[Zawgyi]

မ်က္လံုးေတြက စိတ္ႏွလံုးသားရဲ႕ ျပတင္းေပါက္ဆိုရင္ အသားအေရက က်န္းမာေရးကို ဆံုးျဖတ္သိျမင္ႏိုင္တဲ့ အေရျပားအေပၚယံလႊာပါပဲ။ သင္စားသံုးတဲ့ အစားအစာေပၚမူတည္ၿပီးေတာ့ သင့္အသားအေရစိုေျပဝင္းပမႈက ေျပာင္းလဲသြားပါတယ္။ ခရင္မ္ေတြ လိုးရွင္းေတြက သင့္အေရျပားကို ခဏတာၾကည့္ေကာင္း႐ံုသာ ျပဳလုပ္ေပးႏိုင္ပါတယ္။

အသက္အရြယ္ႀကီးလာတဲ့အထိ အသားအေရေလးစိုေျပဝင္းပ ေနခ်င္ရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အစားအစာေလးေတြကို စားသံုးေပးဖို႔လိုလိမ့္မယ္ေနာ္။

၁။ ေထာပတ္သီး

ေထာပတ္သီးက အသားအေရတင္းရင္းလွပေအာင္ ျပဳလုပ္ေပးၿပီး အစိုဓာတ္ထိန္းေပးထားႏိုင္ပါတယ္။ ေနေလာင္ဒဏ္မွလည္း ကာကြယ္ေပးၿပီး ပါးေရတြန္႔ျခင္းကိုလည္း ထိန္းခ်ဳပ္ေပးပါတယ္။

၂။ လက္ဖက္စိမ္း

လက္ဖက္စိမ္းက ေသာက္သံုးတဲ့အခါ အနံ႔ေလးေမႊးတဲ့အျပင္ က်န္းမာေရးအတြက္ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းပါတယ္။ Antioxidants ေတြ ႂကြယ္ဝစြာပါဝင္ၿပီး အသားအေရကို ေနေလာက္ဒဏ္မွလည္း ကာကြယ္ေပးပါတယ္။

၃။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ထဲမွာ အသားအေရကိုငယ္ရြယ္ႏုပ်ိဳေအာင္၊ ဝက္ၿခံနဲ႔ အမဲစက္၊ ေနေလာင္ဒဏ္ေၾကာင့္ ျဖစ္တဲ့ အသားအေရနီျမန္းျခင္းေတြ မျဖစ္ေအာင္ ကာကြယ္ေပးတဲ့ Probiotics ေတြ ႂကြယ္ဝစြာပါဝင္ပါတယ္။

၄။ ပ်ားရည္

အသားအေရအတြက္ ေကာင္းက်ိဳးအေျမာက္အျမားေပးတဲ့ ပ်ားရည္ကေတာ့ စားသံုးရာမွာလည္း အရသာထူးကဲေကာင္းမြန္သလို မ်က္ႏွာေပါင္းတင္ရာမွာလည္း အသံုးျပဳႏိုင္တဲ့ သဘာဝပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

၅။ ဘလူးဘယ္ရီသီး

ဘယ္ရီသီးေတာ္ေတာ္မ်ားမ်ားက အသားအေရအတြက္ေရာ က်န္းမာေရးအတြက္ပါ ေကာင္းမြန္ပါတယ္။ အထူးသျဖင့္ ဘလူးဘယ္ရီသိးေတြပါပဲ။ သင့္အသားအေရကို အစဥ္ထာဝရငယ္ရြယ္ႏုပ်ိဳေနေစၿပီး က်န္းမာလွပေနေစပါတယ္။

၆။ လိေမၼာ္သီး

လိေမၼာ္သီးမွာ ဗီတာမင္ စီဓာတ္ေရာ ေရဓာတ္ပါ ႂကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ အသားအေရအတြက္ ေကာင္းက်ိဳးေပးတယ္ဆိုတာကေတာ့ ေျပာစရာေတာင္ မလိုေတာ့ပါဘူး။ လိေမၼာ္သီးစားသံုးျခင္းေၾကာင့္ အေရျပား ေလ်ာ့တိေလ်ာ့ရဲျဖစ္ျခင္း၊ ပါးေရတြန္႔ျခင္းမွ ကာကြယ္ေပးပါတယ္။

၇။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးဟာလည္း ဗီတာမင္ စီနဲ႔ ေရဓာတ္တို႔ ႂကြယ္ဝစြာ ပါဝင္ျခင္းေၾကာင့္ အသားအေရကို ခရမ္းလြန္ေရာင္ျခည္ဒဏ္မွ ကာကြယ္ေပးၿပီး ပါးေရတြန္႔ျခင္းနဲ႔ အေရးအေၾကာင္းေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၈။ ဟင္းႏုႏြယ္နဲ႔ ကိုက္လန္ရြက္

ဟင္းသီးဟင္းရြက္ႀကိဳက္ႏွစ္သက္သူမ်ားအေနနဲ႔ ဟင္းႏုႏြယ္နဲ႔ ကိုက္လန္ရြက္မ်ားကို မ်ားမ်ားစားသံုးေပးသင့္ပါတယ္။ အသားအေရပ်က္စီးျခင္းမွ ကာကြယ္ေပးတဲ့ ဗီတာမင္ ေအ၊ စီ၊ အီးတို႔ ပါဝင္လို႔ပါပဲ။

Source: Brightside.me

[Unicode]

မျက်လုံးတွေက စိတ်နှလုံးသားရဲ့ ပြတင်းပေါက်ဆိုရင် အသားအရေက ကျန်းမာရေးကို ဆုံးဖြတ်သိမြင်နိုင်တဲ့ အရေပြားအပေါ်ယံလွှာပါပဲ။ သင်စားသုံးတဲ့ အစားအစာပေါ်မူတည်ပြီးတော့ သင့်အသားအရေစိုပြေဝင်းပမှုက ပြောင်းလဲသွားပါတယ်။ ခရင်မ်တွေ လိုးရှင်းတွေက သင့်အရေပြားကို ခဏတာကြည့်ကောင်းရုံသာ ပြုလုပ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြီးလာတဲ့အထိ အသားအရေလေးစိုပြေဝင်းပ နေချင်ရင်တော့ အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို စားသုံးပေးဖို့လိုလိမ့်မယ်နော်။

၁။ ထောပတ်သီး

ထောပတ်သီးက အသားအရေတင်းရင်းလှပအောင် ပြုလုပ်ပေးပြီး အစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။ နေလောင်ဒဏ်မှလည်း ကာကွယ်ပေးပြီး ပါးရေတွန့်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။

၂။ လက်ဖက်စိမ်း

လက်ဖက်စိမ်းက သောက်သုံးတဲ့အခါ အနံ့လေးမွှေးတဲ့အပြင် ကျန်းမာရေးအတွက်ကောင်းကျိုးအမြောက်အမြားပေးစွမ်းပါတယ်။ Antioxidants တွေ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို နေလောက်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။

၃။ ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ အသားအရေကိုငယ်ရွယ်နုပျိုအောင်၊ ဝက်ခြံနဲ့ အမဲစက်၊ နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေနီမြန်းခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ Probiotics တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

၄။ ပျားရည်

အသားအရေအတွက် ကောင်းကျိုးအမြောက်အမြားပေးတဲ့ ပျားရည်ကတော့ စားသုံးရာမှာလည်း အရသာထူးကဲကောင်းမွန်သလို မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

၅။ ဘလူးဘယ်ရီသီး

ဘယ်ရီသီးတော်တော်များများက အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသိးတွေပါပဲ။ သင့်အသားအရေကို အစဉ်ထာဝရငယ်ရွယ်နုပျိုနေစေပြီး ကျန်းမာလှပနေစေပါတယ်။

၆။ လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် စီဓာတ်ရော ရေဓာတ်ပါ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေအတွက် ကောင်းကျိုးပေးတယ်ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ လိမ္မော်သီးစားသုံးခြင်းကြောင့် အရေပြား လျော့တိလျော့ရဲဖြစ်ခြင်း၊ ပါးရေတွန့်ခြင်းမှ ကာကွယ်ပေးပါတယ်။

၇။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာလည်း ဗီတာမင် စီနဲ့ ရေဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၈။ ဟင်းနုနွယ်နဲ့ ကိုက်လန်ရွက်

ဟင်းသီးဟင်းရွက်ကြိုက်နှစ်သက်သူများအနေနဲ့ ဟင်းနုနွယ်နဲ့ ကိုက်လန်ရွက်များကို များများစားသုံးပေးသင့်ပါတယ်။ အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့ ဗီတာမင် အေ၊ စီ၊ အီးတို့ ပါဝင်လို့ပါပဲ။

Source: Brightside.me