သိပ္ပံပညာရှင်တွေက စိတ်ဓာတ်ရေးရာမာကြောတဲ့သူတွေကို  အောက်မှာ ဖော်ပြထားတဲ့အချက်တွေကြည့်ပြီး သိနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဆန္ဒတွေကို ချုပ်တည်းပြီး နေထိုင်ခြင်းကလည်း ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ သင်ကော စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ဖြစ်မလား ဒီအချက်တွေနဲ့ စစ်ဆေးကြည့်ရအောင်နော်-

၁။ သင်က ထိန်းချုပ်မရတဲ့ကိစ္စတွေဆို ခေါင်းထဲထည့်မထားတတ်ဘူး

သင်က “ကိစ္စတစ်ခုကို ပြင်ဆင်နိုင်ရင် မစိုးရိမ်ပါနဲ့၊ မပြင်ဆင်နိုင်ရင်လည်း မစိုးရိမ်ပါနဲ့”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပါတယ်။ စိတ်ပညာရှင် Amy Morin က သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူဆိုရင် ထိန်းချုပ်မရတာတွေကို ခေါင်းထဲမထားဘူးလို့ ရှင်းပြထားပါတယ်။ သင်ထိန်းချုပ်လို့ ရတဲ့ကိစ္စရှိသလို မရတာလည်းရှိမှာပါ။ မရတာကို ထိန်းချုပ်ချင်တာက သင့်ကို စိတ်ဖိစီးမှုနဲ့ အားအင်ကုန်ခမ်းခြင်းကိုပဲ ဖြစ်စေပါတယ်။ သင်ဟာ ပြောင်းလဲတိုးတက်အောင် ပြုလုပ်နိုင်တဲ့အရာအတွက်ပဲ သင့်ခွန်အားကို သုံးတတ်ပါတယ်။

၂။ သင့်ဘဝမှာ ကြုံလာရတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်တယ်

ဘဝဆိုတာက ခက်ခဲတဲ့ ခရီးတစ်ခုမဟုတ်လား။ သင့်ဘဝမှာကြုံလာရတဲ့ ကျရှုံးမှု၊ ဝမ်းနည်းမှု၊ ကျန်းမာရေးချူချာမှုအကုန်လုံးကို သင်လက်ခံထားပါတယ်။ သင်သာ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဆိုရင် ကြုံလာသမျှ ပြဿနာ လောကဓံတွေဆီကနေ သင်ခန်းစာယူတတ်ပါတယ်။ ဒီစိတ်ကပဲ အဆိုးတွေးတတ်တဲ့ အကျင့်ကနေ ရုန်းထွက်ပြီး သင့်ကို စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်စေတာပါ။

၃။ သင်ကငြင်းဆိုဖို့ ဝန်မလေးပါဘူး

သင့်သူဌေးက သင့်ကို ပိတ်ရက်မှာ အချိန်ပိုဆင်းဖို့ပြောတဲ့အချိန် သင်ငြင်းဖို့ဝန်မလေးပါဘူး။ သင်က ပန်းတိုင်ကိုရောက်ဖို့ တာဝန်ဝတ္တရားတွေ ပြီးဆုံးဖို့ ကြိုးပမ်းနေသူမို့ သင့်လမ်းကြောင်းမှာ ဘယ်အရာကိုမှ ဝင်ရောက်တာလက်မခံတတ်ပါဘူး။ ဒါကြောင့်လည်း သင်က ငြင်းဖို့ အားမနာတတ်တာပါ။ ဒါဟာလည်း ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်တာဖြစ်ပြီး သင့်ကိုယ်သူ လေးစားတဲ့စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပါတယ်။ သင်က သင်ချစ်တဲ့အရာတွေကိုပဲ ပြုလုပ်နေသူပါ။ တခြားအရေးမပါတာတွေနဲ့ အချိန်ဖြုန်းမနေတတ်ပါဘူး။

၎။ သင်က စိတ်ရှည်သူပါ၊ အိပ်မက်တွေက ဟပ်ချလောင်းမဖြစ်ဘူးဆိုတာ နားလည်ထားသူပါ

Source: Pinterest

သုတေသနတစ်ရပ်မှာ စိတ်ဓာတ်မာတဲ့သူတွေက ဖြစ်လာသမျှ အခြေအနေတွေကို အကောင်းဆုံးဖြစ်ဖို့ စိတ်ရှည်ရှည်ထားပြီး ခွဲခြမ်းစိတ်ဖြာတတ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သင်ဟာ သင့်ပန်းတိုင်နဲ့ ပတ်သက်ပြီး စိတ်ရှည်တာပါ။ သင့်အိပ်မက်တွေ တကယ်ဖြစ်ဖို့ အချိန်ယူရတယ်လို့ သင်သဘောပေါက်ထားပါတယ်။

၅။ သင်က လိုရင်လိုသလို ကန့်သတ်ချက်တွေထားပါတယ်

ကန့်သတ်ချက်တွေထားရှိခြင်းက ကြီးပွားတိုးတက်ခြင်းရဲ့ လမ်းစတစ်ခုပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သင်က ကန့်သတ်ချက်ထားတတ်ပါတယ်။ လေ့လာချက်တွေအရ သင်ဟာ ကိုယ်ရောစိတ်ရော လိုရင်လိုသလို ထိန်းချုပ်တတ်ပါတယ်။ ဒါကပဲ သင်ဟာ သင်ကိုယ်တိုင်ရဲ့ သခင်ဖြစ်နေတာပါ။ ဥပမာ- သင်က သရေစာစားတတ်တဲ့အကျင့်ဆိုးကို ပြင်ဖို့မကောင်းပြောတတ်တဲ့လူတွေကို ကျော်လွှားပြီး Gym ကိုသွားမယ့်လူမျိုးပါ။ ပင်ပန်းတဲ့အချိန်တောင်မှပေါ့။ စည်းကမ်းရှိခြင်းက ကျန်းမာတဲ့ဘဝနေထိုင်မှုတစ်ခုလို့ ယုံကြည်ထားသူပါ။

၆။ သင်က စောဒကမတက်ပါဘူး ဖြေရှင်းပါတယ်

သင်ဟာ ကောင်းမွန်တဲ့အရာတွေက ကြိုးစားရကျိုးနပ်တယ်လို့ နားလည်ထားသူပါ။သင်ဟာ လောကကြီးမတရားဘူးလို့ တွေးနေမယ့်အစား  သင့်ဘဝမှာ သင်လုပ်နိုင်တဲ့အရာတွေ သင်တန်ဖိုးထားတဲ့အရာတွေကိုပဲ အာရုံစိုက်တတ်ပါတယ်။ ဒါကြောင့်လည်း သင်ဟာ သင်ယုံကြည်တဲ့အရာအတွက် ခရီးဆက်နေတာပါ။

၇။ သင်က ဖုတ်ပြာမီးတိုက်မဖြစ်တတ်ဘူး၊ အစီအစဉ်တကျပဲလုပ်တတ်တယ်

သင်က စနစ်တကျအစီအစဉ်ချတတ်သူပါ။ အမြော်အမြင်ရှိသူပါ။ စိတ်ဓာတ်မခိုင်မာတဲ့သူတွေကတော့ သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကြိုမတွေးထားတတ်သူတွေပါ။ စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ပန်းတိုင်တိတိကျကျ ထားတတ်ကြပါတယ်။ သင်က အစီအစဉ်ဆွဲတယ်၊ ဖြစ်လာမယ့်အန္တရာယ်တွေကို တွက်ချက်တတ်တယ်၊ သင်ဖြစ်ချင်တဲ့ အရာကို အထိရောက်ဆုံးလမ်းကြောင်းကနေ လျှောက်တတ်သူပါ။ သင်ဖြစ်ချင်တဲ့အိပ်မက်ဖြစ်လာဖို့ နည်းဗျူဟာနဲ့ ပြုလုပ်တတ်ပါတယ်။

၈။ သင်က Confidence ရှိတယ်၊ Over Confident တော့မဟုတ်ပါဘူး

Over Confident ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲခြင်းက ကိုယ်အကုန်သိပြီးသားလို့ ထင်တတ်ခြင်းပါ။ ကိုယ့်ရဲ့ အားနည်းချက်ကို မမြင်တတ်ကြပါဘူး။ စိတ်ဓာတ်မာကြောတဲ့သူတွေကတော့ သူတို့ရဲ့ ဆိုးကွက်တွေကို လျှော့ချတာ ဒါမှမဟုတ် အနိုင်ယူတတ်ကြပါတယ်။ သူတို့ရဲ့ အားသာချက်အားနည်းချက်တွေကို သိကြပါတယ်။ အခြေအနေ အများစုမှာ သင်ဟာ သင့်ကိုယ်သင် ယုံကြည်မှုရှိသူပါ။

၉။ သင်က သင့်အိပ်ချိန်ကို အထိခိုက်မခံပါဘူး

အေးချမ်းတဲ့စိတ်ပိုင်ဆိုင်သူက စိတ်ဓာတ်ကြံ့ခိုင်သူပါ။ သင်ဟာ ပင်ပန်းသွားတဲ့အချိန်တွေကို အားပြန်ဖြည့်ဖို့ အိပ်ချိန်ကို မှန်မှန်ထားတတ်ပါတယ်။

သင်ကော ဒီအချက်တွေထဲမှာ ဘယ်နှချက်ကိုက်ညီမှုရှိနေပြီလဲ။ ထင်မြင်ချက်တွေပြောခဲ့ပါဦးနော်။

Source: Brightside.me

By MyStyle Myanmar