[Zawgyi]

MyStyle Myanmar ပရိတ္သတ္တို႔အားလံုးမဂၤလာပါေနာ္။ အလုပ္တစ္ခု ေလွ်ာက္တဲ့အခ်ိန္ ေတာ္ေတာ္မ်ားမ်ား အင္တာဗ်ဴး ေျဖရမွာပါ။ အလုပ္ရွင္ေတြက သူတို႔ေမးတဲ့အရာေတြကို သြက္သြက္လက္လက္နဲ႔ ေျဖႏိုင္သူေတြ၊ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိသူေတြကို ပိုသေဘာက်ၾကပါတယ္။ လစာေကာင္းျပီး အလုပ္ရဖို႔ ခက္ခဲတဲ့ အလုပ္ေလွ်ာက္သူမ်ားတဲ့ ေနရာမ်ိဳးမွာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိဖို႔က အေရးပါလာပါျပီ။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိသူက ေၾကာက္တတ္သူထက္ ႏွာတစ္ဖ်ားသာပါတယ္။ ဒါေၾကာင့္ အလုပ္အင္တာဗ်ဴး ေျဖမယ့္လူတုိင္း သိထားသင့္ပါတယ္။ အင္တာဗ်ဴးမွာ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရွိေစမယ့္ အခ်က္ေတြကေတာ့-

၁။ ပြဲမဝင္ခင္ အျပင္ကက်င္းပပါ

ကုမၺဏီက ကိုယ့္ကိုေမးနိုင္တဲ့ အခ်က္ကို ၾကိဳခ်ေရးၾကည့္ပါ။ ဒီေမးခြန္းေတြကို ေျဖၾကည့္ပါ။ ကိုယ္လုပ္မယ့္ ေနရာအေၾကာင္းကို ေသခ်ာစံုစမ္းပါ။ သူတုိ႔က ဘယ္လိုမ်ိဳးကို သေဘာက်လဲ ၾကိဳေလ့လာပါ။ ၾကိဳလုပ္ထားတာက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈတိုးေစပါတယ္။

၂။ မေၾကာက္မရြံ႕နဲ႔ေျပာပါ

သင္သိထားဖို႔က သင့္ေရွ႕မွာ ေမးတဲ့လူက သာမန္လူပါပဲ။ သင့္ဘဝရဲ႕ တစ္ခုတည္းေသာ ေမွ်ာ္လင့္ျခင္းေရာင္ျခည္တန္းမဟုတ္ပါဘူး။ ေမးတဲ့လူကို မေၾကာက္ပါနဲ႔။ မွားမွာလည္းမေၾကာက္ပါနဲ႔။ ရဲရဲဝ့ံဝံံ့သာ ေျဖလုိက္ပါ။

၃။ အင္တာဗ်ဴးမေျဖခင္မနက္မွာ ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္တာက ဦးေႏွာက္အတြက္ ေကာင္းမြန္ေစျပီး ေသြးလည္ပတ္မႈအတြက္ အက်ိဳးရွိပါတယ္။ ေပ်ာ္ရႊင္ေစတဲ့ေဟာ္မုန္းကိုလည္း ထုတ္ေပးပါတယ္။ ဒီေတာ့ အင္တာဗ်ဴး မေျဖခင္ မနက္ေစာေစာထျပီး နာရီဝက္ေလာက္ ေလ့က်င့္ခန္းလုပ္လိုက္ပါ။ သင္တက္ၾကြေနပါလိမ့္မယ္။

၄။ သင့္အားနည္းခ်က္ေတြ အျပစ္ေတြကို မေတြးပါနဲ႔

ငါ့အသံက နားေထာင္မေကာင္းဘူး၊ ငါ့ပံုစံနဲ႔ အဆင္ေျပပါ့မလား စတဲ့ကိုယ့္အျပစ္ေတြကို မေတြးပါနဲ႔။ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ရိုးရိုးရွင္းရွင္းေလး ဝတ္သြားပါ။ အင္တာဗ်ဴးတဲ့ေနရာကိုေရာက္တာနဲ႔ သူတုိ႔ေမးတဲ့ေမးခြန္းကိုပဲ အာရံုစိုက္ပါ။ ကိုယ့္အျပစ္ေတြကို ေတြးေနလို႔ ဘာမွမထူးပါဘူး။

၅။ ႏႈတ္ဆက္ပါ

အင္တာဗ်ဴးအခန္းထဲကို ေရာက္တာနဲ႔ သူတို႔ကို စျပီးေတာ့ ႏႈတ္ဆက္ပါ။ ျဖစ္နုိင္ရင္ လက္ဆြဲႏႈတ္ဆက္လို႔လည္း ရပါတယ္။ မဂၤလာပါဆိုတဲ့ စကားေလးနဲ႔ အင္တာဗ်ဴးကို စတင္လုိက္ပါ။

၆။ သူတုိ႔ေျပာပါေစ

သူတုိ႔ကို ႏႈတ္ဆက္ျပီးတာနဲ႔ သူတို႔ဘက္က စကားစလာဖို႔ ေစာင့္ပါ။ ေမးတဲ့ေမးခြန္းေတြကို တိတိက်က်နဲ႔ ျမန္ျမန္ဆန္ဆန္ေျဖေပးပါ။

၇။ အလုပ္ရေနတဲ့ ပံုစံမ်ိဳးနဲ႔ေျပာပါ

ဒါက ကိုယ့္ကိုကိုယ္ အထင္ၾကီးဘဝင္ျမင့္တာနဲ႔ မတူပါဘူး။ ကိုယ္သာ အလုပ္ကို ရခဲ့ရင္ ဘယ္လိုလုပ္မလဲဆိုတာကို ယံုၾကည္မႈရွိရွိေျပာပါ။ ကိုယ့္ဘက္က အလုပ္ရေနျပီလို႔ အျပည့္အဝယံုၾကည္စိတ္နဲ႔ေျပာပါ။

၈။ သင့္ရဲ႕ Resume ကုိယူသြားပါ

တစ္ခါတေလ သူတို႔ဘက္က က်န္ခဲ့တာေတြ၊ ေပ်ာက္ေနတာေတြရွိတတ္ပါတယ္။ ဒီေတာ့ သင္က အလုပ္ေလွ်ာက္လႊာေရးကတည္းက ၾကိဳျပီး Copy တစ္ရြက္ျပင္ဆင္ထားပါ။ အမွားအယြင္းမရွိတာ အေကာင္းဆံုးပါပဲ။

၉။ မနက္စာစားပါ

အင္တာဗ်ဴးသြားတဲ့အခ်ိန္ ဘာမွမစားဘဲ မသြားပါနဲ႔။ ေျဖတဲ့အခ်ိန္ အားရွိဖို႔ အစာစားရပါမယ္။ သၾကားမ်ားတဲ့အစားအစာေတြကို ေရွာင္ပါ။ အဆီမ်ားတာေတြေရွာင္ပါ။ သၾကားမပါတဲ့ ေကာ္ဖီတစ္ခြက္ေသာက္ပါ။ ေကာ္ဖီမၾကိဳက္ရင္ သံပယိုရည္ျဖန္းထားတဲ့ Green Tea ေလးေသာက္လုိက္ပါ။

[Unicode]

MyStyle Myanmar ပရိတ်သတ်တို့အားလုံးမင်္ဂလာပါနော်။ အလုပ်တစ်ခု လျှောက်တဲ့အချိန် တော်တော်များများ အင်တာဗျူး ဖြေရမှာပါ။ အလုပ်ရှင်တွေက သူတို့မေးတဲ့အရာတွေကို သွက်သွက်လက်လက်နဲ့ ဖြေနိုင်သူတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတွေကို ပိုသဘောကျကြပါတယ်။ လစာကောင်းပြီး အလုပ်ရဖို့ ခက်ခဲတဲ့ အလုပ်လျှောက်သူများတဲ့ နေရာမျိုးမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့က အရေးပါလာပါပြီ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူက ကြောက်တတ်သူထက် နှာတစ်ဖျားသာပါတယ်။ ဒါကြောင့် အလုပ်အင်တာဗျူး ဖြေမယ့်လူတိုင်း သိထားသင့်ပါတယ်။ အင်တာဗျူးမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေမယ့် အချက်တွေကတော့-

၁။ ပွဲမဝင်ခင် အပြင်ကကျင်းပပါ

ကုမ္ဗဏီက ကိုယ့်ကိုမေးနိုင်တဲ့ အချက်ကို ကြိုချရေးကြည့်ပါ။ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။ ကိုယ်လုပ်မယ့် နေရာအကြောင်းကို သေချာစုံစမ်းပါ။ သူတို့က ဘယ်လိုမျိုးကို သဘောကျလဲ ကြိုလေ့လာပါ။ ကြိုလုပ်ထားတာက ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေပါတယ်။

၂။ မကြောက်မရွံ့နဲ့ပြောပါ

သင်သိထားဖို့က သင့်ရှေ့မှာ မေးတဲ့လူက သာမန်လူပါပဲ။ သင့်ဘဝရဲ့ တစ်ခုတည်းသော မျှော်လင့်ခြင်းရောင်ခြည်တန်းမဟုတ်ပါဘူး။ မေးတဲ့လူကို မကြောက်ပါနဲ့။ မှားမှာလည်းမကြောက်ပါနဲ့။ ရဲရဲဝ့ံဝံံ့သာ ဖြေလိုက်ပါ။


၃။ အင်တာဗျူးမဖြေခင်မနက်မှာ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်အတွက် ကောင်းမွန်စေပြီး သွေးလည်ပတ်မှုအတွက် အကျိုးရှိပါတယ်။ ပျော်ရွှင်စေတဲ့ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။ ဒီတော့ အင်တာဗျူး မဖြေခင် မနက်စောစောထပြီး နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်လိုက်ပါ။ သင်တက်ကြွနေပါလိမ့်မယ်။

၄။ သင့်အားနည်းချက်တွေ အပြစ်တွေကို မတွေးပါနဲ့

ငါ့အသံက နားထောင်မကောင်းဘူး၊ ငါ့ပုံစံနဲ့ အဆင်ပြေပါ့မလား စတဲ့ကိုယ့်အပြစ်တွေကို မတွေးပါနဲ့။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုးရိုးရှင်းရှင်းလေး ဝတ်သွားပါ။ အင်တာဗျူးတဲ့နေရာကိုရောက်တာနဲ့ သူတို့မေးတဲ့မေးခွန်းကိုပဲ အာရုံစိုက်ပါ။ ကိုယ့်အပြစ်တွေကို တွေးနေလို့ ဘာမှမထူးပါဘူး။

၅။ နှုတ်ဆက်ပါ

အင်တာဗျူးအခန်းထဲကို ရောက်တာနဲ့ သူတို့ကို စပြီးတော့ နှုတ်ဆက်ပါ။ ဖြစ်နိုင်ရင် လက်ဆွဲနှုတ်ဆက်လို့လည်း ရပါတယ်။ မင်္ဂလာပါဆိုတဲ့ စကားလေးနဲ့ အင်တာဗျူးကို စတင်လိုက်ပါ။


၆။ သူတို့ပြောပါစေ

သူတို့ကို နှုတ်ဆက်ပြီးတာနဲ့ သူတို့ဘက်က စကားစလာဖို့ စောင့်ပါ။ မေးတဲ့မေးခွန်းတွေကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန်ဖြေပေးပါ။

၇။ အလုပ်ရနေတဲ့ ပုံစံမျိုးနဲ့ပြောပါ

ဒါက ကိုယ့်ကိုကိုယ် အထင်ကြီးဘဝင်မြင့်တာနဲ့ မတူပါဘူး။ ကိုယ်သာ အလုပ်ကို ရခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာကို ယုံကြည်မှုရှိရှိပြောပါ။ ကိုယ့်ဘက်က အလုပ်ရနေပြီလို့ အပြည့်အဝယုံကြည်စိတ်နဲ့ပြောပါ။


၈။ သင့်ရဲ့ Resume ကိုယူသွားပါ

တစ်ခါတလေ သူတို့ဘက်က ကျန်ခဲ့တာတွေ၊ ပျောက်နေတာတွေရှိတတ်ပါတယ်။ ဒီတော့ သင်က အလုပ်လျှောက်လွှာရေးကတည်းက ကြိုပြီး Copy တစ်ရွက်ပြင်ဆင်ထားပါ။ အမှားအယွင်းမရှိတာ အကောင်းဆုံးပါပဲ။

၉။ မနက်စာစားပါ

အင်တာဗျူးသွားတဲ့အချိန် ဘာမှမစားဘဲ မသွားပါနဲ့။ ဖြေတဲ့အချိန် အားရှိဖို့ အစာစားရပါမယ်။ သကြားများတဲ့အစားအစာတွေကို ရှောင်ပါ။ အဆီများတာတွေရှောင်ပါ။ သကြားမပါတဲ့ ကော်ဖီတစ်ခွက်သောက်ပါ။ ကော်ဖီမကြိုက်ရင် သံပယိုရည်ဖြန်းထားတဲ့ Green Tea လေးသောက်လိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar