မင်္ဂလာပါနော်။ ပြီးပြည့်စုံတဲ့ အသားအရေ ပိုင်ရှင်ဖြစ်ဖို့ဆိုတာ ပြောတာလွယ်သလောက် တကယ်တော့ အချိန်ပေးရပါတယ်။ ဒါကိုတော့ ငြင်းပယ်လို့မရပါဘူး။ ဆုံးဖြတ်ချက်ခိုင်မာဖို့နဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ပြီးပြည့်စုံတဲ့ အသားအရေပိုင်ရှင်လေးဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ အိပ်ရေးဝဝအိပ်ပါ။

အသားအရေလှဖို့ရော ကျန်းမာဖို့ရော အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ။

ချွေးထွက်တာဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို စိုပြေလာစေပါတယ်။

၃။ ရေနွေးငွေ့ခံပါ။

ရေနွေးကို ဇလုံကြီးထဲထည့်လိုက်ပါ။ ပြီးရင် မျက်နှာကို အပေါ်ကနေ ထားပေးထားပြီး ရေနွေးငွေ့ကို ခံပေးပါ။ ၅ မိနစ်လောက် ထားကာ မျက်နှာသစ်ချလိုက်ပါ။

၎။ ကြေးချွတ်မယ်။

တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အသားအရေကို ကြေးချွတ်ပေးသင့်ပါတယ်။ အညစ်အကြေးတွေ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ သကြားနဲ့ ပျားရည်ရောပြီး မျက်နှာကို သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

၅။ သန့်ရှင်းပါ

မျက်နှာကို တစ်နေ့အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်သစ်ပေးပါ။ ညအိပ်ရာမဝင်ခင် မျက်နှာသစ်ဖို့မမေ့ပါနဲ့။ သန့်ရှင်းပါ။

၆။ အသားအရေစိုပြေစေတဲ့ ခရင်မ်လိမ်းမယ်

အသားအရေကို ကြေးချွတ်ပြီးရင်ဖြစ်ဖြစ် မျက်နှာသစ်ပြီးရင်ဖြစ်ဖြစ် ရေဓာတ်ပြန်ဖြည့်ပေးဖို့ ခရင်မ်တစ်ခုခု လိမ်းပေးသင့်ပါတယ်။

၇။ မိတ်ကပ်ခပ်ပါးပါးပဲလိမ်းပါ

အသားအရေကို ပင်ပန်းနွမ်းနယ်စေတဲ့ မိတ်ကပ်လိမ်းရာမှာ သင်လုပ်မိတဲ့အမှားတွေ

မိတ်ကပ်လိမ်းရာမှာ အရမ်းအထူကြီးမလိမ်းဘဲ ခပ်ပါးပါးပဲလိမ်းပေးပါ။

၈။ မိတ်ကပ်ကို သေချာလေးဖျက်ပါ

အပြင်က ပြန်လာရင် မိတ်ကပ်ကို မိတ်ကပ်ဖျက်တာနဲ့ သေချာလေးဖျက်ပေးပါ။ ပြီးရင်  မျက်နှာသစ်ဆပ်ပြာနဲ့ သေချာသစ်ပြီး တိုနာလိမ်းပေးလိုက်ပါ။