သင်ရေဓာတ်ခမ်းခြောက်နေပြီလား။ ရေအလုံအလောက်သောက်ရဲ့လား။ ရေသောက်တာဟာ သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးသလို ရေဓာတ်လုံလောက်မှ သင့်နှလုံးနဲ့ ဦးနှောက်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေသောက်ဖို့ကို ပျင်းနေမယ်ဆိုရင် သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။

သင့်မှာ အခုဖော်ပြမယ့် လက္ခဏာရပ်တွေရှိနေရင် အခုပဲ ရေသောက်လိုက်ပါ။

 နှုတ်ခမ်းသားခြောက်ခြင်း

သင့်နှုတ်ခမ်းသားတွေ ခြောက်နေပြီလား။ ဒါဆိုရင်တော့ ရေများများသောက်သင့်ပါတယ်။ ရေမသောက်ဘူးဆိုရင် နှုတ်ခမ်းသားခြောက်သလို သင့်လည်ချောင်းလည်း ခြောက်သွေ့စေမှာဖြစ်ပါတယ်။

အသားခြောက်ခြင်း

အသားအရေ မွဲခြောက်ခြောက်ကြီးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ရေများများသောက်ဖို့လိုပါတယ်။

ရေငတ်နေခြင်း

တချို့က ရေဆာနေတာ ရေငတ်နေတာကို ရေမသောက်ဘဲ နေလေ့ရှိကြပါတယ်။ ဒီလိုမလုပ်ပါနဲ့။ ရေသောက်လိုက်ပါ။ ညဖက် အရက်သောက်ရင်လည်း ရေဆာတတ်ပါတယ်။ ဒါ့ကြောင့် ရေငတ်နေရင် ရေဆာနေရင်ရေသောက်ပါ။

သင့်မျက်လုံးခြောက်သွေ့ခြင်း

သင့်မျက်လုံး ခြောက်သွေ့ ယားယံနေရင် ရေသောက်ပေးသင့်ပါတယ်။ မျက်လုံးမှာ ရေဓာတ်ခမ်းခြောက်ရင် မျက်ရည်ခမ်းစေတာကြောင့် မျက်လုံးကျန်းမာရေးအတွက်မကောင်းပါဘူး။

 အဆစ်အမြစ်တွေနာတဲ့အခါ

သင့်ရဲ့ အရိုးနုတွေဟာ ရေဓာတ် ၈၀% နဲ့ ဖွဲ့စည်းထားတာပါ။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်ရင် အဆစ်အမြစ် နာကျင်တာမျိုးဖြစ်တတ်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

အမြဲတမ်း ဘာမှမလုပ်ချင်ဘဲ ခြေကုန်လက်ပန်းကျပြီး ပင်ပန်းနွမ်းနယ်သလိုခံစားနေရသလား။ ဒါဆိုရင်တော့ ရေများများသောက်လိုက်ပါ။ ရေဓာတ်ခမ်းခြောက်တာဟာ သွေးလည်ပတ်မှုမကောင်းသလို နှလုံးကျန်းမာရေးအတွက်မကောင်းတာကြောင့် အမြဲတမ်း ပင်ပန်းနွမ်းနယ်စေပါတယ်။

အချိန်အတန်ကြာဖျားခြင်း

ဖျားပြီဆိုရင် တော်ရုံ တန်ရုံနဲ့ မသက်သာဘဲ ရှိနေတတ်လား။ ဒါဆိုရင်တော့ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာရပ်တစ်ခုထဲမှာ အတန်ကြာဖျားတာဟာလည်း ပါဝင်ပါတယ်။ ရေသာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို ထိန်းပေးတာကြောင့် ရေများများသောက်သင့်ပါတယ်။