ဘီယာလို့ပြောလိုက်တာနဲ့ ဘာကို မျက်စိထဲပြေးမြင်မိကြပါသလဲ။ တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူကြလေတော့ အချို့ကလည်း မတွေ့တာကြာတဲ့သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးသောက်သုံးလို့ရတဲ့အရာလို့ မြင်မိပြီး အချို့ကတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့အရာလို့ မြင်ကြတာပေါ့။ ဒါပေမဲ့ ဘီယာက အလှအပနဲ့ အိမ်တွင်းအသုံးပြုဖို့အတွက် ဘယ်လိုအထောက်အကူပြုသလဲဆိုတာကို မသိချင်ကြဘူးလား။

ဆံကေသာကို အားဖြည့်ပေးပြီး အရှည်မြန်စေပါတယ်

ဘီယာတစ်ဖန်ခွက်ခန့်ကို ဆံကေသာပေါ်သုတ်လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးလေးနဲ့ ဆေးကြောလိုက်ပြီး ခေါင်းလျှော်လိုက်မယ်ဆိုရင် သင့်ဆံကေသာတောက်ပြောင်နေမှာပါ။

အသားအရေကို တင်းရင်းချောမွေ့စေတယ်

မျက်နှာကို အရင်ဆုံးဆေးကြောသန့်စင်ထားပါ။ ဘီယာလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ကြက်ဥအကာတစ်လုံး၊ ဗာဒံစေ့အဆီ ၃ စက်ခန့်ကို ရောလိုက်ပြီး မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်ကြာမှ မျက်နှာသစ်လိုက်ပါ။

အိပ်မပျော်တဲ့ရောဂါကို ကုသပေးတယ်

ရေနဲ့ဘီယာကို ဆတူရောပြိး ခေါင်းအုံးစွပ်ကို လျှော်ဖွပ်ပေးမယ်ဆိုရင် ဘီယာထဲမှာပါဝင်တဲ့ တဆေးရနံ့က ခေါင်းအုံးစွပ်အစထဲမှာစိမ့်ဝင်သွားပြီး သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။

ခြေထောက်နာကျင်ခြင်းကို သက်သာစေတယ်

တစ်နေ့တာလုံး သွားလာလှုပ်ရှားနေရလို့ ခြေထောက်လေးတွေနာကျင်ကိုက်ခဲနေပါသလား။ ဇလုံတစ်လုံးထဲမှာ ဘီယာအေးအေးလေးထည့်လိုက်ပြီး မိနစ်အနည်းငယ်ခန့် ခြေထောက်ကိုစိမ်ထားလိုက်ပါ။ ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။

အိမ်ထောင်ပရိဘောဂများကို အသစ်အတိုင်းဖြစ်စေဖို့ ကူညီပေးတယ်

အဝတ်စတစ်ခုကို ဘီယာနွေးနွေးလေးနဲ့ ဆွတ်လိုက်ပြီး စားပွဲ၊ ကုလားထိုင်တို့ကို ပွတ်တိုက်ပေးလိုက်ပါ။ အသစ်ချွပ်ချွပ်ဝယ်ထားသလား အောက်မေ့ရလောက်တဲ့အထိ အစွမ်းထက်ပါတယ်။

သတ္တုပစ္စည်းများကိုလည်း တောက်ပြောင်နေဖို့ ကူညီပေးတယ်

ဆဲလ်သေများကို ဖယ်ရှားပေးတယ်

စတော်ဘယ်ရီလက်တစ်ဆုပ်စာနဲ့ ဘီယာလက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်ရောပြီး အနှစ်လေးတွေဖြစ်အောင် ပြုလုပ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်သုတ်လိမ်းလိုက်ပြီး မိနစ်အနည်းငယ်ကြာရင် မျက်နှာသစ်ပေးလိုက်ပါ။ မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ မသန့်စင်တဲ့ကြေးညှော်တွေကို ဖယ်ရှားသန့်စင်ပေးပြီး ဆဲလ်အသစ်ဖြစ်ပွားနှုန်းကို လှုံ့ဆော်ပေးပါတယ်။

ဝက်အူ သံချေးတက်တဲ့အခါ

ဘီယာထဲမှာပါဝင်တဲ့ အက်စက်ဓာတ်က သံချေးများကို ဖယ်ရှားပေးပါတယ်။ ဘီယာအနည်းငယ်ကို သံချေးတက်နေတဲ့ ဝက်အူပေါ်လောင်းချလိုက်ပြီး မိနစ်အနည်းငယ်အကြာစောင့်ကြည့်လိုက်ပါ။ ထူးခြားလာတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Brightside.me