[Zawgyi]

ရေတာင့္ရခဲ လူ႕ဘဝေရာက္တဲ့အခ်ိန္မွာ ေပ်ာ္ေပ်ာ္ေနဖို႔ အေရးၾကီးဆံုးပါ။ ဒါေပမဲ့ ဘဝဆိုတာက အျမဲေလေျပေအးေအးေလး မတိုက္တတ္ပါဘူး။ တစ္ခါတေလ ေသာကဆိုတဲ့ မုန္တိုင္းေတြက တိုက္ခတ္တတ္ေသးပါတယ္။ ဒါေပမဲ့ လက္ရွိပံုစံထက္ ပိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ ပံုစံတစ္ခုရဖို႔ သင္ဖန္တီးႏုိင္ပါတယ္။ လာမယ့္ ၂၀၂၀ မွာ ပိုေပ်ာ္လာေစဖို႔ သင္ယခုျပဳလုပ္ႏုိင္တဲ့အခ်က္ေတြကို ေဖာ္ျပလုိက္ပါတယ္။

၁။ လူေတြနဲ႔ အခ်ိန္ပိုကုန္ဆံုးပါ

Source: ellevate network

သင့္ကို ေပ်ာ္ရႊင္ေစျပီး အေကာင္းျမင္စိတ္တိုးပြားေစတဲ့ လူေတြနဲ႔ အခ်ိန္ကုန္ဆံုးပါ။ တစ္ေယာက္တည္းေနတာက ေကာင္းေပမယ့္ အျမဲ တစ္ေယာက္တည္းမေနပါနဲ႔။ လူအမ်ားၾကီးနဲ႔ လိုက္ေပါင္းေနဖုိ႔မလိုပါဘူး။ ကိုယ့္အေပၚေကာင္းတဲ့ သံုးေလးေယာက္ေလာက္ဆုိရင္ လံုေလာက္ပါျပီ။

၂။ ဟင္းခ်က္တတ္ေအာင္လုုပ္ပါ

Source: Freepik

ဟင္းခ်က္တတ္ေအာင္ၾကိဳးစားပါ။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြကို သင္ကိုယ္တုိင္ဝယ္ျပီး ကိုယ္တုိင္ခ်က္စားပါ။ ဒီအျပဳအမူက သင့္အတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအေသာက္ေတြကို ေရြးခ်ယ္ေစပါတယ္။ အျပင္စာစားတဲ့အက်င့္ကို ေလွ်ာ့ခ်ပါ။ ပိုက်န္းမာျပီး ပိုေပ်ာ္ရႊင္လာပါလိမ့္မယ္။

၃။ လႈပ္လႈပ္ရွားရွားေနပါ

Source: Shutterstock

ေလ့က်င့္ခန္းမလုပ္တဲ့လူေတြက စိတ္ဓာတ္က်တာပိုလြယ္ကူပါတယ္။ သင္က အားကစားမလုပ္ႏုိင္ရင္ေတာင္ ရပ္ကြက္ထဲမွာ တစ္ပတ္ေလာက္လမ္းေလ််ာက္လုိက္ပါ။ အားကစားလုပ္ႏုိင္ရင္ ပိုေကာင္းပါတယ္။ အိမ္ထဲမွာလည္း လမ္းေလ်ွာက္ေနလို႔ရပါတယ္။

၄။ ေငြကို စီမံခန္႔ခြဲျပီး သံုးစြဲပါ

Source: Verywell Mind

ေငြမရွိတာက စိတ္ဓာတ္က်တာနဲ႔ ဆက္စပ္ေနပါတယ္။ ကိုယ္သံုးမယ့္ Budget ကိုၾကိဳတြက္ထားပါ။ အဲ့ထက္ပိုမသံုးမိပါေစနဲ႔။ အနစ္နာခံရမယ့္ ကိစၥရွိရင္ ေငြမသံုးဘဲ အနစ္နာခံလိုက္ပါ။ ကိုယ္သံုးမယ့္ပမာဏထက္ ပိုမသံုးမိပါေစနဲ႔။ ေငြကို စနစ္တက်ကိုင္တြယ္တတ္ေအာင္ၾကိဳးစားပါ။

၅။ သူငယ္ခ်င္းေတြကို ျပန္ေခၚပါ

Source: Unsplash.com

သင္နဲ႔ အရမ္းခင္ေပမယ့္ ရန္ျဖစ္ထားတဲ့သူငယ္ခ်င္းေတြကို ျပန္ေခၚပါ။ ဒီလူေတြနဲ႔ျပန္ေခၚတာက နာက်င္ေနတဲ့သင့္စိတ္ကို ျပန္သက္သာေစပါတယ္။ လူတစ္ေယာက္ကို ခြင့္မလြတ္တာက သင့္ကိုပဲ ပိုျပီးနာက်င္ေစပါလိမ့္မယ္။

၆။ မနက္ေစာေစာထပါ

Source: Verywell Mind

မနက္ေစာေစာထတဲ့သူေတြက လုပ္စရာတာဝန္ေတြကို ပိုျပီးစီးၾကပါတယ္။ ဒါေၾကာင့္ ပိုေပ်ာ္ရႊင္ၾကပါတယ္။ သင္လုပ္ခ်င္တဲ့အရာေတြကို မနက္ေစာေစာ အိပ္ရာထျပီးအေကာင္အထည္ေဖာ္လိုက္ပါ။

၇။ တျခားလူေတြကိုကူညီပါ

Source: MarketWatch.com

ႏွစ္သစ္မွာ အကူအညီလိုအပ္ေနသူေတြကို ကူညီေပးတဲ့အက်င့္ထားေပးပါ။ အခ်ိန္ရရင္ Volunteer လုပ္ေပးပါ။ သင္စိတ္ခ်မ္းသာလာပါလိမ့္မယ္။

[Unicode]

ရတောင့်ရခဲ လူ့ဘဝရောက်တဲ့အချိန်မှာ ပျော်ပျော်နေဖို့ အရေးကြီးဆုံးပါ။ ဒါပေမဲ့ ဘဝဆိုတာက အမြဲလေပြေအေးအေးလေး မတိုက်တတ်ပါဘူး။ တစ်ခါတလေ သောကဆိုတဲ့ မုန်တိုင်းတွေက တိုက်ခတ်တတ်သေးပါတယ်။ ဒါပေမဲ့ လက်ရှိပုံစံထက် ပိုပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပုံစံတစ်ခုရဖို့ သင်ဖန်တီးနိုင်ပါတယ်။ လာမယ့် ၂၀၂၀ မှာ ပိုပျော်လာစေဖို့ သင်ယခုပြုလုပ်နိုင်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ လူတွေနဲ့ အချိန်ပိုကုန်ဆုံးပါ

Source: ellevate network

သင့်ကို ပျော်ရွှင်စေပြီး အကောင်းမြင်စိတ်တိုးပွားစေတဲ့ လူတွေနဲ့ အချိန်ကုန်ဆုံးပါ။ တစ်ယောက်တည်းနေတာက ကောင်းပေမယ့် အမြဲ တစ်ယောက်တည်းမနေပါနဲ့။ လူအများကြီးနဲ့ လိုက်ပေါင်းနေဖို့မလိုပါဘူး။ ကိုယ့်အပေါ်ကောင်းတဲ့ သုံးလေးယောက်လောက်ဆိုရင် လုံလောက်ပါပြီ။

၂။ ဟင်းချက်တတ်အောင်လုုပ်ပါ

Source: Freepik

ဟင်းချက်တတ်အောင်ကြိုးစားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို သင်ကိုယ်တိုင်ဝယ်ပြီး ကိုယ်တိုင်ချက်စားပါ။ ဒီအပြုအမူက သင့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ရွေးချယ်စေပါတယ်။ အပြင်စာစားတဲ့အကျင့်ကို လျှော့ချပါ။ ပိုကျန်းမာပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။

၃။ လှုပ်လှုပ်ရှားရှားနေပါ

Source: Shutterstock

လေ့ကျင့်ခန်းမလုပ်တဲ့လူတွေက စိတ်ဓာတ်ကျတာပိုလွယ်ကူပါတယ်။ သင်က အားကစားမလုပ်နိုင်ရင်တောင် ရပ်ကွက်ထဲမှာ တစ်ပတ်လောက်လမ်းလျျောက်လိုက်ပါ။ အားကစားလုပ်နိုင်ရင် ပိုကောင်းပါတယ်။ အိမ်ထဲမှာလည်း လမ်းလျှောက်နေလို့ရပါတယ်။

၄။ ငွေကို စီမံခန့်ခွဲပြီး သုံးစွဲပါ

Source: Verywell Mind

ငွေမရှိတာက စိတ်ဓာတ်ကျတာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်သုံးမယ့် Budget ကိုကြိုတွက်ထားပါ။ အဲ့ထက်ပိုမသုံးမိပါစေနဲ့။ အနစ်နာခံရမယ့် ကိစ္စရှိရင် ငွေမသုံးဘဲ အနစ်နာခံလိုက်ပါ။ ကိုယ်သုံးမယ့်ပမာဏထက် ပိုမသုံးမိပါစေနဲ့။ ငွေကို စနစ်တကျကိုင်တွယ်တတ်အောင်ကြိုးစားပါ။

၅။ သူငယ်ချင်းတွေကို ပြန်ခေါ်ပါ

Source: Unsplash.com

သင်နဲ့ အရမ်းခင်ပေမယ့် ရန်ဖြစ်ထားတဲ့သူငယ်ချင်းတွေကို ပြန်ခေါ်ပါ။ ဒီလူတွေနဲ့ပြန်ခေါ်တာက နာကျင်နေတဲ့သင့်စိတ်ကို ပြန်သက်သာစေပါတယ်။ လူတစ်ယောက်ကို ခွင့်မလွတ်တာက သင့်ကိုပဲ ပိုပြီးနာကျင်စေပါလိမ့်မယ်။

၆။ မနက်စောစောထပါ

Source: Verywell Mind

မနက်စောစောထတဲ့သူတွေက လုပ်စရာတာဝန်တွေကို ပိုပြီးစီးကြပါတယ်။ ဒါကြောင့် ပိုပျော်ရွှင်ကြပါတယ်။ သင်လုပ်ချင်တဲ့အရာတွေကို မနက်စောစော အိပ်ရာထပြီးအကောင်အထည်ဖော်လိုက်ပါ။

၇။ တခြားလူတွေကိုကူညီပါ

Source: MarketWatch.com

နှစ်သစ်မှာ အကူအညီလိုအပ်နေသူတွေကို ကူညီပေးတဲ့အကျင့်ထားပေးပါ။ အချိန်ရရင် Volunteer လုပ်ပေးပါ။ သင်စိတ်ချမ်းသာလာပါလိမ့်မယ်။

By MyStyle Myanmar