ချစ်သူနှစ်ယောက်လမ်းခွဲလိုက်ပြီဆိုထဲက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲတာနဲ့ ဖောက်ပြန်လို့လမ်းခွဲတာမျိုးပဲ ရှိတာများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းခွဲပြီးပြီဆိုရင်တော့ ကိုယ့်ဘက်ကမေ့နိုင်အောင်ကြိုးစားပြီး ဘဝသစ်စရမှာပါပဲ။

ဒါကြောင့် အခုပြောပြပေးမယ့် နည်းလမ်း (၈) မျိုးက သင့်ရည်းစားဟောင်းကို မေ့ပစ်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

Contact တွေအားလုံးကို ဖြတ်လိုက်ပါ။

Source: www.yp.scmp.com

သူ့ကို ဆက်သွယ်လို့ရမယ့်အရာ ဖုန်းနံပါတ်တွေ၊ မတ်ဆေ့ခ်ျတွေအားလုံးကို ဖျက်ပစ်လိုက်ပါ။ ကိုယ့်ဘက်ကလုံးဝမမေ့နိုင်ဖြစ်နေတယ်ဆိုရင် Facebook နဲ့ Instagram မှာပါ Block ပြီး Chat Conservation တွေပ် ဖျက်ပစ်လိုက်ပါ။ မဟုတ်ရင် သတိရတိုင်း ဝင်ကြည့်မိပါလိမ့်မယ်။

သူနဲ့ပတ်သတ်သမျှအရာအားလုံးဖျောက်ပစ်ပါ။

Source: www.independent.co.uk

ဥပမာ သူပေးထားတဲ့ပစ္စည်းတွေ၊ သူနဲ့ တွဲရိုက်ထားတဲ့ပုံလေးတွေ စတာတွေကို ဖျောက်ပစ်မှလည်း မေ့နိုင်မှာပါ။ မြင်နေတွေ့နေရင် သတိရနေပါလိမ့်မယ်။

သူငယ်ချင်းဆက်ဖြစ်ဖို့ မကြိုးစားပါနဲ့။

Source: www.femina.in

တချို့ကျတော့ လမ်းခွဲလိုက်တာတောင်မှ သူငယ်ချင်းမဖြစ်နဲ့ ဆက်နေချင်ကြတယ်။ ဒီလိုသူငယ်ချင်းအဖြစ်နဲ့ ဆက်နေမယ်ဆိုရင် လက်လွှတ်နိုင်မှာမဟုတ်ပဲ ဆက်ပြီးသံယောဇဉ်တွယ်မိနေမှာပါ။

ကိုယ့်ကိုယ်ကိုချစ်ပြီး ဘဝသစ်မှာပျော်ရွှင်ပါ။

Source: www.shutterstock.com

လမ်းခွဲလိုက်လို့ ဘာမှမလုပ်နိုင်တော့ပဲ ဝမ်းနည်းနေမယ့်အစား ကိုယ့်ကိုယ်ကိုပိုချစ်လိုက်ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပြီး ဘဝအသစ်မှာ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာနေထိုင်လိုက်ပါ။

သူတို့လုပ်ခဲ့တဲ့အမှားတွေကို ခေါင်းထဲကထုတ်လိုက်ပါ။

Source: www.wallperio.com

တချို့ကျတော့ သူကိုယ့်အပေါ်လုပ်ခဲ့တဲ့အမှားတွေ၊ မကျေနပ်စရာတွေကို ပြန်တွေးပြီး စိတ်တိုကြတယ်၊ ဝမ်းနည်းကြတယ်။ ဒါတွေကို ပြန်တွေးနေရင် ကိုယ်ပဲစိတ်ဆင်းရဲရမယ့်အပြင် မမေ့နိုင်ပဲ တစ်ချိန်လုံး သူ့အကြောင်းတွေပဲ ခေါင်းထဲရောက်နေပါလိမ့်မယ်။

စိတ်နှစ်ပြီးလုပ်ရတဲ့ အလုပ်တွေကို များများလုပ်ပါ။

Source: www.freepik.com

လမ်းခွဲလိုက်ပြီးရင် ကိုယ့်စိတ်တွေ လေလွင့်နေတာမျိုးမဖြစ်အောင်၊ အဲ့ဒီအကြောင်းတွေကိုပဲ မတွေးမိအောင် စိတ်နှစ်ပြီးလုပ်ရတဲ့ အလုပ်တွေကို များများလုပ်ပေးပါ။ ဥပမာ Gym ကစားတာ၊ စာဖတ်တာ၊ ယောဂကျင့်တာတွေကိုလုပ်ပေးခြင်းက စိတ်ကိုတည်ငြိမ်ပြီး လန်းဆန်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ လျှောက်သွားပါ။

Source: www.eventbrite.co.uk

တစ်ယောက်ထဲလုံးဝမနေပါနဲ့။ တစ်ယောက်ထဲနေရင် စိတ်အားငယ်ပြီး ဟိုတွေးဒီတွေးနဲ့ Depression ဝင်လာပါလိမ့်မယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ လျှောက်သွားတာပဲဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် ပျော်စရာကောင်းပြီး စိတ်သက်သာရာရပါလိမ့်မယ်။

သူတစ်ယောက်ထဲရှိတာမဟုတ်ပါဘူး။

တချို့တွေက ဒီတစ်ယောက်နဲ့မှပြတ်ရင် နောက်ထပ်ဘယ်သူ့မှမရှိနိုင်တော့ဘူးဆိုပြီး တွေးတတ်ပါတယ်။ ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိသလိုပဲ ကမ္ဘာပေါ်မှာလည်း ယောင်္ကျား၊ မိန်းမ အများကြီးရှိပါတယ်။ ဒီတစ်ယောက်နဲ့ပြတ်သွားလည်း အချိန်တန်ရင် ကိုယ်နဲ့ထိုက်တန်တဲ့ ပိုမိုကောင်းမွန်တဲ့တစ်ယောက် ရောက်လာမှာပါ။