[Zawgyi]

ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို ျပန္ခ်စ္တဲ့ခံစားခ်က္က ဒီကမၻာေပၚက အေကာင္းဆံုးအရာေတြထဲမွာ ပါဝင္ပါတယ္။ ဒါေပမဲ့ ကိုယ့္ကို ျပန္မခ်စ္ႏုိင္တဲ့လူတစ္ေယာက္ကို ခ်စ္မိတဲ့အခ်ိန္မွာေတာ့ တစ္ဖက္သတ္အခ်စ္ဆိုတာ ျဖစ္လာပါတယ္။ ကိုုယ့္ဘက္က စခ်စ္မိတယ္ဆုိရင္ ပိုခံစားရပါတယ္။ ကိုယ့္ကိုခ်စ္လာေအာင္လုပ္ဖို႔လည္း ခက္ခဲပါတယ္။ ဒါေပမဲ့ ကိုယ္ခ်စ္တဲ့လူက ကိုယ့္ဆီေၾကြက်လာဖို႔ ျပဳလုပ္ႏုိင္တဲ့လွည့္ကြက္ေတြေတာ့ရွိပါေသးတယ္။ ဒါေတြကေတာ့-

၁။ အျမဲစိတ္ညစ္မျပပါနဲ႔

ဘယ္သူမွ အခ်ိန္တုိင္း ျငီးျငဴေနသူကို မၾကိဳက္ပါဘူး။ သင္ကိုယ္တိုင္လည္း အဲ့လိုျငီးျငဴတတ္သူမဟုတ္ပါဘူး။ ဒါေပမဲ့ ဘယ္အခ်ိန္ အျမဲစိတ္ညစ္တတ္ျပလဲဆုိေတာ့ ကိုယ့္ Crush က ကိုယ့္ကို စိတ္မဝင္စားတဲ့အခ်ိန္ပါ။ စိတ္ညစ္တဲ့ Post ေတြတင္တယ္၊ Profile ေတြခ်ိန္းတယ္။ အျမဲ Feel ျပတယ္။ ဒါေတြဟာ ျငီးျငဴတဲ့သေဘာပါပဲ။ သင့္ Crush ေရွ႕မွာ သင္ဘယ္ေလာက္ထိ ရူးသြပ္လဲမျမင္ပါေစနဲ႔။

၂။ ေယာက်ာ္းေတြက ခက္ခဲတာကိုပို သေဘာက်တယ္

ခက္ခက္ခဲခဲရတဲ့အရာကိုမွ လူေတြက တန္ဖိုးထားတတ္ပါတယ္။ အျမဲေခ်ေနရမယ္လို႔မဆိုလိုပါဘူး။ ေခ်သင့္တယ္အခ်ိန္ဆိုရင္ ေခ်လုိက္ပါ။

၃။ သူ႕အသိုင္းအဝုိင္းနဲ႔အဆင္ေျပေအာင္ေနပါ

ခ်စ္သူမျဖစ္ေသးေတာ့ အသိုင္းအဝုိင္းထဲမွာ မိဘမပါေသးပါဘူး။ အထူးသျဖင့္ သူ႕သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပေအာင္ ေနပါ။ သူ႕အနားက လူေတြ သင့္ကို သေဘာက်တ့ဲအခ်ိန္ဆို သူတို႔က သင့္ Crush ဆီမွာ သင့္အေၾကာင္းေမးေတာ့မွာပါ။ သူပတ္သက္ေနတဲ့ အသိုင္းအဝိုင္းက သူ႕ကို အလႊမ္းမိုးဆံုးပါ။ ဒီေတာ့ သင္က သူ႕အသိုင္းအဝိုင္းကို ျပန္လႊမ္းမိုးပါ။

သူ႕ရ႕ဲအရင္ရည္းစားေဟာင္းနဲ႔ ပံုစံတူေအာင္ ၾကိဳးစားပါ။ ဒါက အဓိပၸာယ္မရွိဘူးလို႔ ေျပာစရာပါပဲ။ ဒါေပမဲ့ လူတစ္ေယာက္က အျခားတစ္ေယာက္ကို စိတ္မဝင္စားခင္ အရင္လူေတြနဲ႔ ႏႈိင္းယွဥ္တတ္ပါတယ္။ သူ႕အခ်စ္ကို လိုခ်င္ရင္ေတာ့ ၾကိဳးစားရမွာပါပဲ။

၅။ သူေအာင္ျမင္မႈရတိုင္း အသိအမွတ္ျပဳပါ

သူတစ္ခုခုမွာ ေအာင္ျမင္မႈရတဲ့အခ်ိန္တုိင္း သင္က ခ်ီးက်ဴးပါ။ မုန္႔ဝယ္ေကၽြးတာေတြ လုပ္ေပးပါ။

၆။ သူနဲ႔စကားေျပာတိုင္း လက္အမူအရာေတြသံုးပါ

ေလ့လာမႈတစ္ခုမွာေယာက်ာ္းေလးေတြက ကိုယ္ေနဟန္ထား လႈပ္ရွားျပီး စကားေျပာတဲ့ မိန္းကေလးေတြကို ပိုသေဘာက်တယ္လို႔ ဆိုထားပါတယ္။ ဒီေတာ့ သင္သူနဲ႔ စကားေျပာတုိင္း လက္ဟန္ေျခဟန္ေတြ ပါပါေစ။

၇။ သင့္အေၾကာင္း အေသးစိပ္သူ႕ကို မေျပာျပပါနဲ႔

လူေတြက လ်ိဳ႕ဝွက္တဲ့အရာေတြကို ပိုစိတ္ဝင္စားၾကပါတယ္။ သင္ဘာေတြလုပ္လဲ၊ သင့္အေၾကာင္း အေသးစိပ္ကို သူ႕ဆီမွာ မေျပာျပပါနဲ႔။ ထိန္ခ်န္သင့္တာေတြ ခ်န္ထားပါ။

၈။ သူ႕အတြက္ အျမဲအသင့္ရွိတာမ်ိဳးမလုပ္ပါနဲ႔

ခ်စ္တယ္ဆုိမွေတာ့ သူ႕အနားမွာ အျမဲရွိခ်င္မွာပါ။ ဒါေပမဲ့ အျမဲ Available ျဖစ္ေနတာက သင့္ကို သူလြမး္ဖို႔ သတိရဖို႔ အခ်ိန္မေပးသလိုပါပဲ။ ဒီေတာ့ အျမဲအားယား ျပမေနပါနဲ႔။

လူတစ္ေယာက္ရဲ႕အခ်စ္ကို ရဖို႔က ခက္ခဲပါတယ္။ ဒါေပမဲ့ နည္းဗ်ဴဟာေတြနဲ႔ လႈပ္ရွားရင္ေတာ့ သူ သင့္ကို တစ္ေန႔ ေၾကြလာမွာပါ။

[Unicode]

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ချစ်တဲ့ခံစားချက်က ဒီကမ္ဘာပေါ်က အကောင်းဆုံးအရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့လူတစ်ယောက်ကို ချစ်မိတဲ့အချိန်မှာတော့ တစ်ဖက်သတ်အချစ်ဆိုတာ ဖြစ်လာပါတယ်။ ကိုုယ့်ဘက်က စချစ်မိတယ်ဆိုရင် ပိုခံစားရပါတယ်။ ကိုယ့်ကိုချစ်လာအောင်လုပ်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့လူက ကိုယ့်ဆီကြွေကျလာဖို့ ပြုလုပ်နိုင်တဲ့လှည့်ကွက်တွေတော့ရှိပါသေးတယ်။ ဒါတွေကတော့-

၁။ အမြဲစိတ်ညစ်မပြပါနဲ့

ဘယ်သူမှ အချိန်တိုင်း ငြီးငြူနေသူကို မကြိုက်ပါဘူး။ သင်ကိုယ်တိုင်လည်း အဲ့လိုငြီးငြူတတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်အချိန် အမြဲစိတ်ညစ်တတ်ပြလဲဆိုတော့ ကိုယ့် Crush က ကိုယ့်ကို စိတ်မဝင်စားတဲ့အချိန်ပါ။ စိတ်ညစ်တဲ့ Post တွေတင်တယ်၊ Profile တွေချိန်းတယ်။ အမြဲ Feel ပြတယ်။ ဒါတွေဟာ ငြီးငြူတဲ့သဘောပါပဲ။ သင့် Crush ရှေ့မှာ သင်ဘယ်လောက်ထိ ရူးသွပ်လဲမမြင်ပါစေနဲ့။

၂။ ယောကျာ်းတွေက ခက်ခဲတာကိုပို သဘောကျတယ်

ခက်ခက်ခဲခဲရတဲ့အရာကိုမှ လူတွေက တန်ဖိုးထားတတ်ပါတယ်။ အမြဲချေနေရမယ်လို့မဆိုလိုပါဘူး။ ချေသင့်တယ်အချိန်ဆိုရင် ချေလိုက်ပါ။


၃။ သူ့အသိုင်းအဝိုင်းနဲ့အဆင်ပြေအောင်နေပါ

ချစ်သူမဖြစ်သေးတော့ အသိုင်းအဝိုင်းထဲမှာ မိဘမပါသေးပါဘူး။ အထူးသဖြင့် သူ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေပါ။ သူ့အနားက လူတွေ သင့်ကို သဘောကျတဲ့အချိန်ဆို သူတို့က သင့် Crush ဆီမှာ သင့်အကြောင်းမေးတော့မှာပါ။ သူပတ်သက်နေတဲ့ အသိုင်းအဝိုင်းက သူ့ကို အလွှမ်းမိုးဆုံးပါ။ ဒီတော့ သင်က သူ့အသိုင်းအဝိုင်းကို ပြန်လွှမ်းမိုးပါ။

၄။ သူ့အရင်ရည်းစားဟောင်း

သူ့ရဲ့အရင်ရည်းစားဟောင်းနဲ့ ပုံစံတူအောင် ကြိုးစားပါ။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ပြောစရာပါပဲ။ ဒါပေမဲ့ လူတစ်ယောက်က အခြားတစ်ယောက်ကို စိတ်မဝင်စားခင် အရင်လူတွေနဲ့ နှိုင်းယှဉ်တတ်ပါတယ်။ သူ့အချစ်ကို လိုချင်ရင်တော့ ကြိုးစားရမှာပါပဲ။


၅။ သူအောင်မြင်မှုရတိုင်း အသိအမှတ်ပြုပါ

သူတစ်ခုခုမှာ အောင်မြင်မှုရတဲ့အချိန်တိုင်း သင်က ချီးကျူးပါ။ မုန့်ဝယ်ကျွေးတာတွေ လုပ်ပေးပါ။

၆။ သူနဲ့စကားပြောတိုင်း လက်အမူအရာတွေသုံးပါ

လေ့လာမှုတစ်ခုမှာယောကျာ်းလေးတွေက ကိုယ်နေဟန်ထား လှုပ်ရှားပြီး စကားပြောတဲ့ မိန်းကလေးတွေကို ပိုသဘောကျတယ်လို့ ဆိုထားပါတယ်။ ဒီတော့ သင်သူနဲ့ စကားပြောတိုင်း လက်ဟန်ခြေဟန်တွေ ပါပါစေ။


၇။ သင့်အကြောင်း အသေးစိပ်သူ့ကို မပြောပြပါနဲ့

လူတွေက လျို့ဝှက်တဲ့အရာတွေကို ပိုစိတ်ဝင်စားကြပါတယ်။ သင်ဘာတွေလုပ်လဲ၊ သင့်အကြောင်း အသေးစိပ်ကို သူ့ဆီမှာ မပြောပြပါနဲ့။ ထိန်ချန်သင့်တာတွေ ချန်ထားပါ။

၈။ သူ့အတွက် အမြဲအသင့်ရှိတာမျိုးမလုပ်ပါနဲ့

ချစ်တယ်ဆိုမှတော့ သူ့အနားမှာ အမြဲရှိချင်မှာပါ။ ဒါပေမဲ့ အမြဲ Available ဖြစ်နေတာက သင့်ကို သူလွမး်ဖို့ သတိရဖို့ အချိန်မပေးသလိုပါပဲ။ ဒီတော့ အမြဲအားယား ပြမနေပါနဲ့။

လူတစ်ယောက်ရဲ့အချစ်ကို ရဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ နည်းဗျူဟာတွေနဲ့ လှုပ်ရှားရင်တော့ သူ သင့်ကို တစ်နေ့ ကြွေလာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar