(Zawgyi Version)

ကၽြႏ္ုပ္တို႔ ဘဝမွာ သင္ခန္းစာတိုင္းက ေက်ာင္းတက္ၿပီးမွ ရလာတာမဟုတ္ပါဘူး။ အေတြ႕အၾကံဳေတြကေန ကိုယ့္ဘာကိုယ္ သင္ယူခဲ့ရတာေတြရွိပါတယ္။ တစ္ခါတေလ ဒီသင္ခန္းစာေတြက ခါးသီးၾကမ္းတမ္းပါတယ္။ ဒါေပမဲ့ ဒီသင္ခန္းစာေတြကေနပဲ သင္ယူၿပီး ေနာက္တစ္ခါ ထပ္မျဖစ္ေအာင္ ျပဳလုပ္ႏိ္ုင္ခဲ့ပါတယ္။ သင့္ရဲ႕ဘဝကို အရင္ကထက္ ၾကံ႕ခိုင္ေစခဲ့တဲ့ သင္ခန္းစာ (၉) ခုက ဘာေတြလဲၾကည့္လိုက္ရေအာင္ေနာ္-

၁။ မိဘျဖစ္ရတဲ့ဘဝက မလြယ္ကူပါဘူး

သင္က မိဘျဖစ္လာတဲ့အခ်ိန္မွာ သင့္ရဲ႕စိတ္ထဲမွာ အၿမဲစြဲကပ္ေနတဲ့အရာတစ္ခုရွိပါတယ္။ ဒါကေတာ့ ကိုယ့္ရဲ႕ သားသမီးေတြကို ဂ႐ုစိုက္ဖို႔ပါပဲ။ ဒီလိုဂ႐ုစိုက္ေပးတာက သူတို႔ အရြယ္မေရာက္ခင္အထိေတာ့ အဆင္ေျပခဲ့ပါတယ္။ ဒါေပမဲ့ အရြယ္ရ အသိဉာဏ္ေတြ ႂကြယ္လာတာနဲ႔အမွ် သူတို႔ကို ဂ႐ုစိုက္တာကို သူတို႔မႀကိဳက္ေတာ့ပါဘူး။ ကိုယ္စိတ္ပူလို႔ေျပာလိုက္တဲ့စကားက သူတို႔အတြက္ နားဝင္ဆိုးေနတတ္ပါတယ္။ ဒီေတာ့ ေျဖရွင္းနည္းက သူတို႔နဲ႔ သူငယ္ခ်င္းေပါင္းေပါင္းၾကည့္ဖို႔ပါ။ သင္န႔ဲ သူတို႔ လြတ္လြတ္လပ္လပ္ ေပါင္းသင္းႏိုင္ေၾကာင္း ျပသေပးပါ။ သူတို႔ကို ေထာက္ပံ့အားေပးတဲ့ မိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားၾကည့္ပါ။

၂။ အခ်ိန္ေကာင္းတစ္ခုကို ေမွ်ာ္မေနပါနဲ႔

အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြကို ဆံုးျဖတ္ရတာက ေၾကာက္ဖို႔ေကာင္းပါတယ္။ ငါလုပ္လိုက္တာ မွန္ပါ့မလားဆိုတဲ့ အေတြးက အၿမဲႏွိပ္စက္တတ္ပါတယ္။ ဒီတစ္ေခါက္မလုပ္ေသးဘူး။ ငါဘာျဖစ္မွ ညာျဖစ္မွ ဒီကိစၥကို လုပ္ေတာ့မယ္ဆိုၿပီး အခ်ိန္ေကာင္း Perfect time ကိုေစာင့္မေနပါနဲ႔။ မွန္ကန္တဲ့အခ်ိန္ဆိုတာ တိတိက်က်မရွိပါဘူး။ သင့္အလုပ္ကို ေျပာင္းခ်င္ရင္ ေျပာင္းလိုက္ပါ။ သင္လုပ္ရမယ့္ အေကာင္းဆံုးအခ်ိန္က အခုပါပဲ။ သင္က အခ်ိန္ေကာင္းကို ေစာင့္ေလေလ ေနာင္တေတြ တသီတသန္းရလာေလပါပဲ။ ဒီေတာ့ အခ်ိန္ေကာင္းဆိုတာ ေစာင့္မေနဘဲ အခုပဲ လုပ္လိုက္ပါ။

၃။ အသက္ႀကီးလာတာက စိတ္မေကာင္းစရာပါပဲ

ကၽြႏ္ုပ္တို႔ဟာ ထာဝရမရွင္သန္ႏိုင္ၾကပါဘူး။ ကၽြႏ္ုပ္တို႔ မိဘေတြဟာလည္း ဒီလိုပါပဲ။ သူတို႔လည္း ကိုယ့္အတြက္ ထာဝရမရွိႏိ္ုင္ပါဘူး။ မိဘေတြက ကိုယ့္အနားမွာ ရွိေနရင္ ကေလးေလးလို ခံစားေနရတုန္းပါပဲ။ ဒါေၾကာင့္ကိုယ့္မိဘေတြ ကိုယ့္အနားမွာ ရွိတုန္း ေပ်ာ္စရာအခ်ိန္ေတြကို ဖန္တီးပါ။ သူတို႔အတြက္ အခ်ိန္ေပးပါ။ ကၽြႏ္ုပ္တို႔ဟာ တစ္ရက္ၿပီးတစ္ရက္ အသက္ႀကီးလာၿပီေလ။

၄။ မလိုအပ္တဲ့ ေနာင္တေတြမရွိဖို႔ လက္ရွိကာလမွာ ေနထိုင္ပါ

ကၽြႏ္ုပ္တို႔ ငယ္ငယ္တုန္းကေတာ့ ဘဝအရွည္ႀကီးက်န္ေသးတယ္လို႔ ေတြးဖူးပါတယ္။ ဒီေတာ့ လုပ္ခ်င္တာထက္ လုပ္သင့္တာကို လုပ္ခဲ့ၾကပါတယ္။ ေက်ာင္းသြားတဲ့အခ်ိန္သြားတယ္၊ တကၠသိုလ္တက္ၾကတယ္။ အလုပ္ေတြလုပ္ၾကတယ္။ ဒီလိုနဲ႔ ေပ်ာ္တတ္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ ပိုက္ဆံေနာက္အရမ္းမလိုက္ဘဲ ကိုယ့္ကို ေပ်ာ္ေစတဲ့အရာေတြ လုပ္ဖို႔ မေမ့ပါနဲ႔။

၅။ မွားဖို႔ မေၾကာက္ပါနဲ႔

ေက်ာင္းတက္တဲ့ကေလးဘဝတုန္းက တစ္ခုခုမွားတာနဲ႔ ႐ိုက္ခံရတယ္။ အျပစ္ေပးခံရပါတယ္။ ဒါေပမဲ့ သိထားဖို႔ တစ္ခုက ကၽြႏ္ုပ္တို႔ ဘဝမွာ သင္ယူရတဲ့အရာေတြက အမွားေတြကေန ရလာခဲ့တာပါ။ ဒီေတာ့ မွားပါေစ။ မွားဖို႔ မေၾကာက္ပါနဲ႔။ ဒီကေန သင္ယူပါ။ ေရွ႕ဆက္သြားပါ။

၆။ ကိုယ့္ျပႆနာကို ကိုယ္တိုင္ေျဖရွင္းပါ

ျပႆနာျဖစ္တိုင္း လူေတြကို အားကိုးလို႔မရပါဘူး။ ေန႔တစ္ေန႔ရဲ႕ အဆံုးသတ္မွာ ကိုယ့္အတြက္ရွိမွာ ကိုယ္ကိုယ္တိုင္ပါပဲ။ သင္အရင္က ျပႆနာေသးေသးေလးေတြ ေျဖရွင္းခဲ့သလို ဒီထက္ႀကီးမားတဲ့ျပႆနာေတြနဲ႔လည္း ၾကံဳရမွာပါပဲ။

၇။ ေအာင္ျမင္ဖို႔ ခက္ခဲတဲ့ဘဝကို ျဖတ္သန္းရမယ္

အခက္အခဲေတြ ၾကံဳလာတိုင္း ဒီအခက္အခဲက ငါေအာင္ျမင္ဖို႔ ၾကံဳလာရတဲ့ အေထာက္အပံ့ေတြလို႔ ေတြးေပးပါ။ ၾကမ္းတမ္းတဲ့ဘဝကို ျဖတ္သန္းရင္း ပိုေပ်ာ္ရႊင္လာၿပီးကိုယ့္ဘဝကို ပိုေက်နပ္လာပါလိမ့္မယ္။

၈။ စိတ္ညစ္တာမျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္အႀကီးႀကီးေတြ မထားပါနဲ႔

ကိုယ္ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာရင္ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ အမ်ားႀကီးေမွ်ာ္လင့္ေလ ပိုခံစားရေလပါပဲ။ ဒီေတာ့ စိတ္ခဏခဏမညစ္ဖို႔ လူေတြကို ေမွ်ာ္လင့္တတ္တဲ့အက်င့္ကို ေဖ်ာက္ေပးပါ။

၉။ စိတ္ရွည္ဖို႔ ေလ့က်င့္ပါ

ႀကီးမားတဲ့အရာတစ္ခု ျဖစ္ေျမာက္ဖို႔ အခ်ိန္ယူရပါတယ္။ ဘယ္အရာမွ အလြယ္တကူမရပါဘူး။ ကိုယ့္လုပ္ရပ္ရဲ႕ အရံႈးေတြကိုပဲ မၾကည့္ဘဲ အၿမဲသင္ယူေနတယ္ဆိုတာ သတိရပါ။ စိတ္ရွည္ပါ။

(Unicode Version)

ကျွန်ုပ်တို့ ဘဝမှာ သင်ခန်းစာတိုင်းက ကျောင်းတက်ပြီးမှ ရလာတာမဟုတ်ပါဘူး။ အတွေ့အကြုံတွေကနေ ကိုယ့်ဘာကိုယ် သင်ယူခဲ့ရတာတွေရှိပါတယ်။ တစ်ခါတလေ ဒီသင်ခန်းစာတွေက ခါးသီးကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ဒီသင်ခန်းစာတွေကနေပဲ သင်ယူပြီး နောက်တစ်ခါ ထပ်မဖြစ်အောင် ပြုလုပ်နိ်ုင်ခဲ့ပါတယ်။ သင့်ရဲ့ဘဝကို အရင်ကထက် ကြံ့ခိုင်စေခဲ့တဲ့ သင်ခန်းစာ (၉) ခုက ဘာတွေလဲကြည့်လိုက်ရအောင်နော်-

၁။ မိဘဖြစ်ရတဲ့ဘဝက မလွယ်ကူပါဘူး

သင်က မိဘဖြစ်လာတဲ့အချိန်မှာ သင့်ရဲ့စိတ်ထဲမှာ အမြဲစွဲကပ်နေတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ သားသမီးတွေကို ဂရုစိုက်ဖို့ပါပဲ။ ဒီလိုဂရုစိုက်ပေးတာက သူတို့ အရွယ်မရောက်ခင်အထိတော့ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ အရွယ်ရ အသိဉာဏ်တွေ ကြွယ်လာတာနဲ့အမျှ သူတို့ကို ဂရုစိုက်တာကို သူတို့မကြိုက်တော့ပါဘူး။ ကိုယ်စိတ်ပူလို့ပြောလိုက်တဲ့စကားက သူတို့အတွက် နားဝင်ဆိုးနေတတ်ပါတယ်။ ဒီတော့ ဖြေရှင်းနည်းက သူတို့နဲ့ သူငယ်ချင်းပေါင်းပေါင်းကြည့်ဖို့ပါ။ သင်နဲ့ သူတို့ လွတ်လွတ်လပ်လပ် ပေါင်းသင်းနိုင်ကြောင်း ပြသပေးပါ။ သူတို့ကို ထောက်ပံ့အားပေးတဲ့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားကြည့်ပါ။

၂။ အချိန်ကောင်းတစ်ခုကို မျှော်မနေပါနဲ့

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ရတာက ကြောက်ဖို့ကောင်းပါတယ်။ ငါလုပ်လိုက်တာ မှန်ပါ့မလားဆိုတဲ့ အတွေးက အမြဲနှိပ်စက်တတ်ပါတယ်။ ဒီတစ်ခေါက်မလုပ်သေးဘူး။ ငါဘာဖြစ်မှ ညာဖြစ်မှ ဒီကိစ္စကို လုပ်တော့မယ်ဆိုပြီး အချိန်ကောင်း Perfect time ကိုစောင့်မနေပါနဲ့။ မှန်ကန်တဲ့အချိန်ဆိုတာ တိတိကျကျမရှိပါဘူး။ သင့်အလုပ်ကို ပြောင်းချင်ရင် ပြောင်းလိုက်ပါ။ သင်လုပ်ရမယ့် အကောင်းဆုံးအချိန်က အခုပါပဲ။ သင်က အချိန်ကောင်းကို စောင့်လေလေ နောင်တတွေ တသီတသန်းရလာလေပါပဲ။ ဒီတော့ အချိန်ကောင်းဆိုတာ စောင့်မနေဘဲ အခုပဲ လုပ်လိုက်ပါ။

၃။ အသက်ကြီးလာတာက စိတ်မကောင်းစရာပါပဲ

ကျွန်ုပ်တို့ဟာ ထာဝရမရှင်သန်နိုင်ကြပါဘူး။ ကျွန်ုပ်တို့ မိဘတွေဟာလည်း ဒီလိုပါပဲ။ သူတို့လည်း ကိုယ့်အတွက် ထာဝရမရှိနိ်ုင်ပါဘူး။ မိဘတွေက ကိုယ့်အနားမှာ ရှိနေရင် ကလေးလေးလို ခံစားနေရတုန်းပါပဲ။ ဒါကြောင့်ကိုယ့်မိဘတွေ ကိုယ့်အနားမှာ ရှိတုန်း ပျော်စရာအချိန်တွေကို ဖန်တီးပါ။ သူတို့အတွက် အချိန်ပေးပါ။ ကျွန်ုပ်တို့ဟာ တစ်ရက်ပြီးတစ်ရက် အသက်ကြီးလာပြီလေ။

၄။ မလိုအပ်တဲ့ နောင်တတွေမရှိဖို့ လက်ရှိကာလမှာ နေထိုင်ပါ

ကျွန်ုပ်တို့ ငယ်ငယ်တုန်းကတော့ ဘဝအရှည်ကြီးကျန်သေးတယ်လို့ တွေးဖူးပါတယ်။ ဒီတော့ လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ခဲ့ကြပါတယ်။ ကျောင်းသွားတဲ့အချိန်သွားတယ်၊ တက္ကသိုလ်တက်ကြတယ်။ အလုပ်တွေလုပ်ကြတယ်။ ဒီလိုနဲ့ ပျော်တတ်ဖို့ မေ့နေတတ်ကြပါတယ်။ ပိုက်ဆံနောက်အရမ်းမလိုက်ဘဲ ကိုယ့်ကို ပျော်စေတဲ့အရာတွေ လုပ်ဖို့ မမေ့ပါနဲ့။

၅။ မှားဖို့ မကြောက်ပါနဲ့

ကျောင်းတက်တဲ့ကလေးဘဝတုန်းက တစ်ခုခုမှားတာနဲ့ ရိုက်ခံရတယ်။ အပြစ်ပေးခံရပါတယ်။ ဒါပေမဲ့ သိထားဖို့ တစ်ခုက ကျွန်ုပ်တို့ ဘဝမှာ သင်ယူရတဲ့အရာတွေက အမှားတွေကနေ ရလာခဲ့တာပါ။ ဒီတော့ မှားပါစေ။ မှားဖို့ မကြောက်ပါနဲ့။ ဒီကနေ သင်ယူပါ။ ရှေ့ဆက်သွားပါ။

၆။ ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းပါ

ပြဿနာဖြစ်တိုင်း လူတွေကို အားကိုးလို့မရပါဘူး။ နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာ ကိုယ့်အတွက်ရှိမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ သင်အရင်က ပြဿနာသေးသေးလေးတွေ ဖြေရှင်းခဲ့သလို ဒီထက်ကြီးမားတဲ့ပြဿနာတွေနဲ့လည်း ကြုံရမှာပါပဲ။

၇။ အောင်မြင်ဖို့ ခက်ခဲတဲ့ဘဝကို ဖြတ်သန်းရမယ်

အခက်အခဲတွေ ကြုံလာတိုင်း ဒီအခက်အခဲက ငါအောင်မြင်ဖို့ ကြုံလာရတဲ့ အထောက်အပံ့တွေလို့ တွေးပေးပါ။ ကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းရင်း ပိုပျော်ရွှင်လာပြီးကိုယ့်ဘဝကို ပိုကျေနပ်လာပါလိမ့်မယ်။

၈။ စိတ်ညစ်တာမဖြစ်ဖို့ မျှော်လင့်ချက်အကြီးကြီးတွေ မထားပါနဲ့

ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ အများကြီးမျှော်လင့်လေ ပိုခံစားရလေပါပဲ။ ဒီတော့ စိတ်ခဏခဏမညစ်ဖို့ လူတွေကို မျှော်လင့်တတ်တဲ့အကျင့်ကို ဖျောက်ပေးပါ။

၉။ စိတ်ရှည်ဖို့ လေ့ကျင့်ပါ

ကြီးမားတဲ့အရာတစ်ခု ဖြစ်မြောက်ဖို့ အချိန်ယူရပါတယ်။ ဘယ်အရာမှ အလွယ်တကူမရပါဘူး။ ကိုယ့်လုပ်ရပ်ရဲ့ အရှုံးတွေကိုပဲ မကြည့်ဘဲ အမြဲသင်ယူနေတယ်ဆိုတာ သတိရပါ။ စိတ်ရှည်ပါ။

Source: Brightside.me

By MyStyle Myanmar