ခုနောက်ပိုင်း မောင်လေးနဲ့ မမ ဇာတ်လမ်းတွေ များလာတာသတိထားမှာပါ။ ကောင်လေးတွေက ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းကလေးတွေကို ချစ်မိရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ သင်အသက်အရွယ်ရလာတာနဲ့အမျှ သင့်ထက်ငယ်တဲ့ကောင်လေးတွေ သင့်ဆီ ချဉ်းကပ်လာတာကြုံဖူးမှာပါ။ သင့်ရဲ့ ဆွဲဆောင်မှုက သူတို့အတွက် ဘာကြောင့်ပြင်းအားများတာလဲ ကြည့်လိုက်ရအောင်နော်-

၁။ အတွေးသစ်တစ်ခု

ကိုယ်နဲ့အသက်မတူတဲ့ မိန်းကလေးတစ်ယောက်ကို တွဲကြည့်တာက အတွေ့အကြုံသစ်တစ်ခုကို စမ်းသပ်ကြည့်သလိုပါပဲ။ ယောကျာ်းလေးတွေအနေနဲ့ ကိုယ်နဲ့ သက်တူရွယ်တူမိန်းကလေးတွေနဲ့ ချစ်ကြိုက်ဖူးမှာပါ။ သက်တူရွယ်တူအချင်းချင်းက စိတ်ထားပုံချင်း တွေးပုံချင်း အယူအဆချင်းတူနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းကလေးတွေကတော့ ကိုယ့်အတွက် မတူညီတဲ့ အတွေးတွေ၊ ပိုပျော်ရွှင်ဖို့ ကောင်းတဲ့အရာတွေနဲ့ စွန့်စားခန်းအသစ်လေးတွေ ဆောင်ကျဉ်းလာနိုင်ပါတယ်။

၂။ ဒါစိန်ခေါ်မှုပါပဲ

ယောကျာ်းလေးတွေအနေနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းကလေးတွေကို လိုက်ရတာက လွယ်မနေပါဘူး။ ဘာလို့လဲဆိုတော့ ဒီမိန်းကလေးတွေက သူတို့ထက် ဗဟုသုတပိုများတယ်။ ပညာအရည်အချင်းအတွေ့အကြုံအကုန်သာနေတတ်ပါတယ်။ ဒီအရာကပဲ ယောကျာ်းလေးတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ စိန်ခေါ်မှုကို မကြိုက်တဲ့ ယောကျာ်းလေးရှိလို့လား။

၃။ နောင်ရေးအတွက် စိတ်အေးရတယ်

ကိုယ့်ဘဝကိုယ့်ရည်မှန်းချက်နဲ့ ကြိုးစားနေသူကို လူတိုင်းစိတ်ဝင်စားပါတယ်။ အသက်ကြီးတဲ့မိန်းကလေးတွေက အလုပ်ကိုယ်စီနဲ့ နေသားတစ်ကျဖြစ်နေပါပြီ။ အသက်ငယ်တဲ့ကောင်လေးတွေကတော့ ဒီလိုဖြစ်ချင်မှ ဖြစ်ဦးမှာပါ။ ဒီတော့ နောင်ရေးစိတ်အေးရမယ့် ကိစ္စမျိုးပဲ သူတို့ကြံရွယ်တော့မှာပါ။ ဒီလိုပြောလိုက်လို့ မိန်းမလုပ်စာထိုင်စားမယ့်လူတွေလို့ မဆိုလိုပါဘူး။ နှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက် စိတ်အေးတာမျိုးကို ဆိုလိုပါတယ်။

၎။ ရည်မှန်းချက်ပြတ်ပြတ်သားသားရှိတယ်

အသက်ကြီးတဲ့ မိန်းကလေးတွေက တွဲခဲ့ဖူးသူတွေရှိမှာပါ။ သူဘယ်လိုပုံစံကြိုက်လဲ ဘယ်လိုလူက သူ့အတွက် ပိုအဆင်ပြေမလဲ သိနေပါပြီ။ ကိုယ့်အကြောင်းကိုယ်လေ့လာဖို့ အသက်ကြီးသူတွေမှာ အချိန်ရှိပါတယ်။ ဒီလိုဆန္ဒတွေ ရည်မှန်းချက်တွေ တိတိကျကျသိနေတဲ့ မိန်းကလေးမျိုးကို ယောကျာ်းလေးတွေနှစ်သက်တာ မဆန်းပါဘူး။

၅။ အတွေ့အကြုံများတယ်

အသက်ကြီးတဲ့ မမ တွေက ကောင်လေးတွေထက် ဗဟုသုတပိုများပါတယ်။ ဒါကြောင့် သူတို့ဆီက သင်ယူစရာ သင်ခန်းစာတွေအများကြီးရှိပါတယ်။ ဘဝတိုးတက်ရေးအတွက်လည်း မမတွေနဲ့ တိုင်ပင်နိုင်ပါတယ်။ ဒါကြောင့် မမတွေကိုစိတ်ဝင်စားကြတာပါ။

၆။ အများကြီးမပင်ပန်းဘူး

မိန်းကလေးတွေဆိုတာ သူတို့ချစ်သူဆီက ချီးကျူးတာ အသိအမှတ်ပြုတာ ခံချင်ကြပါတယ်။ ဒါပေမဲ့ဒါတွေက စစတွဲချင်းမှာတော့ အသိအမှတ်ပြုခံရမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အနည်းအကျဉ်းပါးလာမှာပါ။ အသက်ကြီးတဲ့ မမတွေကတော့ နဂိုတည်းက သူတို့ကိုယ် ယုံကြည်မှုရှိတယ်။ သူတို့တော်တယ်ဆိုတာ သိနေတော့ အသိအမှတ်ပြုခံရတာမျိုး မရလည်း အဆင်ပြေပါတယ်။ ဒီတော့ ကောင်လေးတွေအနေနဲ့ သိပ်စိတ်မညစ်ရတော့ပါဘူး။

၇။ မမတွေက ရင့်ကျက်တယ်

မမတွေက အသက်ငယ်တဲ့မိန်းကလေးတွေထက် ပိုပြီးရင့်ကျက်နေပါပြီ။ အတည်တကျတွဲချင်တဲ့ ကောင်လေးတွေအနေနဲ့တော့ လေးစားရပြီး ရင့်ကျက်တဲ့ မိန်းကလေးတွေက အဖိုးတန်တဲ့ စိန်တုံးလေးတွေပါပဲ။

Source: Herbeauty.co

By MyStyle Myanmar