မိန်းကလေးတိုင်းက လှလှပပနဲ့ ဆွဲဆောင်မှုရှိချင်ကြပါတယ်။ လူပုံအလယ်မှာ ပြစ်မျိုးမှဲ့မထင် ကြည့်ကောင်းချင်တာနဲ့ပဲ ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေဝယ်ပြီး ပိုက်ဆံဖြုန်းစရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် ပျိုမေလေးတို့အလှအပနဲ့ ကျန်းမာရေးအတွက် အသုံးတည့်မယ်ဆိုတာ ရဲရဲကြီးအာမခံရဲပါတယ်။

နှုတ်ခမ်းလေးတွေ ပြည့်ပြည့်ဖူးဖူးလေးဖြစ်နေဖို့

သဘာဝအဆီတစ်မျိုးမျိုး ဒါမှမဟုတ် နှုတ်ခမ်းနီအဆီကို နှုတ်ခမ်းပေါ်မှာ လိမ်းပြီးတဲ့အခါ သွားပွတ်တံလေးနဲ့ တစ်မိနစ်ခန့် ညင်ညင်သာသာပွတ်တိုက်ပေးလိုက်မယ်ဆိုရင် နှုတ်ခမ်းဖူးဖူးလေးတွေ ပိုင်ဆိုင်နိုင်ပြီပေါ့။

အသားအရေကြည်လင်ဝင်းပပြီး အစိုဓာတ်ရှိနေဖို့အတွက်

သံလွင်ဆီနဲ့ မျက်နှာကို နှိပ်နယ်ပေးခြင်းက အသားအရေကို သန့်စင်ကြည်လင်စေပြီး၊ နူးညံ့ချောမွတ်စေပါတယ်။ အရင်ဦးဆုံး မျက်နှာကိုရေနွေးငွေ့ရိုက်ပေးလိုက်ပါ။ ပြီးရင် သံလွင်ဆီနဲ့ မျက်နှာကို ၇ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ရလဒ်ကောင်းကောင်းရချင်တယ်ဆိုရင်တော့ ၄ ရက်၊ ၅ ရက်ခန့် ဆက်တိုက်ပြုလုပ်ပေးပါ။

မျက်နှာရောင်ရမ်းခြင်းကို လျော့ချပေးပြီး လန်းဆန်းကြည့်ကောင်းနေဖို့အတွက်

ရေထဲကို ဆားထည့်ပြီး ပျော်ဝင်အောင် မွှေလိုက်ပါ။ မျက်နှာသုတ်ပုဝါကို ရေထဲမှာ စိမ်လိုက်ပြီး ၁၀ မိနစ်ကြာအောင် မျက်နှာပေါ်မှာ ကပ်ထားပေးလိုက်ပါ။

ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်တွေကို ဖယ်ရှားပေးဖို့အတွက်

အရေးကြီးကိစ္စချိန်းထားတဲ့ နေ့ကျမှ ဝက်ခြံပေါက်လို့ စိတ်ညစ်နေတာလား။ အမြန်ဆုံးပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ပျားရည်ကို ဝက်ခြံပေါ်မှာ ၁၅ မိနစ်ခန့် လိမ်းကျံထားလိုက်ပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဝက်ခြံရဲ့အရွယ်အစားကို သေးငယ်အောင်ပြုလုပ်ပေးပြီး မိတ်ကပ်နဲ့ဖုံးကွယ်ထားလိုက်ရင်တော့ ဝက်ခြံပေါက်နေမှန်း မသိသာတော့ပါဘူး။

သဘာဝမိတ်ကပ်ဖျက်ဆေး

ဘူးသန့်သန့်လေးတစ်ခုထဲမှာ ရေ အချိုး ၃ ဆ၊ သံလွင်ဆီ တစ်ဆတို့ကို ရောပြီး လှုပ်ခါလိုက်ပါ။ ဒါဆိုရင် ဓာတုပစ္စည်းမပါတဲ့ သဘာဝမိတ်ကပ်ဖျက်ဆေးလေးရပြီပေါ့။

အမွှေးအမျှင်တွေ ဖယ်ရှားပေးဖို့အတွက်

ပန်းကန်လုံးအသေးတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်၊ အုတ်ဂျုံအကြမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်၊ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကို သမအောင် ရေမွှေလိုက်ပြီး အနှစ်ကလေးတွေဖြစ်အောင် ပြုလုပ်လိုက်ပါ။ ပြီးရင် အဲ့ဒီအနှစ်ကို အသားအရေပေါ်တင်လိုက်ပြီး ၅ မိနစ်ခန့် ကြာမှ ရေနွေးပူလေးနဲ့ ဆေးချလိုက်ပါ။

မျက်ကွင်းညိုခြင်းမှ ဖယ်ရှားပေးဖို့အတွက်

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေနွေးပူထဲ ထည့်မွှေလိုက်ပါ။ ဝါဂွမ်းကို ခုနက ဖျော်ရည်ပူထဲ နှစ်ချလိုက်ပြီး မျက်လုံးအောက်ခြေကို ညင်ညင်သာသာပွတ်တိုက်ပေးလိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့်ကြာမှ ရေဆေးလိုက်ပြီး ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်ပြန်လိမ်းလိုက်ပါ။ ဒီနည်းလမ်းလေးကို နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် ထူးခြားကောင်းမွန်တဲ့ အကျိုးရလဒ်ကို ပိုင်ဆိုင်နိုင်ပါပြီ။

Source: Brightside.me