(Zawgyi Version)
၅။ တစ်နေ့တစ်လှမ်း
(Unicode Version)
မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဒီအကြောင်းအရာကတော့ လက်ရှိစိတ်ဓာတ်ကျနေတဲ့သင့်အတွက်ရည်ရွယ်ပါတယ်။ စိတ်ဓာတ်ကျလို့ရပါတယ်။ ဒါပေမဲ့ ကျနေတဲ့စိတ်ဓာတ်ကို ပြန်မြှင့်တင်ဖို့လည်းလိုအပ်ပါတယ်။ အောက်မှာပြောထားတဲ့အကြောင်းအရာတွေကတော့ လမ်းပျောက်မှောင်မိုက်နေတဲ့သင့်စိတ်ကို အလင်းပြန်ပြပေးနိုင်မှာပါ။
၁။ ကိုယ့်ကိုကိုယ်ရင်းနှီးမြှုပ်နှံပါ
ကိုယ့်ရဲ့ကျန်းမာရေးအတွက် အသီးအရွက်တွေစားပေးတာက ရင်းနှီးမြှုပ်နှံမှုပါပဲ။ စာအုပ်တွေဝယ်ဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ သင်တန်းတွေတက်တာစတာတွေကလည်း သင့်အနာဂတ်အတွက် အထောက်အကူဖြစ်စေတဲ့ရင်းနှီးမြှုပ်နှံမှုတွေပါ။
၂။ သင့်ကိုယ်သင်ပြိုင်ပါ
မနေ့က ငါထက် ဒီနေ့ ငါပိုတော်ရမယ်ဆိုတဲ့ ခံယူချက်ထားပါ။ မနေ့ကထက် အလုပ်တွေပိုလုပ်ပါ။ တခြားပြင်ပအကြောင်းအရာတွေမစဉ်းစားနေဘဲ ကိုယ့်ကိုကိုယ်အာရုံစိုက်ပါ။ သူများတွေနဲ့ နှိုင်းယှဉ်ပြီးမပြိုင်ပါနဲ့။ သင့်ကိုယ်သင်ပြိုင်တာက စိတ်နှလုံးအေးစေပါတယ်။
၃။ လူအသစ်ပတ်ဝန်းကျင်အသစ်နဲ့မိတ်ဆက်ပါ
ကိုယ့််အိမ်မှာပဲ အိမ်တွင်းပုန်းမနေဘဲ အပြင်လောကနဲ့ထိတွေ့ပါ။ မိတ်ဆွေအသစ်ရတာက သင့်ကို ပိုပြီးစိတ်ခွန်အားပြည့်ဝစေပါတယ်။ သင့်အမြင်ကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
၄။ ကျရှုံးမှုကနေ သင်ယူပါ
အောင်မြင်တဲ့သူတိုင်းကျရှုံးဖူးပါတယ်။ သင်လိုချင်တဲ့အရာတစ်ခုကို အမြဲမရနိုင်ပါဘူး။ ကျရှုံးမှုကနေ သင်ခန်းစာယူပြီး နောက်မဖြစ်ရအောင် ကြိုးစားကြည့်ပါ။
၅။ တစ်နေ့တစ်လှမ်း
ဘယ်သူမှ ပညာတစ်ခုကို တစ်ညတည်းနဲ့မတက်ပါဘူး။ စိတ်ရှည်ပါ။ ပညာအသစ်တွေကို အချိန်ယူပြီးလေ့လာသင်ယူပါ။ ပုံမှန်လေးအချိန်ပေးပြီး ကြိုးစားနေသရွေ့သင်လိုချင်တဲ့အရာကို တစ်နေ့ပိုင်ဆိုင်နိုင်မှာပါ။
၆။ တစ်ရက်လောက်အနားယူတာဘာမှမဖြစ်ပါဘူး
အလုပ်လုပ်နေတဲ့သူတွေကို အဓိကရည်ညွှန်းပါတယ်။ တချို့တွေက အလုပ်မသွားလို့မဖြစ်ဘူး။ ခွင့်ယူလို့မဖြစ်ဘူးဆိုတဲ့အလုပ်ဇောရှိပါတယ်။ ဒီလိုမလုပ်ဘဲ ကိုယ့်ကိုကိုယ်အချိန်ပေးဖို့မမေ့ပါနဲ့။ တစ်ရက်လောက်နားသင့်ရင်နားပါ။
၇။ လက်လွှတ်တတ်အောင်ကြိုးစားပါ
စိတ်ဓာတ်ကျခြင်းက လက်မလွှတ်တတ်တာကြောင့် ဖြစ်တတ်ပါတယ်။ ကိုယ်လုပ်လို့မရတဲ့အရာတစ်ခုကို လက်လွှတ်လိုက်ပါ။ ပြီးခဲ့တဲ့အတိတ်ဟောင်းတွေကို လက်လွှတ်လိုက်ပါ။
Photo Source: Pinterest
By MyStyle Myanmar