[Zawgyi]

သင္ဒီစာကို လာဖတ္တဲ့အခ်ိန္က သင့္မိဘေတြက သင္လုပ္ေနတဲ့အရာ ဒါမွမဟုတ္ သင္လုပ္ခ်င္တဲ့အိပ္မက္ေတြကို သေဘာမတူခ်ိန္ ျဖစ္ေနျပီလုိ႔ ခန္႔မွန္းရပါတယ္။ မိဘေတြအေနနဲ႔ကလည္း သူတို႔ရဲ႕ သားသမီးေတြကို ျဖစ္ခ်င္တဲ့ဆႏၵေတြရွိမွာပါ။ သူတို႔ကိုလည္း တဇြတ္ထိုးဆန္တယ္လုိ႔ အျပစ္ေျပာလို႔မရပါဘူး။ မိဘေတြကေတာ့ ကိုယ့္သားသမီးေတြကို အျမဲတမ္းစုိးရိမ္ေနမွာပါ။ မျဖစ္သင့္တာေတြ မျဖစ္လာေအာင္ ဆံုးမေျပာဆုိတာေတြရွိမွာပါပဲ။ သင့္အေနနဲ႔ လုပ္ႏုိင္တာက သင္ျဖစ္ခ်င္တဲ့အိပ္မက္ေတြကိုသူတို႔သေဘာတူလာေအာင္ ၾကိဳးစားဖို႔ပါပဲ။ ဒီအတြက္ လက္ေတြ႕အသံုးဝင္မယ့္ နည္းလမ္းေတြကို ေျပာျပပါရေစ။

၁။ ယံုၾကည္မႈရွိပါ

သင့္မိဘေတြ သင့္အလုပ္ကို သေဘာတူလာဖို႔ အေရးအၾကီးဆံုးအခ်က္က သင့္အလုပ္အေပၚ ယံုၾကည္မႈရွိဖို႔ပါ။ သင့္အလုပ္အေၾကာင္း ေျပာျပတဲ့အခ်ိန္ တိက်တဲ့အေထာက္အထားေတြ အက်ိဳးေက်းဇူးေတြကို ယံုၾကည္မႈအျပည့္နဲ႔ ေျပာႏိုင္ဖို႔ပါ။ သင့္မိဘေတြနဲ႔ ေဆြးေႏြးတဲ့အခ်ိန္ သူတုိ႔ေျပာတာကို အရင္နားေထာင္ပါ။ ျပီးရင္ေတာ့ သင္လုပ္မယ့္အလုပ္က သင့္အတြက္ ဘယ္ေလာက္ထိ အဓိပၸာယ္ရွိလဲ ေအးေအးေဆးေဆးေျပာျပပါ။ ဒီအလုပ္အေၾကာင္း သင္ဘယ္ေလာက္သိလဲ။ သင္ေအာင္ျမင္မယ္လု႔ိ ဘာလို႔ယံုၾကည္မႈေတြရွိေနလဲ ေျပာျပပါ။ ဒီလိုဆုိရင္ သူတို႔လည္း သင့္အလုပ္ကို အထင္ၾကီးလာပါလိမ့္မယ္။

၂။ သင့္အလုပ္အေၾကာင္းေသခ်ာသိပါေစ

သင္အလုပ္မွာ ၾကံဳလာႏုိင္တဲ့ အခက္အခဲေတြ၊ ရလာမယ့္ အခြင့္အေရးေတြ၊ အလုပ္အေၾကာင္း တိတိက်က် အခ်က္အလက္ေတြ စတာေတြကို ေသခ်ာေလ့လာထားပါ။ သင္လုပ္ခ်င္တဲ့အလုပ္မွာ ျပဳလုပ္မယ့္ အစီအစဥ္ကို ၾကိဳဆြဲထားပါ။ အေၾကာင္းအရာအကုန္လံုး တိတိက်က် သိျပီးမွ မိဘေတြကို ဖြင့္ေျပာပါ။

၃။ သင့္ဘဝကို တျခားသူလက္ထဲ မအပ္ပါနဲ႔

ဘဝတစ္ေလွ်ာက္လံုး မိဘေတြ စိတ္ခ်မ္းသာဖို႔ သူတို႔သေဘာအတုိင္း ေနသြားရတာမ်ိဳးမလုပ္ပါနဲ႔။ သင့္ဆီမွာ ဘဝတစ္ခုပဲရတာပါ။ ရလာတဲ့ဘဝမွာ ကိုယ္ျဖစ္ခ်င္တာ ကိုယ္လုပ္ခ်င္တာေတြကို လုပ္ရပါမယ္။ သင္ဝါသနာပါတဲ့အရာအတြက္ ၾကိဳးစားေနသေရြ႕၊ အစီအစဥ္ေတြ ခ်ထားသေရြ႕၊ ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိသေရြ႕ ဘယ္သူ႕ကိုမွမေၾကာက္ပါနဲ႔။ သင့္ေပ်ာ္ရႊင္မႈကို တျခားသူလက္ထဲ မထည့္ပါနဲ႔။

၄။ ရင့္က်က္ပါ

သင့္မိဘေတြက သင့္အလုပ္မေကာင္းဘူးေျပာလုိက္တာနဲ႔ ကေလးတစ္ေယာက္လို မေသာင္းက်န္းလိုက္ပါနဲ႔။ ေအးေအးေဆးေဆးနဲ႔ သူတို႔ နားဝင္လာေအာင္ ေျပာၾကည့္ပါ။ သင့္မိဘေတြေရွ႕ သင္ဟာ စိတ္ခ်ရတဲ့ သမီးေလး သို႔ သားေလးျဖစ္ေၾကာင္း ျပႏုိင္တာနဲ႔ သူတုိ႔လည္း သေဘာတူလာပါလိမ့္မယ္။ စိတ္ခ်ပါလိမ့္မယ္။

၅။ နားလည္ေပးပါ

သူတုိ႔က သင့္ကို စိုးရိမ္တာေၾကာင့္ တစ္ခါတေလ စကားလြန္သြားႏိုင္ပါတယ္။ ဒီလိုအခ်ိန္က်ရင္ သင့္ကို စိုးရိမ္စိတ္ေၾကာင့္ ဒီလိုျဖစ္ရတာလုိ႔ သူတို႔ဘက္ကို နားလည္ေပးပါ။ သူတို႔ဘက္က ျပန္ေတြးေပးပါ။ သင္ေအာင္ျမင္လာတဲ့တစ္ေန႔ ပီတိျဖာျပီး ေပ်ာ္မဆံုးျဖစ္ေနမွာ သင့္မိဘေတြပါပဲ။ သင့္မိဘေတြကို စိတ္မနာလိုက္ပါနဲ႔။

၆။ သူတို႔မွားတယ္ဆုိတာကို သက္ေသျပပါ

သူတို႔မွားတယ္ဆိုတာ ျပဖို႔ ျပဳလုပ္ႏုိင္တာတစ္ခုပဲရွိပါတယ္။ သင္ဝါသနာပါတဲ့ အလုပ္မွာ ေအာင္ျမင္ေအာင္ လုပ္ျပလိုက္ပါ။

၇။ သူတို႔ကို ေတာင္းပန္ပါ

သင့္အလုပ္မွာ ေအာင္ျမင္မႈရလာသည့္တိုင္ သင့္မိဘေတြက ကန္႔ကြက္ေနေသးရင္ေတာ့ သူတို႔ကို ေတာင္းပန္ပါ။ သင့္အလုပ္ကိုလည္း မစြန္႔လႊတ္ႏုိင္ေၾကာင္း သူတို႔သင့္အတြက္ ဂုဏ္မယူရတဲ့အတြက္လည္း စိတ္မေကာင္းေၾကာင္း သူတို႔ကို ေတာင္းပန္ပါ။ ျပီးရင္ေတာ့ သင္လုပ္စရာရွိတာလုပ္ပါ။ သင္လုပ္ခ်င္တဲ့အရာေတြကို လုပ္ပါ။

ဒီအခ်က္ (၇) ခ်က္က သင့္ဝါသနာကို မိဘေတြကန္႔ကြက္တဲ့အခ်ိန္ အကူအညီျဖစ္ဖို႔ ေမွ်ာ္လင့္မိပါတယ္။

[Unicode]

သင်ဒီစာကို လာဖတ်တဲ့အချိန်က သင့်မိဘတွေက သင်လုပ်နေတဲ့အရာ ဒါမှမဟုတ် သင်လုပ်ချင်တဲ့အိပ်မက်တွေကို သဘောမတူချိန် ဖြစ်နေပြီလို့ ခန့်မှန်းရပါတယ်။ မိဘတွေအနေနဲ့ကလည်း သူတို့ရဲ့ သားသမီးတွေကို ဖြစ်ချင်တဲ့ဆန္ဒတွေရှိမှာပါ။ သူတို့ကိုလည်း တဇွတ်ထိုးဆန်တယ်လို့ အပြစ်ပြောလို့မရပါဘူး။ မိဘတွေကတော့ ကိုယ့်သားသမီးတွေကို အမြဲတမ်းစိုးရိမ်နေမှာပါ။ မဖြစ်သင့်တာတွေ မဖြစ်လာအောင် ဆုံးမပြောဆိုတာတွေရှိမှာပါပဲ။ သင့်အနေနဲ့ လုပ်နိုင်တာက သင်ဖြစ်ချင်တဲ့အိပ်မက်တွေကိုသူတို့သဘောတူလာအောင် ကြိုးစားဖို့ပါပဲ။ ဒီအတွက် လက်တွေ့အသုံးဝင်မယ့် နည်းလမ်းတွေကို ပြောပြပါရစေ။

၁။ ယုံကြည်မှုရှိပါ

သင့်မိဘတွေ သင့်အလုပ်ကို သဘောတူလာဖို့ အရေးအကြီးဆုံးအချက်က သင့်အလုပ်အပေါ် ယုံကြည်မှုရှိဖို့ပါ။ သင့်အလုပ်အကြောင်း ပြောပြတဲ့အချိန် တိကျတဲ့အထောက်အထားတွေ အကျိုးကျေးဇူးတွေကို ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်ဖို့ပါ။ သင့်မိဘတွေနဲ့ ဆွေးနွေးတဲ့အချိန် သူတို့ပြောတာကို အရင်နားထောင်ပါ။ ပြီးရင်တော့ သင်လုပ်မယ့်အလုပ်က သင့်အတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိလဲ အေးအေးဆေးဆေးပြောပြပါ။ ဒီအလုပ်အကြောင်း သင်ဘယ်လောက်သိလဲ။ သင်အောင်မြင်မယ်လို့ ဘာလို့ယုံကြည်မှုတွေရှိနေလဲ ပြောပြပါ။ ဒီလိုဆိုရင် သူတို့လည်း သင့်အလုပ်ကို အထင်ကြီးလာပါလိမ့်မယ်။


၂။ သင့်အလုပ်အကြောင်းသေချာသိပါစေ

သင်အလုပ်မှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေ၊ ရလာမယ့် အခွင့်အရေးတွေ၊ အလုပ်အကြောင်း တိတိကျကျ အချက်အလက်တွေ စတာတွေကို သေချာလေ့လာထားပါ။ သင်လုပ်ချင်တဲ့အလုပ်မှာ ပြုလုပ်မယ့် အစီအစဉ်ကို ကြိုဆွဲထားပါ။ အကြောင်းအရာအကုန်လုံး တိတိကျကျ သိပြီးမှ မိဘတွေကို ဖွင့်ပြောပါ။

၃။ သင့်ဘဝကို တခြားသူလက်ထဲ မအပ်ပါနဲ့

ဘဝတစ်လျှောက်လုံး မိဘတွေ စိတ်ချမ်းသာဖို့ သူတို့သဘောအတိုင်း နေသွားရတာမျိုးမလုပ်ပါနဲ့။ သင့်ဆီမှာ ဘဝတစ်ခုပဲရတာပါ။ ရလာတဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေကို လုပ်ရပါမယ်။ သင်ဝါသနာပါတဲ့အရာအတွက် ကြိုးစားနေသရွေ့၊ အစီအစဉ်တွေ ချထားသရွေ့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသရွေ့ ဘယ်သူ့ကိုမှမကြောက်ပါနဲ့။ သင့်ပျော်ရွှင်မှုကို တခြားသူလက်ထဲ မထည့်ပါနဲ့။


၄။ ရင့်ကျက်ပါ

သင့်မိဘတွေက သင့်အလုပ်မကောင်းဘူးပြောလိုက်တာနဲ့ ကလေးတစ်ယောက်လို မသောင်းကျန်းလိုက်ပါနဲ့။ အေးအေးဆေးဆေးနဲ့ သူတို့ နားဝင်လာအောင် ပြောကြည့်ပါ။ သင့်မိဘတွေရှေ့ သင်ဟာ စိတ်ချရတဲ့ သမီးလေး သို့ သားလေးဖြစ်ကြောင်း ပြနိုင်တာနဲ့ သူတို့လည်း သဘောတူလာပါလိမ့်မယ်။ စိတ်ချပါလိမ့်မယ်။

၅။ နားလည်ပေးပါ

သူတို့က သင့်ကို စိုးရိမ်တာကြောင့် တစ်ခါတလေ စကားလွန်သွားနိုင်ပါတယ်။ ဒီလိုအချိန်ကျရင် သင့်ကို စိုးရိမ်စိတ်ကြောင့် ဒီလိုဖြစ်ရတာလို့ သူတို့ဘက်ကို နားလည်ပေးပါ။ သူတို့ဘက်က ပြန်တွေးပေးပါ။ သင်အောင်မြင်လာတဲ့တစ်နေ့ ပီတိဖြာပြီး ပျော်မဆုံးဖြစ်နေမှာ သင့်မိဘတွေပါပဲ။ သင့်မိဘတွေကို စိတ်မနာလိုက်ပါနဲ့။


၆။ သူတို့မှားတယ်ဆိုတာကို သက်သေပြပါ

သူတို့မှားတယ်ဆိုတာ ပြဖို့ ပြုလုပ်နိုင်တာတစ်ခုပဲရှိပါတယ်။ သင်ဝါသနာပါတဲ့ အလုပ်မှာ အောင်မြင်အောင် လုပ်ပြလိုက်ပါ။

၇။ သူတို့ကို တောင်းပန်ပါ

သင့်အလုပ်မှာ အောင်မြင်မှုရလာသည့်တိုင် သင့်မိဘတွေက ကန့်ကွက်နေသေးရင်တော့ သူတို့ကို တောင်းပန်ပါ။ သင့်အလုပ်ကိုလည်း မစွန့်လွှတ်နိုင်ကြောင်း သူတို့သင့်အတွက် ဂုဏ်မယူရတဲ့အတွက်လည်း စိတ်မကောင်းကြောင်း သူတို့ကို တောင်းပန်ပါ။ ပြီးရင်တော့ သင်လုပ်စရာရှိတာလုပ်ပါ။ သင်လုပ်ချင်တဲ့အရာတွေကို လုပ်ပါ။


ဒီအချက် (၇) ချက်က သင့်ဝါသနာကို မိဘတွေကန့်ကွက်တဲ့အချိန် အကူအညီဖြစ်ဖို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar