တော်ဝင်မိသားစုဝင်တွေက ပြည်သူလူထုတွေရဲ့ အာရုံစိုက်ခြင်းကို အမြဲတမ်းခံနေရသူတွေပါ။ အထိမ်းအမှတ်ပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားပွဲတွေဆိုရင် ပိုဆိုးပါတယ်။ ဒါပေမဲ့လည်း သူတို့တွေက ဘယ်အချိန်ပဲ ကြည့်ကြည့် ပြစ်မျိုးမှဲ့မထင်လှပနေကြပါတယ်။

တော်ဝင်အမျိုးသမီးတွေ နေ့စဉ်နေ့တိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ နှုတ်ခမ်းနီရဲရဲတောက်တောက်ကြီး မဆိုးရဘူး

တော်ဝင်အမျိုးသမီးလေးတွေက နှုတ်ခမ်းနီ အနီရောင်နဲ့ အရောင်တောက်တောက်ကြီးတွေ ဆိုးတာကိုတွေ့ရမှာ မဟုတ်ပါဘူး။ ပြီးရင်လည်း ပန်းရောင်နဲ့ Nude အရောင်တွေကိုလည်း ဆိုးလို့ မရပါဘူး။ မတော်တဆနှုတ်ခမ်းနီက သွားမှာ ပေကျံသွားမှာစိုးလို့ပါ။

၂။ မေးရိုးချတာ နှုတ်ခေါင်းဖော်တဲ့မိတ်ကပ်တွေ မလုပ်ရဘူး

တော်ဝင်အမျိုးသမီးတွေက သဘာဝဆန်တဲ့ မိတ်ကပ်မျိုးကိုပဲ လိမ်းရပါတယ်။ မိတ်ကပ်အထူကြီးတွေလိမ်းပြီး ပါးရိုးဖော်တာ၊ မေးရိုးချတာတွေ ရှောင်ကြည်ရပါတယ်။

၃။ မျက်လုံးအရမ်းမခြယ်ရဘူး

တော်ဝင်အမျိုးသမီးတွေ မျက်လုံးခြယ်မယ်ဆိုရင် မျက်တောင်တုတပ်တာတို့၊ Smokey မျက်လုံးမျိုးရအောင် ပြင်ဆင်ခြယ်သတာတို့ လိုင်နာဆိုးရင် အတောင်ပံပုံဖော်တာတို့ မလုပ်ရပါဘူး။ တော်ဝင်မျက်လုံးခြယ်ပုံက မျက်တောင်ကော့ဆေးနည်းနည်းထည့်မယ်၊ မျက်လုံးကာခြယ်အနည်းငယ်ခြယ်တာမျိုးပဲ လုပ်ရတာပါ။

၎။ တာရှည်ခံမိတ်ကပ်ပစ္စည်းကိုပဲ သုံးရမယ်

ဘုရင်မတွေ၊ မင်းသမီးတွေနဲ့ အခြားတော်ဝင်အမျိုးသမီးတွေဟာဆိုရင် အခမ်းအနားပွဲမျိုးစုံတက်ရပါတယ်။ ပွဲအခမ်းအနားတွေက အပြင်မှာကျင်းပတယ်ဆိုရင် ရာသီဥတုအခြေအနေအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ နေဘယ်လောက်ပူပူ၊ လေဘယ်လောက်တိုက်တိုက် တော်ဝင်အမျိုးသမီးတွေရဲ့ မိတ်ကပ်က အပြစ်အနာအဆာကင်းပြီး တာရှည်ခံဖို့လိုအပ်ပါတယ်။ မိတ်ကပ်တွေတာရှည်ခံဖို့ဆိုရင် ပေါင်ဒါအမှုန့်ကောင်းကောင်းသုံးပြီး မိတ်ကပ်လိမ်းပြီးနောက်မှာ စပရေးဖြန်းပေးရပါတယ်။

၅။ လူအများရှေ့မှာ မိတ်ကပ်မပြင်ရဘူး

တော်ဝင်အမျိုးသမီးလေးတွေမဆိုထားနဲ့ သာမန်မိန်းကလေးတွေတောင် လူအများရှေ့မှာ မိတ်ကပ်ဖို့တာ မိတ်ကပ်ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောကြပါတယ်။ သာမန်မိန်းကလေးတွေအနေနဲ့တော့ လိုက်နာစရာစည်းမျဉ်းတစ်ခုမဟုတ်ပေမဲ့ တော်ဝင်မိန်းကလေးတွေကတော့ အထက်တန်းလွှာကျကျ လှပကျော့ရှင်းဖို့ဆိုပြီး စည်းမျဉ်းထုတ်ထားပါတယ်။

၆။ အရောင်တောက်တဲ့ လက်သည်းရောင်မဆိုးရဘူး

တော်ဝင်အမျိုးသမီးလေးတွေက လက်သည်းတိုတိုလေးနဲ့ သန့်ရှင်းသပ်ရပ်နေအောင်ထားရပါတယ်။

၇။ ဆံကေသာက ပုံစံတကျစတိုင်လ်ကျနေရမယ်

ဆံကေသာက ပုံမကျပန်းမကျ ပေပွနေတာမျိုး၊ မသပ်မရပ်ဖြစ်နေတာမျိုး အဆီတဝင်းဝင်းဖြစ်နေတာမျိုး မဖြစ်ရအောင် အမြဲပြင်ဆင်ထားရပါတယ်။

၈။ ဆံပင်ပြုပြင်ထိန်းသိမ်းဖို့အတွက် ပုံမှန်ရက်ချိန်းယူရတယ်

Kate Middleton ဟာဆိုရင် နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ်ကို သုံး လေးရက်လောက် ဆံပင်ကျွမ်းကျင်ပညာရှင်နဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းဖို့အမြဲလုပ်နေရတာပါ။ ဒါမှလည်း သူမရဲ့ဆံပင်က ပျော့ပျောင်းတောက်ပြောင်နေမှာပါ။

၉။ အခမ်းအနားပွဲတွေမှာ ဦးထုပ်ဆောင်းရတယ်

ဦးထုပ်တွေဟာဆိုရင် တော်ဝင်မင်းခမ်းမင်းနားပွဲတွေမှာ ဝတ်ကိုဝတ်ရပါတယ်။ မင်္ဂလာဆောင်ပွဲနဲ့ ခရစ်စမတ်ဝတ်ပြုကိုးကွယ်ဖို့အတွက် ဦးထုပ်တွေ မပါမဖြစ်ဆောင်းရပါတယ်။ သရဖူကိုတော့ ဘုရင်နဲ့ ဘုရင်မကပဲ ဝတ်ရပါတယ်။ ရတနာသရဖူကိုတော့ ဝတ်စုံပြည့်နဲ့မှ ဝတ်ပေးရတာပါ။
စာဖတ်သူတွေအနေနဲ့ရော တော်ဝင်မိတ်ကပ်ပြင်ဆင်ခြယ်သပုံတွေကို သဘောကျရဲ့လား၊ သဘောကျရင် တော်ဝင်အမျိုးသမီးတွေလို မိတ်ကပ်ပြင်ဆင်ကြည့်ကြပါလား။

Source: Brightside.me