(Zawgyi Version)

မဂၤလာပါ MyStyle Myanmar ပရိတ္သတ္တို႔ေရ။ အသက္ ၃၀ ၄၀ အရြယ္အမ်ိဳးသမီးေတြရဲ႕ အသားအေရထိန္းသိမ္းနည္းနဲ႔ အသက္ ၂၀ အရြယ္အမ်ိဳးသမီးအသားအေရထိန္းသိမ္းပံု မတူပါဘူး။ အသက္ ၂၀ အရြယ္နဲ႔ ဆယ္ေက်ာ္သက္အရြယ္ထိန္းသိမး္နညး္ကေတာ့ သိပ္ျပီးမကြာဟလွပါဘူး။ ဒါေပမဲ့ မိန္းကေလးေတြဟာ ၂၀ ေက်ာ္လာတာနဲ႔အမွ် အလုပ္လုပ္ဖို႔ စစဥ္းစားရျပီျဖစ္တာေၾကာင့္ စိတ္ဖိစီးမႈေတြပိုမ်ားလာပါတယ္။ သင္က အသက္ ၂၀ ေက်ာ္မိန္းကေလးဆုိရင္ ေအာက္မွာေျပာထားတဲ့ အသားအေရထိန္းသိမ္းနည္းေတြကို မွတ္ထားေပးပါ။ သင့္အသားအေရေတာက္ပစိုေျပလာျပီး ဆယ္ေက်ာ္သက္ေလးေတြနဲ႔ မတိမ္းမယိမ္းျဖစ္ေနပါလိမ့္မယ္။

၁။ ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္တာက စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ေခၽြးထြက္တာျဖစ္တဲ့အတြက္ ခႏၶာကိုယ္တြင္း ေခၽြးနဲ႔အဆိပ္ေတြ ျပယ္သြားေစပါတယ္။ ဒါေၾကာင့္ အသားအေရစိုေျပေစပါတယ္။ မိတ္ကပ္နဲ႔ အေရးေၾကာင္းေတြကို လိုက္ဖုံးေနရတာထက္စာရင္ ေလ့က်င့္ခန္းလုပ္ျပီး သဘာဝအတုိင္းအသားအေရေလးက ပိုသာပါတယ္။

၂။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္စားပါ

ဆားပါဝင္မႈမ်ားတဲ့အစားအစာေတြ၊ အဆီအဆိမ့္မ်ားတဲ့အစားအစာေတြန႔ဲ အခ်ိဳမ်ားတဲ့အစားအစာေတြကို ေရွာင္ေပးပါ။ ေရမ်ားမ်ားေသာက္ပါ။ အသီးအရြက္မ်ားမ်ားစားေပးပါ။ အသက္ ၂၀ ေက်ာ္လာတာနဲ႔အမွ် ကိုယ္စားတဲ့အစားအေသာက္ကဘာလဲ အျမဲဂရုစိုက္ၾကည့္သင့္ပါတယ္။

၃။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ

ေလ့က်င့္ခန္းလုပ္တာကလည္း စိတ္ဖိစီးမႈေလွ်ာ့ခ်ေပးသလို တျခားနည္း္လမ္းေတြနဲ႔လည္း ေလွ်ာ့ခ်ေပးပါ။ စိတ္ခံစားခ်က္ေတြကို စာခ်ေရးပါ။ တရားထုိင္ပါ။ ေယာဂက်င့္ပါ။ လမ္းေလွ်ာက္ပါ။ တစ္ေယာက္တည္းေအးေအးေဆးေဆးေနဖို႔အခ်ိန္ေပးပါ။ စိတ္ဖိစီးမႈမမ်ားေအာင္ သတိထားေနေပးပါ။

၄။ Unsaturated Fat ကိုမွီဝဲပါ

အဆီထဲမွာမွ အသားကရတဲ့အဆီကို မစားပါနဲ႔။ အပင္က ရတဲ့အဆီ၊ အသီးက ရတဲ့အဆီေတြကို စားပါ။ သံလြင္ဆီ၊ ေထာပတ္သီး၊ အေစ့အဆံ၊ အနက္ေရာင္ေခ်ာကလက္စတဲ့အဆီေတြကို စားေပးပါ။ အေရးအေၾကာင္းေတြ သိသိသာသာ ေလ်ာ့ပါးလာပါလိ့မ္မယ္။

၅။ ေဆးမွီဝဲပါ

ဗီတာမင္ပါဝင္တဲ့ေဆးေတြေသာက္ေပးပါ။ ဝိတ္ခ်ေဆးကို မဆိုလိုပါဘူး။ စိတ္ဖိစီးမႈေလွ်ာ့ခ်ဖို႔ Magnesium ပါဝင္တဲ့ေဆးေသာက္ႏိုင္ျပီး အသားအေရလွဖို႔ ငါးၾကီးဆီ၊ Omega 3 ပါဝင္တဲ့ေဆးေတြကိုေသာက္ေပးပါ။

၆။ ပရိုတင္းမွီဝဲပါ

အသက္ ၂၀ အရြယ္က Collagen ဓာတ္ကို ထိန္းသိမ္းရမယ့္အရြယ္ေရာက္ပါျပီ။ Collagen က အေရျပားအတြက္ မရွိမျဖစ္လိုအပ္တ့ဲ ဓာတ္တစ္မ်ိဳးပါ။ ပရိုတင္းဓာတ္က Collagen ကိုေပးစြမ္းႏိုင္ပါတယ္။ ဥအမ်ိဳးမ်ိဳး၊ န႔ဲ ႏို႔ထြက္ပစၥည္း ေတြကေန ပရိုတင္းဓာတ္ရရွိႏိုင္ပါတယ္။

၇။ ဗီတာမင္ေအ

Beta-Carotene လို႔ေခၚတဲ့ဗီတာမင္ေအက အသားအေရအတြက္မျဖစ္မေနလိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါ။ ဗီတာမင္ေအပါဝင္တဲ့ အစားအေသာက္ေတြကေတာ့ ကန္စြန္းဥ၊ မုန္လာဥနီနဲ႔ ေရႊဖရံုသီးစတာေတြျဖစ္ပါတယ္။

အသက္ ၂၀ အရြယ္က အသားအေရကို စဂရုစိုက္ရမယ့္ အရြယ္ေရာက္ေနပါျပီ။ ဒီအခ်ိန္တည္းက ဂရုစိုက္ထားမွ အသက္ ၃၀ မွာ အရြယ္တင္ျပီး လွေနမွာပါ။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အသက် ၃၀ ၄၀ အရွယ်အမျိုးသမီးတွေရဲ့ အသားအရေထိန်းသိမ်းနည်းနဲ့ အသက် ၂၀ အရွယ်အမျိုးသမီးအသားအရေထိန်းသိမ်းပုံ မတူပါဘူး။ အသက် ၂၀ အရွယ်နဲ့ ဆယ်ကျော်သက်အရွယ်ထိန်းသိမး်နညး်ကတော့ သိပ်ပြီးမကွာဟလှပါဘူး။ ဒါပေမဲ့ မိန်းကလေးတွေဟာ ၂၀ ကျော်လာတာနဲ့အမျှ အလုပ်လုပ်ဖို့ စစဉ်းစားရပြီဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေပိုများလာပါတယ်။ သင်က အသက် ၂၀ ကျော်မိန်းကလေးဆိုရင် အောက်မှာပြောထားတဲ့ အသားအရေထိန်းသိမ်းနည်းတွေကို မှတ်ထားပေးပါ။ သင့်အသားအရေတောက်ပစိုပြေလာပြီး ဆယ်ကျော်သက်လေးတွေနဲ့ မတိမ်းမယိမ်းဖြစ်နေပါလိမ့်မယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ချွေးထွက်တာဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင်း ချွေးနဲ့အဆိပ်တွေ ပြယ်သွားစေပါတယ်။ ဒါကြောင့် အသားအရေစိုပြေစေပါတယ်။ မိတ်ကပ်နဲ့ အရေးကြောင်းတွေကို လိုက်ဖုံးနေရတာထက်စာရင် လေ့ကျင့်ခန်းလုပ်ပြီး သဘာဝအတိုင်းအသားအရေလေးက ပိုသာပါတယ်။

၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားပါ


ဆားပါဝင်မှုများတဲ့အစားအစာတွေ၊ အဆီအဆိမ့်များတဲ့အစားအစာတွေနဲ့ အချိုများတဲ့အစားအစာတွေကို ရှောင်ပေးပါ။ ရေများများသောက်ပါ။ အသီးအရွက်များများစားပေးပါ။ အသက် ၂၀ ကျော်လာတာနဲ့အမျှ ကိုယ်စားတဲ့အစားအသောက်ကဘာလဲ အမြဲဂရုစိုက်ကြည့်သင့်ပါတယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ


လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုလျှော့ချပေးသလို တခြားနည်း်လမ်းတွေနဲ့လည်း လျှော့ချပေးပါ။ စိတ်ခံစားချက်တွေကို စာချရေးပါ။ တရားထိုင်ပါ။ ယောဂကျင့်ပါ။ လမ်းလျှောက်ပါ။ တစ်ယောက်တည်းအေးအေးဆေးဆေးနေဖို့အချိန်ပေးပါ။ စိတ်ဖိစီးမှုမများအောင် သတိထားနေပေးပါ။

၄။ Unsaturated Fat ကိုမှီဝဲပါ


အဆီထဲမှာမှ အသားကရတဲ့အဆီကို မစားပါနဲ့။ အပင်က ရတဲ့အဆီ၊ အသီးက ရတဲ့အဆီတွေကို စားပါ။ သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆံ၊ အနက်ရောင်ချောကလက်စတဲ့အဆီတွေကို စားပေးပါ။ အရေးအကြောင်းတွေ သိသိသာသာ လျော့ပါးလာပါလိ့မ်မယ်။

၅။ ဆေးမှီဝဲပါ


ဗီတာမင်ပါဝင်တဲ့ဆေးတွေသောက်ပေးပါ။ ဝိတ်ချဆေးကို မဆိုလိုပါဘူး။ စိတ်ဖိစီးမှုလျှော့ချဖို့ Magnesium ပါဝင်တဲ့ဆေးသောက်နိုင်ပြီး အသားအရေလှဖို့ ငါးကြီးဆီ၊ Omega 3 ပါဝင်တဲ့ဆေးတွေကိုသောက်ပေးပါ။

၆။ ပရိုတင်းမှီဝဲပါ


အသက် ၂၀ အရွယ်က Collagen ဓာတ်ကို ထိန်းသိမ်းရမယ့်အရွယ်ရောက်ပါပြီ။ Collagen က အရေပြားအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ပရိုတင်းဓာတ်က Collagen ကိုပေးစွမ်းနိုင်ပါတယ်။ ဥအမျိုးမျိုး၊ နဲ့ နို့ထွက်ပစ္စည်း တွေကနေ ပရိုတင်းဓာတ်ရရှိနိုင်ပါတယ်။

၇။ ဗီတာမင်အေ


Beta-Carotene လို့ခေါ်တဲ့ဗီတာမင်အေက အသားအရေအတွက်မဖြစ်မနေလိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဗီတာမင်အေပါဝင်တဲ့ အစားအသောက်တွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ ရွှေဖရုံသီးစတာတွေဖြစ်ပါတယ်။

အသက် ၂၀ အရွယ်က အသားအရေကို စဂရုစိုက်ရမယ့် အရွယ်ရောက်နေပါပြီ။ ဒီအချိန်တည်းက ဂရုစိုက်ထားမှ အသက် ၃၀ မှာ အရွယ်တင်ပြီး လှနေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar