နောက်ဆုံးပေါ်အလန်းစားစတိုင်တွေကို ဝတ်ဆင်မှ စတိုင်ကျပြီး ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းစတိုင်လေးတွေကလည်း သင့်ပင်ကိုယ်အလှကို ပေါ်လွင်နေဖို့ကူညီပေးပါတယ်။ ဒါပေမဲ့တစ်ခါတလေမှာ မိမိတို့ရဲ့ဖက်ရှင်စတိုင်တွေက အသေးအဖွဲအမှားတွေကြောင့် မိမိရဲ့ဆွဲဆောင်မှုကို လျော့ကျသွားစေနိုင်ပါတယ်။

ဘယ်လိုအသေးအဖွဲအမှားလေးတွေလဲဆိုတာ အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ကိုယ်နဲ့ ကွက်တိမကျတဲ့ ဘောင်းဘီ

ဂျင်းဘောင်းဘီမှ မဟုတ်ပါဘူး၊ တခြားဘောင်းဘီတွေလည်း အတူတူပါပဲ။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျမဲ့ဘောင်းဘီမျိုးကို ဝတ်ဆင်ပါ။ ပုံနှစ်ပုံကို ယှဉ်ကြည့်မယ်ဆိုရင် ဘယ်ဘောင်းဘီက ကိုယ့်ခန္ဓာကိုယ်ကို လှပအောင်ကူညီပေးလဲဆိုတာ တွေ့ရမှာပါ။

၂။ ဂရုမစိုက်မိသော အသေးအဖွဲပြဿနာများ

နှုတ်ခမ်းနီဆိုးလိုက်တဲ့အခါ သွားမှာ နှုတ်ခမ်းနီပေသွားတာမျိုး၊ မိမိအင်္ကျီအဝတ်အစားမှ အပေါက်သေးသေးလေး ဖြစ်နေတာမျိုး၊ အစား စားပြီးတဲ့အခါ သွားကြားညှပ်နေတာမျိုးတွေက သူစိမ်းတွေ ကိုယ့်ကိုအလွယ်တကူသတိထားမိစေမယ့် ဆွဲဆောင်မှုလျော့ကျသွားစေတဲ့ အမှားလေးတွေပါပဲ။

၃။ ထူပိန်းနေတဲ့ မိတ်ကပ်များ ချွေးကြောင့်ကြည့်ရဆိုးခြင်း

တစ်နေကုန်လုံး မိတ်ကပ်လိမ်းထားရတဲ့အခါ ချွေးကြောင့်မိတ်ကပ်တွေ ပြန့်နေပြီး သင့်ကို ဆွဲဆောင်မှုလျော့ကျစေပါတယ်။ မိတ်ကပ်လေးတွေ တာရှည်ခံနေစေဖို့ သဘာဝဆန်တဲ့မိတ်ကပ် Look လေးကိုပဲ လိမ်းပေးသင့်ပါတယ်။

၎။ အသုံးအဆောင်ပစ္စည်းများ များလွန်းနေခြင်း

နှုတ်ခမ်းနီ တောက်တောက်၊ မိတ်ကပ် Look ကလည်း တောက်နေမယ်ဆိုရင် ထင်းခနဲဖြစ်စေမဲ့ နားကပ်တို့ နားဆွဲတို့ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၅။ အင်္ကျီလက် ခေါက်တင်ခြင်း

အင်္ကျီလက်ရှည်ဝတ်ထားလို့ ရာသီဥတုပူအိုက်လာတဲ့အခါ အင်္ကျီလက်ခေါက်တင်မယ်ဆိုရင် ဖြစ်သလို ပြီးပြီးရော တွန်းတင်လိုက်တာမျိုးမဟုတ်ဘဲ တစ်ထပ်ချင်းစီ ခေါက်တင်ပေးပါ။

၆။ အင်္ကျီများ အရောင်ဖျော့သွားခြင်း

ဝတ်စုံတစ်စုံတည်းကိုပဲ ကြိုက်နှစ်သက်လို့ဆိုပြီး ထပ်ခါတလဲလဲ ဝတ်ဆင်တဲ့အခါ ကြိမ်ဖန်များစွာလျှော်ပြီးနောက် အဝတ်အစားအရောင်မှိန်သွားပါလိမ့်မယ်။ ဒါဆိုရင် အရောင်တောက်တဲ့ အင်္ကျီတွေ အမဲရောင်အဝတ်အစားတွေကို ရေအေးနဲ့ပဲလျှော်ပြီး နေပူထဲအကြာကြီးလှမ်းထားခြင်းမှ ရှောင်ကြဉ်ပါ။ အရောင်ကို မူလအတိုင်းထိန်းထားဖို့ဆိုရင် ရှာလကာရည် (သို့) ကော်ဖီမှုန့်အမဲတို့ကိုထည့်ပြီး လျှော်ပေးနိုင်ပါတယ်။

၇။ အဝတ်အစားပေါ်မှ ဗောက်များ

သင့်အဝတ်အစားပေါ်မှာ ဗောက်တွေမြင်တဲ့အခါ သင့်အနားဘယ်သူမှကပ်ချင်မှာ မဟုတ်ပါဘူး။ ဗောက်ရှိရခြင်းက သင့်မှာ ဗီတာမင်ချို့တဲ့လို့ ဦးရေပြားခြောက်ရခြင်းဖြစ်ပါတယ်။ အကယ်၍ သင့်မှာဗောက်ရှိရင် အင်္ကျီအမဲတွေကို မဝတ်ပါနဲ့။

Source: Brightside.me