[Zawgyi]

လူသားတို႔ေန႔စဥ္ျပဳလုပ္ေနတဲ့အရာေတြက အေလ့အက်င့္ျဖစ္သြားၿပီး တစ္ခါတေလက်ရင္ လိုတာထက္အခ်ိန္ပိုကုန္ေစတာေတြရွိပါတယ္။ ဒါဆိုရင္ အခ်ိန္ကုန္သက္သာသြားေစဖို႔ ဘယ္လိုနည္းလမ္းေလးေတြကို သံုးေပးသင့္သလဲဆိုတာကို အတူတူဖတ္ၾကည့္ရေအာင္ေနာ္။

၁။ ဖုန္းအားသြင္းတဲ့အခါ

ဖုန္းဘက္ထၴရီကို အားျမန္ျမန္ဝင္ေစခ်င္တယ္ဆိုရင္ Flight Mode (သို႔) Airplane Mode ေျပာင္းၿပီး အားသြင္းၾကည့္လိုက္ပါ။

၂။ ၾကက္ဥ၊ ဘဲဥခြာတဲ့အခါ

တစ္ခါတေလ ၾကက္ဥျပဳတ္ခြာတဲ့အခါ ၾကက္ဥအခြံနဲ႔ ၾကက္ဥအကာက ကပ္ေနၿပီး ခြာရခက္တတ္ပါတယ္။ လြယ္လြယ္ကူကူနဲ႔ ျမန္ျမန္ခြာခ်င္တယ္ဆိုရင္ေတာ့ ၾကက္ဥျပဳတ္ေနတဲ့အခ်ိန္ မဆူခင္မွာ မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ေပးလိုက္ပါ။

၃။ ေဖာင္ေဒးရွင္းဝယ္တဲ့အခါ

ပ်ိဳေမေလးတို႔ မိတ္ကပ္ေဖာင္ေဒးရွင္းဝယ္တဲ့အခါ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့အေရာင္ကို ေရြးခ်ယ္ဝယ္ယူႏိုင္ဖို႔ မ်က္ႏွာနဲ႔ လက္ေကာက္ဝတ္မွာ စမ္းသပ္တာထက္ လည္ပင္းမွာ စမ္းေပးပါ။

၄။ ေသာ့ေတြကို အေရာင္ခြဲထားမယ္

တံခါးဖြင့္ခါနီးဆိုရင္ ေသာ့တြဲမွာ ေသာ့ေတြမ်ားေနလို႔ စိတ္မရွည္ျဖစ္တတ္ပါသလား။ ေသာ့ေခ်ာင္းေလးေတြကို လက္သည္းနီအေရာင္နဲ႔သုတ္လိမ္းၿပီး မွတ္ထားေပးပါ။

၅။ အဝတ္အစားေတြကို မီးပူမတိုက္ခ်င္တဲ့အခါ

အက်ႌအဝတ္အစားေလးေတြ ျပန္႔ၿပီး သပ္သပ္ရပ္ရပ္ျဖစ္ေနဖို႔ အခ်ိန္ေပးၿပီးမီးပူတိုက္စရာမလိုေတာ့ပါဘူး။ အဝတ္ေလွ်ာ္စက္နဲ႔ေလွ်ာ္ၿပီးတဲ့အခါ အဝတ္ေလွ်ာ္အေျခာက္ခံစက္ထဲကို ေရခဲတံုး ၃ တံုးထည့္ၿပီး ၁၅ မိနစ္ခန္႔ အေျခာက္ခံလိုက္မယ္ဆိုရင္ အက်ႌအဝတ္အစားေလးေတြ တြန္႔ေၾကေနေတာ့မွာမဟုတ္ပါဘူး။ ဒါေပမယ့္ အဝတ္အစားအမ်ားႀကီးကို တစ္ခ်ိန္တည္းမွာ စုၿပံဳၿပီးမထည့္ဖို႔ေတာ့ လိုလိမ့္မယ္ေနာ္။

၆။ နားၾကပ္ေလးေတြ ႀကိဳးမ႐ွဳပ္ဖို႔

သီခ်င္းနားေထာင္ခါနီးဆို နားၾကပ္ႀကိဳးျဖည္ေနရတာ စိတ္မရွည္ျဖစ္ေနပါသလား။ ေပါင္မုန္႔အထုပ္ႀကီးတစ္ထုပ္ဝယ္တဲ့အခါ ပလပ္စတစ္ကိုပိတ္ထားတဲ့အရာကို အသံုးျပဳၿပီး နားၾကပ္ႀကိဳး မ႐ွဳပ္ေထြးေအာင္ သိမ္းထားလိုက္ပါ။

၇။ ေက်ာပိုးအိတ္နဲ႔ လိုင္းကားတိုးစီးရတဲ့အခါ

လိုင္းကားတိုးစီးရတဲ့အခါ ခါးပိုက္ႏႈိက္ရန္မွ ကာကြယ္ဖို႔ မိမိရဲ႕ေက်ာပိုးအိတ္ကို အေနာက္မွာမလြယ္ဘဲ အေ႐ွ႕ေျပာင္းလြယ္ပါ။ ေဘးလြယ္အိတ္ေတြဆိုလည္း ထိုနည္းအတိုင္းပါပဲ မိမိမ်က္စိနဲ႔ ျမင္ရတဲ့ေနရာမွာ ေျပာင္းလြယ္ေပးပါ။

၈။ မိမိရဲ႕ဖုန္း ေရမစိုဖို႔

ေရကူးကန္သြားတာပဲျဖစ္ျဖစ္၊ ကမ္းေျခသြားၿပီး ေရေဆာ့ကစားတဲ့အခါပဲျဖစ္ျဖစ္ သင့္ရဲ႕ဖုန္းေရမစိုဖို႔ အလံုပိတ္လို႔ရတဲ့ ပလပ္စတစ္အိတ္အသံုးျပဳပါ။

Source: Brightside.me

[Unicode]

လူသားတို့နေ့စဉ်ပြုလုပ်နေတဲ့အရာတွေက အလေ့အကျင့်ဖြစ်သွားပြီး တစ်ခါတလေကျရင် လိုတာထက်အချိန်ပိုကုန်စေတာတွေရှိပါတယ်။ ဒါဆိုရင် အချိန်ကုန်သက်သာသွားစေဖို့ ဘယ်လိုနည်းလမ်းလေးတွေကို သုံးပေးသင့်သလဲဆိုတာကို အတူတူဖတ်ကြည့်ရအောင်နော်။

၁။ ဖုန်းအားသွင်းတဲ့အခါ

ဖုန်းဘက်ထ္ထရီကို အားမြန်မြန်ဝင်စေချင်တယ်ဆိုရင် Flight Mode (သို့) Airplane Mode ပြောင်းပြီး အားသွင်းကြည့်လိုက်ပါ။

၂။ ကြက်ဥ၊ ဘဲဥခွာတဲ့အခါ

တစ်ခါတလေ ကြက်ဥပြုတ်ခွာတဲ့အခါ ကြက်ဥအခွံနဲ့ ကြက်ဥအကာက ကပ်နေပြီး ခွာရခက်တတ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ခွာချင်တယ်ဆိုရင်တော့ ကြက်ဥပြုတ်နေတဲ့အချိန် မဆူခင်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးလိုက်ပါ။

၃။ ဖောင်ဒေးရှင်းဝယ်တဲ့အခါ

ပျိုမေလေးတို့ မိတ်ကပ်ဖောင်ဒေးရှင်းဝယ်တဲ့အခါ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ မျက်နှာနဲ့ လက်ကောက်ဝတ်မှာ စမ်းသပ်တာထက် လည်ပင်းမှာ စမ်းပေးပါ။

၄။ သော့တွေကို အရောင်ခွဲထားမယ်

တံခါးဖွင့်ခါနီးဆိုရင် သော့တွဲမှာ သော့တွေများနေလို့ စိတ်မရှည်ဖြစ်တတ်ပါသလား။ သော့ချောင်းလေးတွေကို လက်သည်းနီအရောင်နဲ့သုတ်လိမ်းပြီး မှတ်ထားပေးပါ။

၅။ အဝတ်အစားတွေကို မီးပူမတိုက်ချင်တဲ့အခါ

အင်္ကျီအဝတ်အစားလေးတွေ ပြန့်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ အချိန်ပေးပြီးမီးပူတိုက်စရာမလိုတော့ပါဘူး။ အဝတ်လျှော်စက်နဲ့လျှော်ပြီးတဲ့အခါ အဝတ်လျှော်အခြောက်ခံစက်ထဲကို ရေခဲတုံး ၃ တုံးထည့်ပြီး ၁၅ မိနစ်ခန့် အခြောက်ခံလိုက်မယ်ဆိုရင် အင်္ကျီအဝတ်အစားလေးတွေ တွန့်ကြေနေတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဝတ်အစားအများကြီးကို တစ်ချိန်တည်းမှာ စုပြုံပြီးမထည့်ဖို့တော့ လိုလိမ့်မယ်နော်။

၆။ နားကြပ်လေးတွေ ကြိုးမရှုပ်ဖို့

သီချင်းနားထောင်ခါနီးဆို နားကြပ်ကြိုးဖြည်နေရတာ စိတ်မရှည်ဖြစ်နေပါသလား။ ပေါင်မုန့်အထုပ်ကြီးတစ်ထုပ်ဝယ်တဲ့အခါ ပလပ်စတစ်ကိုပိတ်ထားတဲ့အရာကို အသုံးပြုပြီး နားကြပ်ကြိုး မရှုပ်ထွေးအောင် သိမ်းထားလိုက်ပါ။

၇။ ကျောပိုးအိတ်နဲ့ လိုင်းကားတိုးစီးရတဲ့အခါ

လိုင်းကားတိုးစီးရတဲ့အခါ ခါးပိုက်နှိုက်ရန်မှ ကာကွယ်ဖို့ မိမိရဲ့ကျောပိုးအိတ်ကို အနောက်မှာမလွယ်ဘဲ အရှေ့ပြောင်းလွယ်ပါ။ ဘေးလွယ်အိတ်တွေဆိုလည်း ထိုနည်းအတိုင်းပါပဲ မိမိမျက်စိနဲ့ မြင်ရတဲ့နေရာမှာ ပြောင်းလွယ်ပေးပါ။

၈။ မိမိရဲ့ဖုန်း ရေမစိုဖို့

ရေကူးကန်သွားတာပဲဖြစ်ဖြစ်၊ ကမ်းခြေသွားပြီး ရေဆော့ကစားတဲ့အခါပဲဖြစ်ဖြစ် သင့်ရဲ့ဖုန်းရေမစိုဖို့ အလုံပိတ်လို့ရတဲ့ ပလပ်စတစ်အိတ်အသုံးပြုပါ။

Source: Brightside.me