယ်ပိုင် equipment တွေကိုယူသွားစရာမလိုပဲ Passion Wave မှာပဲ ဌားရမ်း အသုံးပြုနိုင်ပါတယ်။ Wheelchair Fencing လို့ ခေါ်တဲ့ ဝီးချဲလ်နဲ့ ဘတ်စကတ်ဘောပစ်ပြီး ဆော့လို့ ရတဲ့ ကစားနည်းတွေ၊ Dragon Boat လို့ ခေါ်တဲ့ အုပ်စုလိုက် လှေလှော်တဲ့ ဂိမ်းတွေ စသဖြင့် စုံလင်လှပါတယ်။

Diggersite

Diggersite ကလည်း မိသားစုတွေအတွက် ကမ္ဘာငယ်အသစ်လေးတစ်ခုဖြစ်တယ်။ အသက်အရွယ်တိုင်းအတွက် Playground သဘောမျိုးဖြစ်ပြီး ဆောက်လုပ်ရေး သုံးပစ္စည်းတွေနဲ့ မြေတူးစက်တွေကို စိတ်ဝင်စားဖွယ် တကယ်တွေ့ကြုံပြီး သုံးလို့ ရတဲ့ပုံမျိုးဖန်တီးထားတာပါ။ တကယ့်ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်လို ဝတ်စုံအပြည့်အစုံနဲ့ အမှတ်တရာများစွာကို ရနိုင်မှာဖြစ်ပါတယ်။

စင်ကာပူက မိသားစုတွေ လည်ပတ်စရာနေရာတွေဟာ မြင့်မားတဲ့ နည်းပညာတွေနဲ့ နိုင်ငံတကာအဆင့်မှီ ဖန်တီးထားတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံသားတို့ရဲ့ အနုပညာနဲ့ နည်းပညာ၊ သဘာဝတရားတို့ကို ပေါင်းစပ်ပြီး လည်ပတ်သူတွေကို တစ်သက်မမေ့စရာ အမှတ်တရတွေ ပေးစွမ်းနိုင်တာကတော့ မြန်မာလူမျိုးတို့ စင်ကာပူက အပြန်သယ်သွားနိုင်တဲ့ လက်ဆောင်ပဲဖြစ်ပါတယ်။