လူတိုင်းသူဌေးဖြစ်ချင်ကြမှာပါ။ ဖြစ်နိုင်ရင် လက်ထဲမှာ သိန်း တစ်ရာ နှစ်ရာ ရှိချင်ကြပါတယ်။ ဒီလိုပိုက်ဆံတွေအများကြီးရဖို့ သင်ဘယ်လောက်ထိ ပေးဆပ်ရမှာလဲ။ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်ချမ်းသာတဲ့အချိန်က မတူကြပါဘူး။ တချို့ကျတော့လည်း မိဘတွေရဲ့ ထောက်ပံ့နိုင်မှု ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားမှုပေါင်းစပ်ပြီး ငယ်ငယ်လေးနဲ့ ချမ်းသာသွားကြပါတယ်။
တချို့တွေကတော့ အောက်ခြေကစပြီး အပတ်တကုတ်ကြိုးစားရင်း ချမ်းသာသွားကြပါတယ်။ ဒီတစ်ခေါက်မှာတော့ လူငယ်တို့ အတုယူကြိုးစားနိုင်ဖို့ အသက် ၃၀ အောက် လူငယ်သူဌေး (၈)ယောက်အကြောင်းကို ဖော်ပြလိုပါတယ်။
ဒီလူတွေကို ကြည့်ပြီး သူတို့အတိုင်း တစ်နေ့ဖြစ်ရမယ်ဆိုတဲ့ စိတ်ထားပေးပါ။ နှိုင်းယှဉ်ပြီးတော့ သူကျအောင်မြင်တယ် ငါကျအဲ့လိုမဟုတ်ဘူးဆိုတဲ့ အဆိုးမြင်စိတ်မျိုးမထားဖို့ ကြိုသတိပေးချင်ပါတယ်။
၁။ Kylie Jenner
အသက် ၂၁ နှစ်အရွယ် Kylie ကိုတော့ Kylie Cosmetics နဲ့ အားလုံးသိကြမှာပါ။ သူက အသက်အငယ်ဆုံးဘီလီယံနာတစ်ယောက်ဖြစ်ပါတယ်။ မွေးကတည်းက ပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့ပြီး ကိုယ်ကိုယ်တိုင် ကြိုးစားမှုနဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာတာပါ။ သူမ တည်ထောင်ထားတဲ့ Kylie Cosmetics ကနေ ငွေသန်းပေါင်းများစွာရရှိခဲ့ပါတယ်။ မော်ဒယ်အလုပ်ကိုလည်း လုပ်ကိုင်သူပါ။
၂။ Anna Kasprzak
Anna က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးပါ။ ဒန်းနစ်လူမျိုး မြင်းစီးသမားဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာသူ့နိုင်ငံအတွက် နှစ်ကြိမ်တိုင်တိုင် ကိုယ်စားပြုနိုင်ခဲ့ပါတယ်။ Anna ချမ်းသာတာက ဒါကြောင့်မဟုတ်ပါဘူး။ သူမရဲ့ အဖိုးဟာ ဖိနပ်ကုမ္ပဏီ ECCO ကို တည်ထောင်ထားပါတယ်။ ဒီဖိနပ်တံဆိပ်ဟာ နိုင်ငံ ၉၀ မှာ ရေပန်းစားတဲ့တံဆိပ်ပါ။ ဒီကုမ္ပဏီကြောင့် သူမတို့ တစ်မိသားစုလုံးဟာ ဟုန်းဟုန်းတောက်ချမ်းသာလာခဲ့ပါတယ်။
၃။ Evan Spiegel
Evan ကတော့ Snapchat Application ကိုတီထွင်သူပါ။ Snap Inc. ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူလည်းဖြစ်ပါတယ်။ သူဟာ အသက် ၂၆ နှစ်အရွယ်ကစပြီး အငယ်ဆုံးသန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာ Evan ဟာ ၂၈ နှစ်ရှိပြီ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ 2,1 ဘီလီယမ်ရှိပါတယ်။
၎။ Alexandra Andresen
Alexandra ဟာ ဖခင်ဖြစ်သူရဲ့ ကုမ္ပဏီ Ferd ကနေ အမွေဆက်ခံရင်း ဘီလီယံနာဖြစ်လာတာပါ။ အဲ့အချိန်တုန်းက သူမဟာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။ အခုချိန်မှာသူမဟာ အသက် ၂၂ နှစ်ရှိပါပြီ။ ကုမ္ပဏီရှယ်ယာရဲ့ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူပါ။ ဖခင်က ကုမ္ပဏီရဲ့ အာဏာဆုံးဖြတ်ခွင့်ပိုင်ဆိုင်ထားပေမယ့် Alexandra ဟာလည်း ဖခင်ခြေရာနင်းခဲ့ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး Nordic စတော့အိတ်စ်ချိန်းမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။
၅။ Katharina Andresen
Katharina ကတော့ အပေါ်က Alexandre ရဲ့ အစ်မပါ။ Katharina ဟာအသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ တတိယမြောက် အသက်အငယ်ဆုံး ဘီလီယံနာတစ်ယောက်ဖြစ်ပါတယ်။ သူမဖခင်ရဲ့ ကုမ္ပဏီရှယ်ယာ ၄၂ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး စတော့အိတ်စ်ချိန်းတွေမှာလည်း ညီမလို ရင်းနှီးမြှုပ်နှံတတ်သူပါ။
၆။ Gustav Magnar Witzoe
Gustav ဟာ နော်ဝေးနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းဖြစ်တဲ့ Salmar ASA ကုမ္ပဏီကြီးရဲ့ အမွေဆက်ခံသူပါ။ ဒီကုမ္ပဏီကို Gustav ရဲ့ ဖခင်က တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ Gustav က ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူက ဒီလုပ်ငန်းကို သိပ်စိတ်မဝင်စားတာကြောင့် အိပ်ယာမြေလုပ်ငန်း နည်းပညာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်တဲ့။
၇။ John Collinson
John Collinson ဟာ Limerick မြို့က အိုင်းရစ်ရှ်လူမျိုး စီးပွားရေးသမားဖြစ်ပါတယ်။ သူဟာ အင်တာနက်ပေါ်ကနေ ငွေချေရတဲ့ Stripe ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူဖြစ်ပါတယ်။ John ဟာ ဒီကုမ္ပဏီကို ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်ရင်း အကိုဖြစ်သူနဲ့ တည်ထောင်ခဲ့တာပါ။ သူဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့နာမည်နဲ့ 2,8 Billion ပိုင်ဆိုင်ပါတယ်။ သူ့ကုမ္ပဏီဟာ $20 ဘီလီယမ်တန်ဖိုးရှိပါတယ်။
၈။ Ludwig Theodor Braun
Ludwig ကလည်း ကံကောင်းတဲ့ အမွေဆက်ခံသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖိုး ၁၈၃၉ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ဆေးဆိုင်လေးကနေ စခဲ့တာပါ။ Ludwig ရဲ့ဖခင်လက်ထက်မှာတော့ ဆေးပစ္စည်းကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် အဆိုပါ ဆေးပစ္စည်းကုမ္ပဏီဟာ $8 ဘီလီယမ်တန်ဖိုးရှိပါတယ်။ Ludwig က ကုမ္ပဏီရဲ့ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး အသက် ၂၉ နှစ်ရှိပါပြီ။
Source: Herbeauty.co
By MyStyle Myanmar