(Zawgyi)

၁။ ကိုယ့္ကိုယ္ကိုသိနားလည္ရန္အခြင့္အလမ္းရွိလာျခင္း

အဖြဲ႕အစည္းႏွင့္အလုပ္လုပ္သည့္အခါ သူမ်ားတကာ၏ဆံုးျဖတ္ခ်က္မ်ား၊ အေတြးအေခၚယူဆခ်က္မ်ားေနာက္ကို မွန္မွန္မွားမွား လိုက္နာျပဳလုပ္မိရန္ ရာခိုင္ႏႈန္းမ်ားလွပါတယ္။ သုိ႕ေသာ္လည္း မိမိတစ္ဦးတည္းအခ်ိန္မ်ားတြင္မူ မည္သည့္အေျခအေနျဖစ္ပါေစ မွန္ကန္သည့္ဆံုးျဖတ္ခ်က္မ်ားကို ခ်မွတ္သြားႏိုင္မွာပါ။

၂။ လုပ္ေဆာင္ႏိုင္စြမ္းအား တိုးတက္လာေစျခင္း

လူမူကြန္ယက္မ်ားကိုအသံုးျပဳျခင္းသည္ သင့္အဖိုးတန္ခ်ိန္မ်ားကို အဆံုးစြန္အထိအေႏွာင့္အယွက္ေပးသြားမွာျဖစ္ၿပီး တကိုယ္ေရကာလမ်ားတြင္ အလုပ္အေပၚကို ပိုမိုအာရံုစူးစိုက္ႏိုင္ကာ အခ်ိန္တိုအတြင္း ၿပီးေျမာက္ေစႏိုင္ပါတယ္။

၃။ မိမိအားမည္သည့္အရာက ေပ်ာ္ရႊင္မႈေပးစြမ္းႏိုင္သလဲဆိုတာကို နားလည္ခြင့္ရလာျခင္း

အျခားသူမ်ားႏွင့္ ပူးေပါင္းလုပ္ကိုင္ရသည့္အခ်ိန္မ်ားတြင္ မိမိစိတ္တိုင္းမက်မႈမ်ားရွိေသာ္လည္း ျငင္းဆန္ခြင့္မရဘဲ လုပ္ေဆာင္ေပးရႏိုင္ပါတယ္။ သို႕ရာတြင္ တစ္ဦးတည္းအခ်ိန္မ်ားတြင္ေတာ့ မိမိဘာလုပ္မည္ဆိုတာကို ကိုယ္ကိုယ္တိုင္ဆံုးျဖတ္ခြင့္ရွိလာသည့္အတြက္ အျခားသူမ်ားစိတ္တိုင္းက် လုပ္ေဆာင္ေပးေနစရာမလိုဘဲ ကိုယ္စိတ္တိုင္းက်ျပဳလုပ္ႏိုင္ေသာေႀကာင့္ အႏႈိင္းမဲ့ေပ်ာ္ရႊင္မႈကို ရရွိႏိုင္မွာျဖစ္ပါတယ္။

၄။ လူအမ်ားႏွင့္ေပါင္းသင္းဆက္ဆံေရးကို တိုးျမွင့္ႏိုင္ျခင္း

မိမိတစ္ေယာက္တည္းအခ်ိန္ကုန္ဆံုးတာ ႀကာလာသည္ႏွင့္အမွ် အျခားသူမ်ားႏွင့္ ေပါင္းသင္းဆက္ဆံရသည္မွာ အင္မတန္ကိုစိတ္ႀကည္ႏူးေပ်ာ္ရႊင္စရာေကာင္းလာပါတယ္။ သူတစ္ပါးအေပၚေက်းဇူးတင္တတ္သည့္ အေတြးအျမင္အသစ္ကို ျဖစ္ေပၚလာေစကာ အရွိကိုအရွိအတိုင္း လက္ခံလာေစႏိုင္မွာပါ။

၅။ လြတ္လပ္ေပါ့ပါးသည့္ခံစားခ်က္ကို ေပးစြမ္းႏိုင္ျခင္း

တခါတရံ အခ်ိဳ႕ကိစၥမ်ားကို ဆံုးျဖတ္ခ်က္ခ်ရန္အတြက္ မိသားစု၀င္မ်ား၊ သူငယ္ခ်င္းမ်ား အစရွိသူမ်ားထံမွ ခြင့္ေတာင္းခံရမည့္ အခ်ိန္မ်ားရွိပါတယ္။ သုိ႕ေသာ္လည္း ခ်က္ခ်င္းဆိုသလို တသီးတျခားစဥ္းစားဆံုးျဖတ္ရမည့္ အခ်ိန္မ်ားကိုလည္းမေမ့ပါႏွင့္။ ကိုယ္တစ္ဦးတည္းသီးျခားေနလာခဲ့သည့္အခ်ိန္မ်ားက ထိုအခါမ်ားတြင္ မ်ားစြာအေထာက္အကူေပးလာႏုိင္ပါတယ္။

၆။ မိမိကိုယ္ကိုယံုႀကည္မႈရွိလာျခင္း

တစ္ဦးတည္းသီးျခားေနတတ္ျခင္းက သင့္အတြက္မည္သည့္အရာက မွန္သည္၊ မွားသည္၊ မည္သည့္အရာမ်ားကို ရယူႏိုင္စြမ္းအားရွိသည္ဆုိတာကို သိျမင္နားလည္လာေစႏိုင္ပါတယ္။ အျခားသူမ်ားႏွင့္ ရွိေနစဥ္အခ်ိန္မ်ားတြင္ သူမ်ားအရိပ္အကဲကိုႀကည့္ေနရသည့္အတြက္ မိမိႏွင့္ပတ္သက္၍ထားရွိသည့္ ယံုႀကည္ခ်က္ကို တျဖည္းျဖည္း နားလည္သေဘာေပါက္လာေစမွာျဖစ္ပါတယ္။

၇။ ေ၀ခြဲမရသည့္ေမးခြန္းမ်ားအတြက္ အေျဖရွိလာႏိုင္ျခင္း

ေလာကရွိ မည္သူမဆို အခ်ိန္ျပည့္ပန္းခင္းလမ္းေပၚေလွ်ာက္လွမ္းခြင့္မရရွိႏိုင္ပါ။ အေရာင္ဆိုးထားသည့္ ေလာကႀကီးကို ျမင္ေတြ႕ႏိုင္ဖုိ႕အေရး တခါတရံ ဘ၀အခက္အခဲမ်ားကို ရင္ဆိုင္ႀကံဳေတြ႕ႏိုင္ပါတယ္။ ထိုသုုိ႕ျဖစ္လာသည့္အခါ ဘ၀တြင္စိတ္အာရံုပ်ံ႕က်ဲလာၿပီး စိတ္ရႈပ္စရာမ်ားျဖစ္ေပၚလာႏိုင္ကာ အေျဖရွာမရျဖစ္လာႏိုင္ပါတယ္။ ထိုေမးခြန္းမ်ားအတြက္ အေျဖတစ္ခုစီသည္ သင့္ထံတြင္သာရွိသည့္အတြက္ တိတ္တဆိတ္ႏွင့္ မိမိစိတ္အတြင္းရွိအသံကို နားေထာင္၍ အေျဖရွာႏိုင္ပါတယ္။

(Unicode)

၁။ ကိုယ့်ကိုယ်ကိုသိနားလည်ရန်အခွင့်အလမ်းရှိလာခြင်း

အဖွဲ့အစည်းနှင့်အလုပ်လုပ်သည့်အခါ သူများတကာ၏ဆုံးဖြတ်ချက်များ၊ အတွေးအခေါ်ယူဆချက်များနောက်ကို မှန်မှန်မှားမှား လိုက်နာပြုလုပ်မိရန် ရာခိုင်နှုန်းများလှပါတယ်။ သို့သော်လည်း မိမိတစ်ဦးတည်းအချိန်များတွင်မူ မည်သည့်အခြေအနေဖြစ်ပါစေ မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်သွားနိုင်မှာပါ။

၂။ လုပ်ဆောင်နိုင်စွမ်းအား တိုးတက်လာစေခြင်း

လူမူကွန်ယက်များကိုအသုံးပြုခြင်းသည် သင့်အဖိုးတန်ချိန်များကို အဆုံးစွန်အထိအနှောင့်အယှက်ပေးသွားမှာဖြစ်ပြီး တကိုယ်ရေကာလများတွင် အလုပ်အပေါ်ကို ပိုမိုအာရုံစူးစိုက်နိုင်ကာ အချိန်တိုအတွင်း ပြီးမြောက်စေနိုင်ပါတယ်။

၃။ မိမိအားမည်သည့်အရာက ပျော်ရွှင်မှုပေးစွမ်းနိုင်သလဲဆိုတာကို နားလည်ခွင့်ရလာခြင်း

အခြားသူများနှင့် ပူးပေါင်းလုပ်ကိုင်ရသည့်အချိန်များတွင် မိမိစိတ်တိုင်းမကျမှုများရှိသော်လည်း ငြင်းဆန်ခွင့်မရဘဲ လုပ်ဆောင်ပေးရနိုင်ပါတယ်။ သို့ရာတွင် တစ်ဦးတည်းအချိန်များတွင်တော့ မိမိဘာလုပ်မည်ဆိုတာကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိလာသည့်အတွက် အခြားသူများစိတ်တိုင်းကျ လုပ်ဆောင်ပေးနေစရာမလိုဘဲ ကိုယ်စိတ်တိုင်းကျပြုလုပ်နိုင်သောကြောင့် အနှိုင်းမဲ့ပျော်ရွှင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

၄။ လူအများနှင့်ပေါင်းသင်းဆက်ဆံရေးကို တိုးမြှင့်နိုင်ခြင်း

မိမိတစ်ယောက်တည်းအချိန်ကုန်ဆုံးတာ ကြာလာသည်နှင့်အမျှ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသည်မှာ အင်မတန်ကိုစိတ်ကြည်နူးပျော်ရွှင်စရာကောင်းလာပါတယ်။ သူတစ်ပါးအပေါ်ကျေးဇူးတင်တတ်သည့် အတွေးအမြင်အသစ်ကို ဖြစ်ပေါ်လာစေကာ အရှိကိုအရှိအတိုင်း လက်ခံလာစေနိုင်မှာပါ။

၅။ လွတ်လပ်ပေါ့ပါးသည့်ခံစားချက်ကို ပေးစွမ်းနိုင်ခြင်း

တခါတရံ အချို့ကိစ္စများကို ဆုံးဖြတ်ချက်ချရန်အတွက် မိသားစုဝင်များ၊ သူငယ်ချင်းများ အစရှိသူများထံမှ ခွင့်တောင်းခံရမည့် အချိန်များရှိပါတယ်။ သို့သော်လည်း ချက်ချင်းဆိုသလို တသီးတခြားစဉ်းစားဆုံးဖြတ်ရမည့် အချိန်များကိုလည်းမမေ့ပါနှင့်။ ကိုယ်တစ်ဦးတည်းသီးခြားနေလာခဲ့သည့်အချိန်များက ထိုအခါများတွင် များစွာအထောက်အကူပေးလာနိုင်ပါတယ်။

၆။ မိမိကိုယ်ကိုယုံကြည်မှုရှိလာခြင်း

တစ်ဦးတည်းသီးခြားနေတတ်ခြင်းက သင့်အတွက်မည်သည့်အရာက မှန်သည်၊ မှားသည်၊ မည်သည့်အရာများကို ရယူနိုင်စွမ်းအားရှိသည်ဆိုတာကို သိမြင်နားလည်လာစေနိုင်ပါတယ်။ အခြားသူများနှင့် ရှိနေစဉ်အချိန်များတွင် သူများအရိပ်အကဲကိုကြည့်နေရသည့်အတွက် မိမိနှင့်ပတ်သက်၍ထားရှိသည့် ယုံကြည်ချက်ကို တဖြည်းဖြည်း နားလည်သဘောပေါက်လာစေမှာဖြစ်ပါတယ်။

၇။ ဝေခွဲမရသည့်မေးခွန်းများအတွက် အဖြေရှိလာနိုင်ခြင်း

လောကရှိ မည်သူမဆို အချိန်ပြည့်ပန်းခင်းလမ်းပေါ်လျှောက်လှမ်းခွင့်မရရှိနိုင်ပါ။ အရောင်ဆိုးထားသည့် လောကကြီးကို မြင်တွေ့နိုင်ဖို့အရေး တခါတရံ ဘဝအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ ထိုသို့ဖြစ်လာသည့်အခါ ဘဝတွင်စိတ်အာရုံပျံ့ကျဲလာပြီး စိတ်ရှုပ်စရာများဖြစ်ပေါ်လာနိုင်ကာ အဖြေရှာမရဖြစ်လာနိုင်ပါတယ်။ ထိုမေးခွန်းများအတွက် အဖြေတစ်ခုစီသည် သင့်ထံတွင်သာရှိသည့်အတွက် တိတ်တဆိတ်နှင့် မိမိစိတ်အတွင်းရှိအသံကို နားထောင်၍ အဖြေရှာနိုင်ပါတယ်။

Featured Image Source: elitedaily.com