ဘဝက ချစ်ရက်နဲ့ Friend Zone ထဲရောက်သွားတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ သင်က မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူတို့နားမှာပဲ အမြဲရှိဖို့ ကြိုးစားရမှာပါပဲ။

ဒီလိုကြိုးစားရင်းနဲ့ တစ်ခါတလေ Friend Zone ထဲကနေ ရုန်းမထွက်နိုင်ဖြစ်ရပါတယ်။ သင်က ဒီအချက်တွေကို ရင်ဆိုင်နေရပြီဆိုရင်တော့ Friend Zone ထဲရောက်နေပါပြီ။ ဒီလိုဆိုရင်တော့ အမှန်အတိုင်း ဝန်ခံဖို့ အချိန်ကျပါပြီ။

၁။ သူက သင့်ကို မကြားဝံ့မနာသာ ကိစ္စတွေပြောတတ်တယ်

တစ်ယောက်နဲ့တစ်ယောက်အရမ်းခင်သွားရင် အရှက်သိပ်မရှိတော့ပါဘူး။ သင့်ရဲ့ ရှက်ဖို့ကောင်းတဲ့ကိစ္စကို ရင်ဖွင့်တဲ့လူနှစ်မျိုးပဲ ရှိပါတယ်။ ပထမက ကိုယ့်မိဘပါ။ ပြီးရင် အရမ်းခင်တဲ့သူငယ်ချင်းပါ။ ဘာလို့လဲဆိုတော့ သူတို့ရှေ့မှာ သင်က လှနေစရာမလိုလို့ပါ။ သင်သဘောကျတဲ့သူက သူ့ရဲ့ ရှက်စရာအတွင်းရေးတွေကို ရင်ဖွင့်နေပြီဆိုရင်တော့ သင့်ကို အခင်ဆုံးသူငယ်ချင်းလို့သတ်မှတ်ထားလို့ပါ။

၂။ သင့်ကို ချစ်စရာကောင်းတယ်လို့ ပြောတာထက်လွဲပြီး တခြားမရှိဘူး

သင်က လှတယ်၊ ချစ်ဖို့ကောင်းတယ်ဆိုတာကို ခင်ခင်မင်မင်ပြောတတ်ပါတယ်။ ဒါပေမဲ့ ချီးမွမ်းတဲ့အဆင့်က လွဲရင် တခြားဘာမှထပ်မပြောတော့ပါဘူး။ သင်က သူ့ရှေ့ဘယ်လောက်ပဲ ကြည့်ကောင်းအောင် ကြိုးစားပါစေ။ ဒီအတိုင်းပဲဆိုရင်တော့ သင်က Friend Zone ထဲရောက်နေပါပြီ။

၃။ သင်တို့က အပြင်တူတူသွားပေမယ့် ဘယ်တော့မှ ဒိတ်မလုပ်ဘူး

အပြင်တူတူသွားတာနဲ့ လှလှပပဝတ်စားပြီး ဒိတ်လုပ်တာ မတူပါဘူး။ ဒိတ်လုပ်တာက နှစ်ယောက်အတူတူ ကြည်နူးစရာတွေကို ဖန်တီးတာပါ။ သင်က သူနဲ့ အပြင်တွေလျောက်သွားတယ်။ သာမန်အပြင်သွားရုံပဲ ဆိုရင်တော့ Friend Zone ပါပဲ။

၎။ သူ့ဘက်က ဘာလှုပ်ရှားမှုမှမရှိဘူး

ယောကျာ်းလေးဆိုတာက ကောင်မလေးတစ်ယောက်ကို သဘောကျရင် လိုက်မယ့်သူတွေပါပဲ။ သင်က သူနဲ့တွေ့နေပေမယ့် သင့်ကို ထိဖို့ ကိုင်ဖို့တောင်မတွေးဘူး။ သာမန်ရိုးရိုးပဲဆိုရင်တော့ သူငယ်ချင်းအဆင့်ထက်မပိုပါဘူးနော်။ သူ့ရဲ့ အမူအရာတွေကို သင်ဖတ်ကြည့်နိုင်ပါတယ်။

၅။ Third Wheel တစ်ယောက်ယောက်တော့အမြဲပါနေတယ်

သူက သင်နဲ့နှစ်ယောက်တည်း အတူတူမရှိချင်ပါဘူး။ ပျင်းပါတယ်။ သူ့ဘော်ဒါတစ်ယောက်ယောက်တော့အမြဲပါပါတယ်။ ဒါကြောင့် သူနဲ့ Ro ဖို့ဆိုတာ ဘယ်လိုမှအခွင့်အရေးမရှိပါဘူး။

၆။ သင်က သူ့အတွက် မိတ်ဆွေကောင်းဆိုတာ ပြောတယ်

ဒီစကားကတော့ အရိပ်ရော အကောင်ရော ပြလိုက်တာပါ။ သူက သင့်ကို သားကြီးတို့၊ သယ်ရင်းတို့ ကျေကျနပ်နပ်ကြီးခေါ်နေရင် သင့်အခြေအနေမကောင်းပါဘူး။ လူတစ်ယောက်က မိတ်ဆွေအနေနဲ့ ခေါင်းထဲရောက်သွားတာနဲ့ သူ့ရဲ့ စိတ်ဝင်စားမှုကို ရဖို့ခက်သွားပါပြီ။ သင်ပြန်စဉ်းစားဖို့လိုပါပြီ။

၇။ သူ့ရဲ့ Crush အကြောင်းသင့်ကိုပြောပြတယ်

ဒါကတော့ ခေါင်းစဉ်မြင်တာနဲ့တင် မျက်ရည်ကျစရာပါပဲ။ သူ့ရဲ့ရည်ရွယ်သူကို သင့်ဆီမှာ ပြောပြနေရင်တော့ Friend Zone ထဲဝင်နေတာ ပြောစရာမလိုဘူးတောင်ထင်ပါတယ်။ သင်က မိန်းကလေးဆိုရင် သင်သဝန်တိုစေချင်လို့ ပြောနေတာမဟုတ်ပါဘူး။ ယောကျာ်းတွေက အချစ်ရေးမှာ ဒါမျိုးဥာဏ်ဆင်တာတွေမလုပ်တတ်ပါဘူး။ ဒီလိုပြောလာရင်တော့ သတ္တိတွေ စုဆောင်းပြီး သူ့ကို ဖွင့်ပြောလိုက်ပါတော့။

၈။ သင်ပျော်မနေဘူး

သင်က သူနဲ့နေရတဲ့အချိန် အမြဲနာကျင်နေရရင်တော့ အခြေအနေမကောင်းပါဘူး။ သင့်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေတကယ်ဖြစ်မလာတဲ့အချိန် နာကျင်ရမှာပါပဲ။ ဒီတော့ မနာကျင်ခင် သူ့ကို ဖွင့်ပြောသင့်ရင် ဖွင့်ပြောပါ။ ဖွင့်ပြောလိုက်လို့ ဝေးသွားရင်လည်း သင်အကောင်းဆုံးလုပ်ခဲ့တာပဲလေ။

Source: Herbeauty.co

By MyStyle Myanmar