တက္ကသိုလ်တက်နေတဲ့ ကျောင်းသူလေးတွေနဲ့ လူငယ်ကောင်မလေးတွေအတွက် ချစ်စရာကောင်းပြီး ကိုရီးယားဆန်တဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လိုက်လုပ်ရတာလည်း လွယ်ကူတဲ့ပုံစံလေးတွေဖြစ်လို့ အဆုံးထိကြည့်ကြည့်လိုက်နော်။

ကျစ်ဆံမြီးကို ပုံမှန်ကျစ်နေကျအတိုင်းမဟုတ်ပဲ မြောက်မြောက်လေးကျစ်ပြီး အရှေ့ကို ဆံမြိတ်လေးချတာက လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။ တက္ကသိုလ်ကျောင်းသူလေးတွေနဲ့ဆိုလည်း ဒီဆံပင်ပုံလေးက အရမ်းချစ်စရာကောင်းစေပါတယ်။

အပြင်သွားတဲ့အခါမှာ ဆံပင်လေးကို ဒီလိုနှစ်ဖက်ခွဲပြီး ထုံးသွားတာလေးက အရမ်းချစ်စရာကောင်းပြီး ခေတ်လည်းဆန်တယ်နော်။

ဆံထုံးအမြင့်လေးတွေကတော့ မိန်းကလေးတိုင်းထုံးနေကျပါ။ ဒါပေမယ့် ပိုပြီးချစ်စရာကောင်းချင်ရင်တော့ ဆံထုံးနေရာလေးမှာ ခေါင်းပတ်ပုဝါလေးဖြစ်ဖြစ်၊ ခေါင်းစည်းကြိုးလေးဖြစ်ဖြစ်ပတ်ပြီး ဆံစလေးတွေကို နည်းနည်းချပေးပါ။

ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကမ်းခြေသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဆံပင်မှာ ပုဝါလေးပတ်တာက အရမ်းမိုက်တယ်နော်။

ဆံပင်တိုတဲ့သူတွေဆိုရင် ဆံပင်ကိုအမြင့်လေးစည်းပြီး ဆံမြိတ်လေးသာချထားလိုက်ပါ။ ရှင်းရှင်းလေးနဲ့ ကိုးရီးယားဆန်ပြီး ချစ်စရာကောင်းနေမှာပါ။

အခုခေတ်စားနေတဲ့ ကလစ်လေးတွေတပ်ချင်ရင် ဆံပင်အဖြောင့်ထက် အကောက်လေးမှာတပ်တာက ပိုလှတယ်နော်။

သူများနဲ့မတူပဲ ခပ်မိုက်မိုက်ပုံလေးဆံပင်စည်းချင်ရင် ဘေးကိုများများလေးခွဲပြီး အရှေ့ကို ဆံမြိတ်လေးချကြည့်လိုက်နော်။ မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်သလို၊ ကျန်တဲ့အဝတ်အစားဖက်ရှင်တွေနဲ့လည်း လိုက်ပါသေးတယ်။

Bad Girl ပုံလေးလုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ မျက်နှာရှင်းရှင်းလေးလိုချင်ရင်ပဲဖြစ်ဖြစ် ဆံပင်နှစ်ဖက်ကိုခွဲပြီး ဆံထုံးကိုဒီလို ခပ်မြင့်မြင့်လေးသာထုံးလိုက်။ အရမ်းချစ်စရာကောင်းနေမှာ သေချာပါတယ်။

Photo Source: www.pinterest.com

By MyStyle Myanmar