[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ ကၽြန္မတို႔ လူငယ္ေတြရဲ႕ ၂၁ ရာစု ဆိုရွယ္၊ လူမႈကြန္ယက္စာမ်က္ႏွာေတြ တိုးတက္လာၿပီးတဲ့ေနာက္ အင္တာနက္ေတြ ျမန္ဆန္တိုးတက္လာတဲ့ေနာက္မွာ အြန္လိုင္းေပၚမွာလည္း ခ်စ္သူရွာေတြ႕လာၾကပါတယ္။

စာဖတ္သူတို႔ထဲမွာလည္း အြန္လိုင္းေပၚမွာ ခ်စ္သူရွာေတြ႕ထားတဲ့သူေတြ ရွိခ်င္လည္းရွိလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

အြန္လိုင္းေပၚကပဲ ေတြ႕ၿပီး တကယ္လက္တြဲသြားတဲ့သူေတြလည္းရွိသလို ၊ အလိမ္ခံရတာေတြလည္း ရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒါေတြဟာ မိမိတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ လြတ္လပ္ခြင့္မို႔ စာေရးသူကေတာ့ အဲဒီအေပၚမွာ ဘာမွမေဝဖန္လိုပါဘူး။ ဒါေပမယ့္ ဒီအႀကံျပဳခ်က္ (၇)ခ်က္ေလးကိုေတာ့ မွ်ေဝေပးလိုက္ခ်င္ပါတယ္ေနာ္။

၁။ မေလာပါနဲ႔

ခ်စ္သူျဖစ္သြားၾကၿပီဆိုတာနဲ႔ ခ်စ္သြားၿပီဆိုတာနဲ႔ သာယာတဲ့ မိသားစုတစ္ခုကို သူနဲ႔ပဲတည္ေထာင္လိုက္ေတာ့မယ္ဆိုတဲ့ အေတြးမထားပါနဲ႔။ တကယ္အျပင္မွာ ေတြ႕ၾကည့္ ဒိတ္လုပ္ၾကည့္ၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္သိဖို႔လိုပါတယ္။

၂။ မွန္ကန္တဲ့ပံုကိုေရြးခ်ယ္ၿပီးတင္ပါ

ကိုယ့္ရဲ႕ ဓာတ္ပံုကို အင္တာနက္ေပၚတင္တဲ့အခါ အရမ္း Sexy ျဖစ္တာမ်ိဳး မတင္ေစခ်င္ပါဘူး။ တစ္ဖက္က ကိုယ့္အေၾကာင္းလည္းမသိ၊ ကိုယ့္ကိုလည္း မျမင္ဖူးတဲ့ ကိုယ့္ခ်စ္သူဆိုသူက ကိုယ့္အေပၚ မျမင္တစ္မ်ိဳးျဖစ္ေစမယ္ဆိုတာ မေမ့ေစခ်င္ပါဘူး။

၃။ သူေျပာသမွ်အားလံုး အမွန္လို႔ မယံုၾကည္လိုက္ပါနဲ႕

သူကိုယ့္ကိုေျပာသမွ်ေတြအားလံုးကို အမွန္လို႔ မယံုၾကည္လိုက္ေစခ်င္ပါဘူး။ အနားမွာရွိၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေနတဲ့သူေတြေတာင္ ကိုယ့္ကို ၁၀၀% အမွန္ေတြေျပာတတ္တာမဟုတ္လို႔ သူေျပာသမွ် အားလံုး အမွန္လို႔ မယံုၾကည္လိုက္ပါနဲ႔ေနာ္။

၄။ သူနဲ႔ေတြ႕ဖို႔ပဲ တကူးတက သူရွိတဲ့ၿမိဳ႕ကို မသြားပါနဲ႔

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြပါပဲ။ ကိုယ္တခါမွမေရာက္ဖူးတဲ့ သူ႔ၿမိဳ႕ကို သူတစ္ေယာက္တည္းကို သြားေတြ႔မယ္ဆိုတ့ဲ စိတ္နဲ႔ မသြားပါနဲ႔။ ကိုယ္မသိတဲ့ေနရာ တကယ္လို႔ သူက ကိုယ့္ကိုလိမ္ေနခဲ့ရင္၊ ကိုယ့္ကိုလာမႀကိဳခဲ့ရင္၊ အဖတ္မလုပ္ခဲ့ရင္ စတဲ့ ျဖစ္လာမယ့္အရာကို ႀကိဳေတြးထားပါ။

ဒါ့ေၾကာင့္ ကိုယ္အရင္ခရီးသြားသလိုပဲ ပံုမွန္ အေပ်ာ္သြားခရီးတစ္ခု စီစဥ္ၿပီးမွ သြားေတြ႕တာအေကာင္းဆံုးပါပဲ။

၅။ သူနဲ႔မေတြ႕ခင္ သူ႕အေၾကာင္းေသခ်ာသိႏွင့္ေနပါေစ

သူနဲ႔ေတြ႕မယ္လို႔ မဆံုးျဖတ္ခင္မွာ သူ႕အေၾကာင္းတခ်ိဳ႕ကို ေသခ်ာေလး ပိုင္ပိုင္ႏိုင္ႏိုင္ သိႏွင့္ၿပီးသားျဖစ္သင့္ပါတယ္။ အဲဒါမွ ေတြ႕ဖို႔ စဥ္းစားပါ။

၆။ ေမးခြန္းေမးရမွာမေၾကာက္ပါနဲ႔

သူ႔ကိုေမးခြန္းေမးရမွာ မေၾကာက္ပါနဲ႔၊ မတြန္႔ဆုတ္ပါနဲ႔လို႔ အႀကံျပဳခ်င္ပါတယ္ေနာ္။

၇။ ေတြ႕ၿပီးေနာက္ပိုင္း အဆင္မေျပရင္လည္း ျငင္းလိုက္ပါ

ကိုယ္နဲ႔ သူအျပင္မွာေတြ႕ၿပီးေနာက္ပိုင္း အဆင္မေျပဘူးဆိုရင္လည္း ေအးေဆးျငင္းလိုက္ပါ။ သူနဲ႔ပတ္သက္လို႔ စိတ္ထဲမွာ အရမ္း Serious (အေလးအနက္) ႀကီးမထားေစခ်င္ပါဘူး။

Source: www.brightside.me

By: MyStyle Myanmar

[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့ လူငယ်တွေရဲ့ ၂၁ ရာစု ဆိုရှယ်၊ လူမှုကွန်ယက်စာမျက်နှာတွေ တိုးတက်လာပြီးတဲ့နောက် အင်တာနက်တွေ မြန်ဆန်တိုးတက်လာတဲ့နောက်မှာ အွန်လိုင်းပေါ်မှာလည်း ချစ်သူရှာတွေ့လာကြပါတယ်။

စာဖတ်သူတို့ထဲမှာလည်း အွန်လိုင်းပေါ်မှာ ချစ်သူရှာတွေ့ထားတဲ့သူတွေ ရှိချင်လည်းရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အွန်လိုင်းပေါ်ကပဲ တွေ့ပြီး တကယ်လက်တွဲသွားတဲ့သူတွေလည်းရှိသလို ၊ အလိမ်ခံရတာတွေလည်း ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါတွေဟာ မိမိတစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်မို့ စာရေးသူကတော့ အဲဒီအပေါ်မှာ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ဒီအကြံပြုချက် (၇)ချက်လေးကိုတော့ မျှဝေပေးလိုက်ချင်ပါတယ်နော်။

၁။ မလောပါနဲ့

ချစ်သူဖြစ်သွားကြပြီဆိုတာနဲ့ ချစ်သွားပြီဆိုတာနဲ့ သာယာတဲ့ မိသားစုတစ်ခုကို သူနဲ့ပဲတည်ထောင်လိုက်တော့မယ်ဆိုတဲ့ အတွေးမထားပါနဲ့။ တကယ်အပြင်မှာ တွေ့ကြည့် ဒိတ်လုပ်ကြည့်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့လိုပါတယ်။

၂။ မှန်ကန်တဲ့ပုံကိုရွေးချယ်ပြီးတင်ပါ

ကိုယ့်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေါ်တင်တဲ့အခါ အရမ်း Sexy ဖြစ်တာမျိုး မတင်စေချင်ပါဘူး။ တစ်ဖက်က ကိုယ့်အကြောင်းလည်းမသိ၊ ကိုယ့်ကိုလည်း မမြင်ဖူးတဲ့ ကိုယ့်ချစ်သူဆိုသူက ကိုယ့်အပေါ် မမြင်တစ်မျိုးဖြစ်စေမယ်ဆိုတာ မမေ့စေချင်ပါဘူး။

၃။ သူပြောသမျှအားလုံး အမှန်လို့ မယုံကြည်လိုက်ပါနဲ့

သူကိုယ့်ကိုပြောသမျှတွေအားလုံးကို အမှန်လို့ မယုံကြည်လိုက်စေချင်ပါဘူး။ အနားမှာရှိပြီး တစ်ယောက်အကြောင်းတစ်ယောက်သိနေတဲ့သူတွေတောင် ကိုယ့်ကို ၁၀၀% အမှန်တွေပြောတတ်တာမဟုတ်လို့ သူပြောသမျှ အားလုံး အမှန်လို့ မယုံကြည်လိုက်ပါနဲ့နော်။

၄။ သူနဲ့တွေ့ဖို့ပဲ တကူးတက သူရှိတဲ့မြို့ကို မသွားပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ ကိုယ်တခါမှမရောက်ဖူးတဲ့ သူ့မြို့ကို သူတစ်ယောက်တည်းကို သွားတွေ့မယ်ဆိုတဲ့ စိတ်နဲ့ မသွားပါနဲ့။ ကိုယ်မသိတဲ့နေရာ တကယ်လို့ သူက ကိုယ့်ကိုလိမ်နေခဲ့ရင်၊ ကိုယ့်ကိုလာမကြိုခဲ့ရင်၊ အဖတ်မလုပ်ခဲ့ရင် စတဲ့ ဖြစ်လာမယ့်အရာကို ကြိုတွေးထားပါ။

ဒါ့ကြောင့် ကိုယ်အရင်ခရီးသွားသလိုပဲ ပုံမှန် အပျော်သွားခရီးတစ်ခု စီစဉ်ပြီးမှ သွားတွေ့တာအကောင်းဆုံးပါပဲ။

၅။ သူနဲ့မတွေ့ခင် သူ့အကြောင်းသေချာသိနှင့်နေပါစေ

သူနဲ့တွေ့မယ်လို့ မဆုံးဖြတ်ခင်မှာ သူ့အကြောင်းတချို့ကို သေချာလေး ပိုင်ပိုင်နိုင်နိုင် သိနှင့်ပြီးသားဖြစ်သင့်ပါတယ်။ အဲဒါမှ တွေ့ဖို့ စဉ်းစားပါ။

၆။ မေးခွန်းမေးရမှာမကြောက်ပါနဲ့

သူ့ကိုမေးခွန်းမေးရမှာ မကြောက်ပါနဲ့၊ မတွန့်ဆုတ်ပါနဲ့လို့ အကြံပြုချင်ပါတယ်နော်။

၇။ တွေ့ပြီးနောက်ပိုင်း အဆင်မပြေရင်လည်း ငြင်းလိုက်ပါ

ကိုယ်နဲ့ သူအပြင်မှာတွေ့ပြီးနောက်ပိုင်း အဆင်မပြေဘူးဆိုရင်လည်း အေးဆေးငြင်းလိုက်ပါ။ သူနဲ့ပတ်သက်လို့ စိတ်ထဲမှာ အရမ်း Serious (အလေးအနက်) ကြီးမထားစေချင်ပါဘူး။

Source: www.brightside.me

By: MyStyle Myanmar